နိရဥ္စရာဂျာနယ် စတင်ထုတ်ဝေပြီ

နိရဥ္စရာဂျာနယ် စတင်ထုတ်ဝေပြီ
by -
နိရဥ္စရာ

ပြည်ပတွင် (၁၀) နှစ်ကျော်ကြာရပ်တည်လာခဲ့သော နိရဥ္စရာသတင်းဌာန အနေဖြင့် ပြည်တွင်း ၀င်ရောက်ပြီး (၁၀) လအကြာ ပထမဆုံးဂျာနယ်ကို ယနေ့ ရန်ကုန်မြို့တွင် စတင် ထုတ်ဝေ ဖြန့်ချီလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးတွင် နိရဥ္စရာ ရခိုင်သတင်းဂျာနယ်အား ဒီဇင်ဘာလ ၁၅ ရက်နေ့ ရခိုင်ပြည်နယ်နေ့တွင်  ၈၈ မျိုးဆက်များ ဖွံ့ဖြိုးရေး အဖွဲ့မှ တာဝန်ယူ ဖြန့်ချီသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တွင် ရခိုင်အမျိုးသား လူမှုကယ်ဆယ်ရေး အဖွဲ့မှ တာဝန်ယူ ဖြန့်ချီမည် ဖြစ်သည်။

Narinjara-Vol-1-No-1-Design-Cover

နိရဥ္စရာဂျာနယ်တွင် ဆရာဇင်လင်း၊ ဇော်မင်း၊ ညီညီထွေး (နယ်သာလန်) ၊ ဦးသိန်းမောင်၊ တင့်ဇော်၊  ဘုန်းစည်သူ၊ လူသာကျော် (ရခိုင်)၊ ပုဏ္ဍား( ၀ရာဇ်မြီ) တို့ ဆောင်းပါးများ အပြင် ကိုဓညလင်း၏ အန္ဒမန်-နီကိုဘာ (ခေါ်) ကပ္ပလီကျွန်းမှ ပေးစာ၊ လူငယ် ပန်းချီဆရာ ကောင်းကျော်ထင်နှင့် ရခိုင်နိုင်ငံရေး ၀ါရင့်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးဦးလှစောတို့၏ အင်တာဗျူးများကိုလည်း ဖေါ်ပြထားသည်။

စာမျက်နာ ၃၆ မျက်နာ ပါရှိသော နိရဥ္စရာ သတင်းဂျာနယ်တွင် ဆောင်းပါးများ၊ အင်တာဗျူးများ အပြင် ရခိုင်ပြည်နယ်တွင် လတ်တလော ဖြစ်ပျက်ခဲ့သော သတင်းများကိုလည်း ဖေါ်ပြထားသည်။

ဂျာနယ်တွင် ကဏ္ဍစုံပါ၀င်ပြီး ရခိုင် သတင်းများအပြင် သုတ၊ ရသ နှစ်ဖြာသော အကျိုးကို ရရှိစေမည့် ဆာင်းပါးများကို တဝကြီး ဖတ်ရှု့ရမည်ဂျာနယ် တစ်စောင် ဖြစ်သည်။

Most read this week