တိုင်းရင်းသားဒေသများရှိ မိဘမဲ့ကလေးများအတွက် ရံပုံငွေတေးဂီတပွဲ ပြုလုပ်မည်

တိုင်းရင်းသားဒေသများရှိ မိဘမဲ့ကလေးများအတွက် ရံပုံငွေတေးဂီတပွဲ ပြုလုပ်မည်
by -
နိရဥ္စရာ

တိုင်းရင်းသားဒေသများရှိ အကူအညီမဲ့နေသော မိဘမဲ့ကလေးများအားကူညီရန် ရန်ပုံငွေရှာဖွေမည့် တေးဂီတ ဖျော်ဖြေပွဲတစ်ခုအား ရန်ကုန်မြို့တွင် ဒီဇင်ဘာလ ၁ဝ ရက်နေ့ပြုလုပ်သွားမည်ဟု သိရသည်။

“စန္ဒြားနှလုံးသား ဂီတအား”အမည်ရှိ အဆိုပါဖျော်ဖြေပွဲကို ယနေ့ ညနေ ၆ နာရီမှစတင်ကာ ရန်ကုန်မြို့ရှိ ကန်တော်ကြီး မျှော်စင်ကျွန်း၌ ပြုလုပ်သွားမည်ဖြစ်သည်။

concert-2

အဆိုပါပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ရွှေလုပ်ငန်းဆိုင်ရာအလုပ်သမားအဖွဲ့အစည်း ကဦင်္းဆောင် ကျင်းပခြင်းဖြစ်ပြီး ရရှိလာသည့်အကျိုးအမြတ်များကို ရန်ကုန်အပါအဝင် တိုင်းရင်းသားဒေသများရှိ အကူအညီ မဲ့နေသူ များအား လှူဒါန်းသွားမည်ဟု သိရသည်။

“ရလာမယ့်အကျိုးအမြတ်တွေကို မောင်တောဒေသမှာရှိတဲ့ အရေးအခင်းကာလတုန်းက အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြရ တဲ့ဒေသခံတိုင်းရင်းသားတွေအပါအဝင် ရန်ကုန်နဲ့ တစ်ခြားတိုင်းရင်းသားဒေသက အကူအညီလိုအပ်နေကြတဲ့သူတွေကို ကျွန်တော်တို့လှူဒါန်းသွားမှာပါ” ဟု တာမွေမြို့နယ်၊ ရွှေလုပ်ငန်းဆိုင်ရာ အလုပ်သမားအဖွဲ့ ဥက္ကဋ္ဌက ပြောသည်။

အဆိုပါပွဲတွင် ရခိုင်တေးသံရှင်များဖြစ်ကြသော ဝင်းကိုခိုင်၊ ညီမင်းခိုင်၊ ဒိုးအ်ရီ၊ ကိုကိုနိုင်(ဗျာလ)၊ စိုးလေး၊ အောင်ထူး၊ ဆူးသျှားသဇင်၊ မိချောနှင့် သန်းသန်းစိုးအပါအဝင် အခြားရခိုင်တေးသံရှင်စုစုပေါင်း ၁၂ ဦးက ပါဝင်ဖျော်ဖြေ သွားကြမည်ဖြစ်သည်။

ပွဲအတွက်လက်မှတ်တစ်စောင်ကို ကျပ် ၅ ထောင်သတ်မှတ်ထားပြီး လက်မှတ်ဝယ်ယူလိုသူများအနေဖြင့် ဖုန်း – ဝ၉၄၇ဝ၆၃၄၈၅၊ ဝ၉၄၂၅၂၉၅၄၄ဝ၊ ဝ၉၇၃၁၁၂၆ဝ၂၊ ဝ၉၄၃ဝ၆၉၉၉၂ ထံသို့ ဆက်သွယ်နိုင်သည်။

Most read this week