နှစ် ၃ဝဝ နီးပါးသက်တမ်းရှိ ရှေးဟောင်းကျောက်စာတစ်ချပ် မြောက်ဦးနန်းရာကုန်း မွန်းမံရန် တူးဖေါ်ရာမှ တွေ့ရှိ

နှစ် ၃ဝဝ နီးပါးသက်တမ်းရှိ ရှေးဟောင်းကျောက်စာတစ်ချပ် မြောက်ဦးနန်းရာကုန်း မွန်းမံရန် တူးဖေါ်ရာမှ တွေ့ရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၏ရှေးဟောင်းယဉ်ကျေးမှုမြို့တော်ဖြစ်သော မြောက်ဦးမြို့တွင် နှစ် ၃ဝဝ နီးပါး သက်တမ်းရှိ ရှေး ဟောင်းကျောက်စာ တစ်ချပ်တူးဖော်တွေ့ရှိထားကြောင်း မြောက် ဦးမြို့ ရှေးဟောင်းသုတေသနဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးက အတည်ပြုပြောသည်။

“အဲဒီကျောက်စာ တွေ့ရှိထားတာမှန်ပါတယ်။ လောလောဆယ်တော့ ကျောက်စာက တစ်ပိုင်းတစ်စပဲ ဖြစ်နေတဲ့ အတွက် ဘာမှလုပ်လို့တော့မရပါဘူး။ ဒါပေမယ့် ကျောက်စာကို ကျွန်တော်တို့ဌာနမှာ ထိန်းသိမ်းထားပါတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဇံက ဆိုသည်။

narinjara02

ယခုတွေ့ရှိခဲ့သည့်ကျောက်စာတွင် သက္ကရာဇ် ၁ဝ၇၄ ခုနှစ်ဟုရေးထိုးပါရှိပြီး ကျောက်စာပါစာသားများမှာ ဝိုင်း စက်နေသည့် အတွက် မြောက်ဦးခေတ်တွင်ရေးထိုးခဲ့သည့်ကျောက်စာဟု ကောက်ချက်ချနိုင်ကြောင်း မြို့ခံများက သုံးသပ် ပြောဆိုနေကြသည်။

ယင်းကျောက်စာကို ဒီဇင်ဘာလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းက နန်းရာကုန်းအရှေ့ဘက်ရှိ ကျောက်လှေကားကြီးခြေ ရင်းကိုမွမ်းမံရန် ကျောက်တုံးများအား တူးဖော်ရာတွင် ယခုကဲ့သို့တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံများက ပြောသည်။

“ကျောက်လှေကားကြီးခြေရင်းကိုပြုပြင်ဖို့ တူးတဲ့အခါတွေ့တာပါ”ဟု မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေ အနှစ်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဆိုသည်။

မြို့ခံများ၏အဆိုအရ ကျောက်စာ၏အလျားမှာ ၂ ပေကျော်ခန့်နှင့် အနံမှာလည်း ၂ ပေကျော်ခန့်ရှိကာ ထုထည်မှာ ၅ လက်မခန့်ရှိပြီး ကျောက်စာ၏ ၄၅ ရာခိုင်နှုန်းမှာပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါကျောက်စာတွင် စာကြောင်းရေ ၁၈ ကြောင်းထွင်းထုရေးသားထားသည်ကိုသာတွေ့ရှိရပြီး ယင်းစာ ကြောင်းများတွင် “သက္ကရာဇ် ၈၇၄ ခုနတ်တော်လပြည့်ကျော်”ဟု အစချီကာ “ရွှေနန်းရှင် ဘဝသျှင်

စန္ဒဝိဇယ”၊ “နိုင်ငံတော်သားအနက် လူတို့တွင် မွှေဓာတ်တော်ရုပ်တုတော်တို့ကိုဖျက်ဆီးလတ်သှည်”၊ “အရပ်ရပ်တိုင်း သောင်းကျမ်းသော” စသည့် စာသားများပါဝင်နေသည်ကိုတွေ့ရှိရကြောင်း ဒေသခံများက ဆိုသည်။

“သက္ကရာဇ် ၁ဝဝဝ ကျော်နောက်ပိုင်းမှာက ရခိုင်ထီးနန်းပျက်သုဉ်းစပြုနေပြီလေ။ အဲဒီအချိန်က ရခိုင်ဘုရင် စန္ဒ ဝိဇယရာဇာက တိုင်းပြည်ရဲ့ မငြိမ်မသက်ဖြစ်နေပြီဖြစ်တဲ့အခြေအနေတွေကို အခုလို ကျောက်စာ ရေးထိုး ခဲ့ဟန်တူပါတယ်” ဟု မြောက်ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး အဖွဲ့မှ အတွင်းရေးမှူး ဦးမောင်သိန်းလှိုင်က မှတ်ချက် ပြုပြောသည်။

Most read this week