မြန်မာနိုင်ငံတွင် အမျိုးသားလိင်တူဆက်ဆံခြင်းမှရရှိသော HIV သည် အခြား ဝန်းကျင်မှရရှိသည်ထက် ၁၃ ဆခန့် ပိုမိုမြင့်မား

မြန်မာနိုင်ငံတွင် အမျိုးသားလိင်တူဆက်ဆံခြင်းမှရရှိသော HIV သည် အခြား ဝန်းကျင်မှရရှိသည်ထက် ၁၃ ဆခန့် ပိုမိုမြင့်မား
by -
နိရဥ္စရာ

၂၀၁၂ခုနှစ် အကုန်တွင် ရရှိသော စာရင်းဇယားများအရ ကမ္ဘာတဝန်းလူပေါင်း ၃၅.၃သန်းသည််HIV နှင့် အတူ နေထိုင်ကြသူများဖြစ်ရာ မြန်မာနိုင်ငံသည် အရှေ ့တောင် အာရှတွင် HIV ကူးစက်မှု ဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသောနိုင်ငံဖြစ်သည်ဟု UN လက်အောက်ခံ UN AIDS Program (အမျိုးသားခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက်) ထုတ်ပြန်ချက်အရ သိရသည််။

HIV ကူးစက်ပြန်ပွားရာ ဦးတည် အုပ်စုသုံးခုဖြစ်သော အမျိုးသားခြင်းလိင်ဆက်ဆံမှု Men who has sex with men (MSM) ၊ မူးယစ်ဆေးဝါးထိုးသွင်းသူများ၊ အမျိုးသမီး လိင်လုပ်သားများမှ တဆင့် ကူးစက်ပြန့်ပွားမှုသည့် အများဆုံးဖြစ်သည်ဟု ယင်းအဖွဲ့က ပြောသည်။

world-aids-day

အမျိုးသားချင်း လိင်တူဆက်ဆံသူတစ်ဦးဖြစ်သည့် အမည်ပြောင်း ကိုသက်က “HIVကူးစက်မှု ပိုမိုများပြားလာတာဟာ အကာကွယ်မဲ့ လိင်ဆက်ဆံလို့ပေ့ါ၊ ဒါကြောင့် မိမိဇနီးမယားနဲ့ မဟုတ်ပဲ လိင်ဆက်ဆံဖြစ်မယ်ဆိုရင် ဘာကြောင့်ဖြစ်ဖြစ်မဖြစ်မနေ ကွန်ဒုံးသုံးရပါမယ်” ဟုပြောသည်။

အမျိုးသားတစ်ဦးအနေဖြင့် မိမိကိုယ်ကို မိမိမည်သို့ပင် ခံယူထားစေကာမူ ယောက်ကျ်ားခြင်းလိင်နှင့် ပတ်သက်သည့် ဆက်ဆံမှု တခုခုပြုလုပ်လျှင် အမျိုးသားခြင်း လိင်တူ ဆက်ဆံသူ MSM အဖြစ်သတ်မှတ်ထား သည်ဟု ဆိုသည်။

လိင်ဆက်ဆံရာတွင် အပြုအမှုအရ အပုန်း(လျိုဝှက်လက်ခံသူ)၊ အပွင့် (ပွင့်လင်းစွာလက်ခံသူ)၊ သူငယ် (ထိုးသွင်းဆက်ဆံသူ)၊ လိင်ပြောင်း (မွေးရာပါရုပ်ပိုင်းဆိုင်ရာ လိင်ပြောင်းနှင့် မတူခြားနားသော စိတ်ခံစားမှုဆိုင်ရာလိင်သွင်ပြင်ခံယူသူ) တို့ရှိသည်။

ယင်းအပြင် အပွင့်ဟု ခေါ်သည့် မိမိကိုယ်ကို မိန်းမအဖြစ် သတ်မှတ်ထားသူများလည်းရှိပြီး ဝတ်စားဆင်ယင်မှု အပြုအမှုအားလုံး မိမိကိုယ်ကို မိန်းမအဖြစ်ခံယူထားသူ (Transgender /TG )  ဟု ခေါ်ပြီး မိမိခံယူလိုသည့် လိင်(ရုပ်)ပိုင်းဆိုင်ရာ အသွင်အပြင်သိ့ု ဆေပညာဖြင့် ခွဲစိတ်ကုသပြောင်းလဲထားသူကို လိင်ပြုပြင်ထားသူကို (T/S)ဟု  ခေါ်သည်။

