နတ်တော်လပြည့်နေ့ ဆံတော်ရှင်စေတီတော်အား ဆီမီး ၁၀၀၀ ဖြင့်ပူဇော်

နတ်တော်လပြည့်နေ့ ဆံတော်ရှင်စေတီတော်အား ဆီမီး ၁၀၀၀ ဖြင့်ပူဇော်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင် ကျင်းပခဲ့သော ဆံတော်ရှင်ဘုရားပွဲတော်တွင် နတ်တော်လပြည့်နေ့ ည ၉ နာရီက ဆံတော်ရှင် စေတီတော်အား ဆီးမီး ၁၀၀၀ ဖြင့် ပူဇော်ခဲ့ကြသည်။

ယင်းသို့ပူဇော်ပြီးနောက်  ရေစက်ချစဉ် ဆံတော်ရှင်စေတီတော်မှ ဓါတ်တောက်ခဲ့သည်ဟု ယင်းပွဲတော် ဂေါပက လူကြီးတစ်ဦး၏ ဓါတ်ပုံမှတ်တမ်းအရသိရှိသည်။

San-5-2

“ ဓါတ်တောက်တယ်လို့ အဘွားတစ်ဦးကပြောတော့ ကျွန်တော်ဓါတ်ပုံမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဓါတ်တောက်တာက ဆီးမီးပူဇော်ပွဲအပြီး ရေစက်ချစဉ် ည ၁၀ နာရီကျော်ကျော်လောက်မှာ ဖြစ်ပါတယ်”ဟု ယင်းပွဲတော်ကျင်းပရေး ဂေါပကလူကြီးတစ်ဦးက သူ့ဓါတ်ပုံမှတ်တမ်းကိုပြကာ နိရဥ္စသတင်းဌာနသို့ ပြောသည်။

နောက်ဂေါပကလူကြီးတစ်ဦးဖြစ်သူ ပေါက်တောမြို့နယ် တောင်ပုတ်ကေ ကျေးရွာမှ ဦးသာထွန်းအောင်က လည်း ယခုနှစ်ပွဲတော်သည် ယခင်နှစ်များထက်စည်ကားပြီး အလှူငွေများလည်း ယခင်နှစ်များထက်ရရှိခဲ့ သည်ဟု ပြောသည်။

 “ပွဲတော်က ယခင်နှစ်များထက်စည်ကားပါတယ်။ ၀န်ကြီးချုပ်၊ ၀န်ကြီးများနဲ့ အစိုးရဝန်ထမ်းအရာများကိုယ်တိုင် ပွဲအစနေ့က ဖွင့်လိုက်ပေးခဲ့ပါတယ်။ ဒီပွဲတော်ရက်အတွင်း ဘုရားဖူးသူ လူတစ်သိန်းရှိလိမ့်မယ်လို့ ခန့်မှန်ရပါတယ်။ အလှူငွေက ဒီနေ့ (၆) ရက်နေ့ထိ အလှူငွေဟာ သိန်းသုံးရာကျော်ပါပြီ” ဟု သူက ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းမှ ပွဲတော်ဖြစ်မြောက်ရေးအတွက် အလှူငွေ သိန်း ၅၀ နှင့် ပွဲတော်ရက်များအတွင်း ရဟန်းသံဃာများနှင့် သီလရှင်များဆွမ်းအတွက် သိန်း ၂၀ စုစုပေါင်း သိန်း ရ၀ လှူဒါန်းခဲ့သည်ဟု သိရသည်။

တောင်ကုတ်မြို့နယ် တမ်းလွဲ (ရွာမ) ကျေးရွာမှ အသက် ၅၂ ရှိ ဦးချမ်းမြ၊ ကလောင်နာမည် (မောင်ချစ်အောင်) ကလည်း သူ့ဘဝမှာ ဆံတော်ရှင်သို့ ပထမဆုံးအကြိမ် လာရောက်ဖူးမျှော်ခြင်း ဖြစ်သည်ဟု ဆိုသည်။

 “ကျွန်တော် အသက် ၅၂ နှစ်ရှိပါပြီ ပထမဆုံးအကြိမ် လာရောက်ဖူးမျှော်ခြင်းဖြစ်ပါတယ်။ မိသားစုထဲကတော့ တစ်ချို့လာရောက်ဖူးမျှော်ဖူးကြပါတယ်။ ဆံတော်ရှင်စေတီကို ကျိုက်ထီးရိုးစေတီကို ကြည်ညိုသလို ကြည်ညို ကြတာတွေ့ရှိရလို့ ၀မ်းသာကြည်နူး ဖြစ်ရပါတယ်”ဟု ဆိုသည်။

ဆံတော်ရှင်ဘုရားဖူးများထဲတွင် မြေပုံမြို့နယ် အငူရွာမှ အသက် ရ၀ အရွယ်သီလရှင်မတစ်ပါးလည်း ပါ၀င်ပြီး၊ ယင်းသီလရှင်ဘဝတွင် ပထမဆုံးအကြိမ်လာရောက် ဖူးမျှော်ခြင်းဖြစ်ကြောင်း သိရသည်။  ဘုရားဖူးအပြန် တောင်ကိုကျော်၍ စိုးမဲကျီသို့ ရောက်ခါနီးတွင် လဲကျ သတိမေ့မြောခဲ့သည်ဟု ဆိုသည်။

“ကျွန်မဒီရေကိုလှူတာ ၄၁ နှစ်ပြည့်မြောက်ပါပြီ၊ သောက်ရေအိုး ၂၂၈ လုံးရှိပါတယ်။ နောင်ဘဝအဆက်ဆက် မှာလည်း လူပြန်ဖြစ်ပြီး ဘဝတိုင်းမှာ ကောင်းမှုကုသိုလ် လုပ်လိုပါတယ်။ အရိမေတ္တယျဘုရားပွင့်တဲ့အခါ ဆွမ်းတစ်ဆုပ်ပဲဖြစ်ဖြစ်၊ ပန်းတစ်ပွင့်ပဲဖြစ်ဖြစ် လှူဒါန်းလိုပါတယ်”ဟု စိုးမဲကျီကျေးရွာမှ အသက် ရ၈ နှစ်အရွယ် ဒေါ်လာဖြူကပြောသည်။

Most read this week