ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ရသေ့တောင်မြို့နယ်တွင် ရေကန်များ အခမဲ့တူးဖေါ်ပေး

ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ရသေ့တောင်မြို့နယ်တွင် ရေကန်များ အခမဲ့တူးဖေါ်ပေး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယူကမ်း ဒေသတွင် သန်းနိုင်နှင့် မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီမှ ရေကန်များကို မြေတူးစက်ကြီးများဖြင့် အခမဲ့ တူးဖေါ်ပေးနေသည်ဟု ကုမ္ပဏီပိုင်ရှင်ထံမှ သိရသည်။

ယခုလက်ရှိ တူးဖေါ်ပြီးစီးသွားသော ကန်များမှာ  ရသေ့တောင်မြို့နယ် အနောက်ဘက် မေယူကမ်း ဒေသရှိ နော်ဝေ၊ ပြင်ရှည်၊ ပိတောက်မြိုင်၊ သဇင်မြိုင်တို့တွင် ဖြစ်ကြောင်း ကုမ္ပဏီပိုင်ရှင် ဦးသန်းနိုင်က ပြောသည်။

narinjara1101

နောက်ထပ် တူးဖေါ်မည့် ကန် ၅ ကန်ရှိပြီး  တူးဖေါ်ပေးမည့် ကျေးရွာများမှာ သစ်ကတိုး၊ ဗောဓိကုန်း၊ အောင်ဆိပ်၊ ဆင်ပိုက် စသည့် ကျေးရွာများ ဖြစ်ကြသည်။ ကန်များကို အခမဲ့ ကူညီတူးဖေါ်ပေးနေခြင်းမှာ ဒေသဖွံ့ဖြိုးရေးကို ရည်ရွယ်၍ လုပ်ဆောင်ပေးခြင်း ဖြစ်သည်ဟု သူက ဆိုသည်။

ပိတောက်မြိုင် နတလကျေးရွာ ကြီးကြပ်ရေးမှူး ဦးစံသာကျော်ကလည်း ယခုလို ကျေးရွာသားများမှ ငွေကြေး တစ်ပြား တစ်ချပ်မှ ထည့်ဝင်စရာ မလိုဘဲ သောက်ရေကန်များကို စက်ကြီးများဖြင့် တူးဖေါ်ပေးသဖြင့် အထူး ကျေးဇူးတင် ၀င်မြောက်ကြောင်း ပြောဆိုသည်။

ဦးသန်းနိုင်နှင့် မိသားစု ဆောက်လုပ်ရေး ကုမ္ပဏီသည် ရသေ့တောင်မြို့နယ် မယူကမ်း သံချောင်း ကျေးရွာမှ ဘူးသီးတောင်မြို့နယ် အစ သဇင်မြိုင် နတလ စံပြကျေးရွာ ထိ (၁၉ ) ရှည်လျားသော လမ်းကြမ်းကို ဖေါက်လုပ်နေစဉ် ကျေးရွာများတွင် လိုအပ်နေသော သောက်ရေကန်များကို စက်ကြီးများဖြင့် အခမဲ့ ကူညီ တူးဖေါ်ပေးနေကြောင်း သိရသည်။

Most read this week