နှစ် (၄ဝ) ပြည့်ရခိုင်ပြည်နယ်နေ့အခမ်းအနား ရန်ကုန်တွင် စည်ကားစွာ ပြုလုပ်မည်

နှစ် (၄ဝ) ပြည့်ရခိုင်ပြည်နယ်နေ့အခမ်းအနား ရန်ကုန်တွင် စည်ကားစွာ ပြုလုပ်မည်
by -
နိရဥ္စရာ

နှစ် (၄ဝ) ပြည့်မြောက် ရခိုင််ပြည်နယ်နေ့အခမ်းအနားကို ရန်ကုန်တွင် စည်ကား သိုက်မြိုက်စွာပြုလုပ်သွား မည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

ယခုလ ၁၅ ရက်တွင်ကျရောက်မည့် နှစ် ၄ဝ ပြည့် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့နှင့် ၁၅ ရက်တို့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိ တိုင်းရင်းသားကျေးရွာ၌ ပြုလုပ်သွား မည်ဖြစ်သည်။

39-YEAR-rakhine-state-day

“၁၅ ရက်နေ့က တနင်္လာနေ့ဖြစ်တဲ့အတွက် ရုံးပိတ်ရက်မဟုတ်တဲ့အခါကျတော့ အခမ်းအနားကို လူတိုင်းမ လာနိုင််ဘူးလေ။ ဒါ့ကြောင့် ၁၄ ရက်နေ့(တနင်္ဂနွေနေ့)မှှာ တိုင်းရင်းသားကျေးရွာမှာပဲ ပျော်ပွဲရွှင်ပွဲတွေလုပ်၊ ရခိုင်အစားအစာတွေရောင်း စတာတွေလုပ်မယ်။ နောက်တစ်နေ့ တနင်္လာနေ့ မနက်ပိုင်းမှ တိုင်းရင်းသား ကျေးရွာ ပြည်ထောင်စုခန်းမမှာ လူထုအခမ်း အနားသဘောမျိုးလုပ်မယ်”ဟု ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံလှကျော်က နိရဥ္စရာသို့ပြောသည်။

တိုင််းဒေသကြီးအစိုးရအဖွဲ့၏တရားဝင်ခွင့်ပြုချက်ပြုလုပ်သော အဆိုပါအခမ်းအနားတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိရခိုင်တေးဂီတ စတိတ်ရှိုးဖြေဖျော်ပွဲ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ခေါင်းအုံးသတ်ပွဲ၊ ချောတိုင်တက်ပွဲနှင့် လွန်ဆွဲပွဲစသည့်ပျော်ပွဲရွှင်ပွဲများကိုထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။

ယခုအခမ်းအနားကို ရန်ကုန်ရောက်ရခိုင်တိုင်းရင်းသားများအချင်းချင်း ချစ်ကြည်ရင်းနှီးကာ စည်းလုံးမှု ပိုမိုရှိစေရန်ရည်ရွယ်၍ ယခုကဲ့သို့ ကျင်းပရခြင်းဖြစ်ကြောင်း ဒေါက်တာစံလှကျော်က ဆိုသည်။

ရန်ကုန်တွင် ယခုကဲ့သို့ ရခိုင်ပြည်နယ်နေ့အခမ်းအနားကိုကျင်းပပေးခြင်းဖြင့် ရန်ကုန်ရောက်ရခိုင်တိုင်းရင်း သားများစည်းလုံးမှုကိုပိုမိုရစေသည့်အတွက် နှစ်စဉ်ကျင်းပပေးသင့်သည်ဟု ရန်ကုန်ရောက်ရခိုင်လူငယ် တစ်ဦးဖြစ်သူ ကိုအောင်နိုင်က သူ၏အမြင်ကို ပြောသည်။

ယခုအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ဦး ဆောင်ကာ ရန်ကုန်ရှိရခိုင်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ဒုတိယအကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။

၁၉၇၄ ခုနှစ်အခြေခံဥပဒေအရ ယင်းနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရခိုင်တိုင်းမှ ရခိုင်ပြည်နယ်အဖြစ် အစိုးရကသတ်မှတ်ပေးခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

၁၉၇၄ ခုနှစ်အခြေခံဥပဒေအရပေါ်ပေါက်လာသော ရခိုင်ပြည်နယ်နေ့ကိုဂုဏ်ပြုသောအားဖြင့် ၁၉၇၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ ပထမအကြိမ်မြောက်ရခိုင်ပြည်နယ်နေ့အခမ်းအနားကို စစ်တွေမြို့တွင် စတင်ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

Most read this week