ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ပွဲ သုံးရက်တိုင်တိုင် စစ်တွေတွင် ကျင်းပ

ပြည်နယ်နေ့အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ပွဲ သုံးရက်တိုင်တိုင် စစ်တွေတွင် ကျင်းပ
by -
နိရဥ္စရာ

နှစ် (၄၀) မြောက် ပတ္တမြားရတု ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အနေဖြင့် ရခိုင်ရိုးရာ ကျင်ပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ သုံးရက်တိုင်တိုင် ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာကျင်ပွဲ ဖွင့်ပွဲ အခမ်းအနားသို့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဦးမောင်မောင်အုန်း တက်ရောက်ခဲ့ပြီး ဆရာ ဦးကျော်ဇံမောင်နှင့် ရပ်မိရပ်ဖ ဦးသာပွင့်အတူ အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

Rakhine-Kyin-11

“ရခိုင်ရိုးရာကျင်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပတော့မှာဖြစ်ပါတယ်။ ၀န်ကြီးချုပ် တစ်ယောက် အနေနဲ့ ခုလို မြင်တွေ့ရတာ အထူး ၀မ်းသာပီတိတွေ ဖြစ်ရပါတယ်”ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားသည်။

ယခုနှစ် ရခိုင်ရိုးရာကျင်ပွဲကို ကျင်သန်အယောက် ၅၀၀ ပါ၀င်ယှဉ်ပြိုင်နေကြပြီး ထိုအထဲတွင်  ရွှေမောင်းတန်း ကျင်သန် ၃၁ ယောက် ပါ၀င်သည်ဟု သိရသည်။

ကျင်ပွဲတွင် မင်္ဂလာကျင်ကို ရွှေမောင်း အလုံး ၁၀ ကျော်အထက် ရရှိသူ ကျင်သန်သုံးတွဲကို ကိုင်ခိုင်းပြီး  ကျင်ပွဲကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

ရွှေမောင်း ၃၉ လုံးပိုင်ရှင် ပုဏ္ဍားကျွန်းမြို့နယ်မှ ကျင်သန်ဦးကျော်ဇောက ကျင်စည်းကမ်းကို တစ်ပြည်နယ်လုံးတွင် တစ်မျိုးတည်းသာသတ်မှတ်လိုကြောင်း၊ ရခိုင်ကျင်လောက ထွန်းကား လာစေရန် မြို့နယ်အလိုက် တာဝန်ရှိသူများက ကျင်သန်များကို ပြုစုပေးစေလိုကြောင်း နိရဥ္စရာ သတင်းဌာနသို့ ပြောကြား သွားသည်။

Most read this week