ပုဏ္ဍားကျွန်းမြို့ အဓိက ဆိပ်ခံတံတား မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ခရီးသွားပြည်သူများ ဒုက္ခရောက်

ပုဏ္ဍားကျွန်းမြို့ အဓိက ဆိပ်ခံတံတား မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ခရီးသွားပြည်သူများ ဒုက္ခရောက်
ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့၏ အဓိက လူသွား လူလာ အများဆုံး ဖြစ်သည့် ဆိပ်ခံတံတားကို မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ခရီးသွားပြည်သူများမှာ အထူး ဒုက္ခရောက်နေကြသည်ဟု မြို့သစ်ရပ်ကွက်မှ ကျောင်းဆရာ တဦးက ပြော ...

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့၏ အဓိက လူသွား လူလာ အများဆုံး ဖြစ်သည့် ဆိပ်ခံတံတားကို မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ခရီးသွားပြည်သူများမှာ အထူး ဒုက္ခရောက်နေကြသည်ဟု မြို့သစ်ရပ်ကွက်မှ ကျောင်းဆရာ တဦးက ပြောသည်။

“ကျွန်တော်တို့ မြို့က သင်္ဘောဆိပ်ဟာ မြောက်ဦးနဲ့ စစ်တွေ သင်္ဘောလမ်းကြောင်းနဲ့ ကျောက်တော်- စစ်တွေ သင်္ဘောလမ်းကြောင်းမှာ ရှိတဲ့အတွက် အထူး လူအသုံးများတဲ့ သင်္ဘောဆိပ်ကမ်း တခုဖြစ်ပါတယ်။ စစ်အစိုးရ အာဏာ ရလာ ကတည်းက မြို့ရဲ့ အဓိက အရေးကြီးဆုံး ဖြစ်တဲ့ သင်္ဘောဆိပ် တံတားကို မပြုပြင်ဘဲ ပစ်ပယ်ထားတဲ့ အတွက် ခရီးသွား ပြည်သူတွေ အထူး ဒုက္ခရောက်နေကြပါတယ်။”

ပုဏ္ဍားကျွန်းမြို့မှာ သင်္ဘောများ ဝင်ထွက်သွားလာရာ လမ်းဆုံတွင် တည်ရှိသည်သာမက ရခိုင်ပြည်နယ်၏ တန်ခိုးကြီး ဘုရားတဆူဖြစ်သော ဦးရာဇ်တောင် စေတီတော်လည်း တည်ရှိသဖြင့် အနယ်နယ် အရပ်ရပ်မှ လူများမှာ ရေကြောင်းလမ်းကို အသုံးပြုပြီး ဘုရားဖူး လာကြသည်ဟု သိရသည်။

“ဒီလောက် အသုံးများတဲ့ ဆိပ်ခံတံတားကို မပြုပြင်ဘဲ ပစ်ပယ်ထားတယ် ဆိုကတည်း နအဖ စစ်အစိုးရရဲ့ ရခိုင်ပြည်သူတွေ အပေါ် ထားရှိတဲ့ စေတနာ ဘာလဲ ဆိုတာကို မေးစရာ မလိုဘဲ သိရှိနိုင် ပါတယ်။ နအဖ စစ်အစိုးရက ဘာဘဲ လုပ်လုပ် သူ့တို့ အကျိုး အမြတ် မပါရင် ဘာမှမလုပ်ပါဘူး။ ရထားလမ်းကိုသာ ဖေါက်နို်င်တယ်။ တကယ် လူထုတွေ လိုအပ်နေတဲ့ ရခိုင်ပြည်နယ်ထဲက တံတား တွေ၊ စာသင်ကျောင်းတွေ၊ လူသွားလမ်းတွေကို ကျတော့ မလုပ်ပါဘူး။ အများပြည်သူတွေရှေ့မှာ ဝါဒ ဖြန့်လို့ရတဲ့ဟာတွေကျတော့ သူတို့က လုပ်ပါတယ်” ဟု အဆိုပါ ကျောင်းဆရာက ပြောသည်။

အလားတူ စစ်တွေနှင့် ဘူးသီးတောင်အကြားတွင် တည်ရှိသည့် သင်္ဘောဆိပ်ခံ တံတားများနှင့် ရခိုင်ပြည်နယ် အတွင်းရှိ တခြား ဒေသအတွင်းရှိ တံတားများမှာ ကျိုးပျက်နေသော်လည်း မပြုပြင်ဘဲ ပစ်ပယ်ထားသဖြင့် ပြည်သူများမှာ ခရီးသွားလာရာ၌ အထူး ဒုက္ခတွေ့ လျက်ရှိသည်ဟု သိရှိရသည်။

Most read this week