အာရှတိုက်နိုင်ငံအနှံအပြားတွင် HIV ကူးစက်နုုန်းမြင့်တက်ရခြင်းအဓိကအကြောင်းအရင်းမှာ အကာအကွယ််မဲ့ လိင်ဆက်ဆံခြင်း၊ လိင်ဆက်ဆံဘက် အများအပြား ထားရှိခြင်းနှင့် လိင်မှုဆိုင်ရာ ဆက်နွယ်မှုများအား သိုသိပ်ထားခြင်းတို့ကြောင်း ဖြစ်သည်ဟု သိရသည်။

MSM, TG တို့ထဲတွင် HIV ဖြစ်နိုင်ခြေများနေပြီး အခြားလူမှုဝန်းကျင်ထက် သာမန်အားဖြင့် MSM, TGတို့ထဲတွင် ၁၃ဆခန့် ကူးစက်မှုမြင့်တက်လာပြီး မြန်မာနိုင်ငံတွင် MSM/TG ခန့်မှန်း ၂၃၀၀၀၀ ရှိကြောင်း သိရသည်။

ယင်းတို့ အတွင်းHIV ပျံနှံ့ နုန်းမှာ ပုသိမ်တွင် ၁၉.၅ ရာခိုင်နုန်း၊ ရန်ကုန်တွင်  ၈ ရာခိုင်နုန်း၊  မန္တလေး ၆ ရာခိုင်နုန်း ရှိ ကြောင်း Global AIDS Epidemic  ၂၀၁၃ မှ တဆင့် သိရသည်။

လိင်တူချစ်သူ ကိုနိုင်သက် (MSM)မှ “ ခွဲခြား ဆက်ဆံခြင်းဟာ လူအခွင့်ရေးကို ချိုုးဖောက်ရာရောက်ကြောင်း၊ ခွဲခြားဆက်ဆံသူတွေကြည့်မယ်ဆိုရင် ကျန်းမာရေးနဲ့ ဗဟုသုတ အားနည်းသူတွေ အဓိကပါဝင်တယ်။ ဒါကြောင့်ကျန်းမာရေး ဗဟုသုတနှင ့်တွဲဘက်ပြီး လူအခွင့်ရေး နားလည်အောင် ပိုမိုလုပ်ဆောင်ပေးရန်လိုတယ်” ဟု သူကဆိုသည်။

မြန်မာနိုင်ငံတွင် MSM အဖွဲ့အစည်း ၁၇ ရှိပြီး ယင်းတို့မှာ ရန်ကုန်၊ မန္တလေး၊မြစ်ကြီးနား၊ မုံရွာ၊ မိထ္ထိလာ၊ တောင်ကြီးလာရှိုး၊ တာရှီလိတ်၊မကွေး၊ပုသိမ်၊ ဟင်္သာတ၊ ပဲခူး၊တောင်ငူ၊ ပြည်မော်လမြိုင်၊မြိတ် တွင်ရှိပြီး၂၀၁၂ခုနှစ် အတွင်း ကူညီပေးခဲ့ရသော ဝေဒနာရှင် လူဦးရေ စုစုပေါင်း ၆၈၀၆၇ ရှိပြီး အများစုမှာ ရန်ကုန်မန္တလေးမှဖြစ်ကြသည်။

မြန်မာနိုင်ငံတွင်  Alliance,AMI,Consortium, IOM,Malteser, MANA, MDM, MSF-CH, MSF-Holland, MSI, NAP, PGK, PSI, SARA, WV စသောအဖွဲ့ အစည်းများဖြင့် လက်တွဲ လုပ်ဆောင်နေသည်ဟု UNAIDS (Progress Report 2012) ထုတ်ပြန်ထားသည်။

ပြည်သစ်သံရုံးမှထောက်ပံ့မှုဖြင့်HIV ကာကွဝ်ရေးအသိပညာပေးလုပ်ဆောင်နေသောအေးမြရိပ်( Saryar) အဖွဲ့မှ ဒေါက်တာမောင်မောင်မြင့်သိန်းမှ  “ ကျန်းမာရေး ပညာပေးသာမက ပညာပေးဖျော်ဖြေရေး အစီအစဉ်များပါလိုအပ်တယ်။ဒါမှပြည်သူများပါစိတ်ဝင်စာပြီးအာရုံစိုက်လုပ်ဆောင်မှပိိုမိုထိရောက်မယ်’’ ဟုပြောသည်။

ရောဂါကူးစက်ရခြင်းအဓိကအကြောင်းအရင်းမှာ သွေး၊သုတ်၊ ဆေးထိုးအပ်တိ့ုမှ ကူးစက်ခြင်းသာဖြစ်ပြီး မသိနားမလည်၍ ခွဲခြားဆက်ဆံခြင်းသည် အားနည်းသူကို မရည်ရွယ်ဘဲ ပြိုလဲပျက်ဆီးသွားရန်ပြုလုပ် သလိုဖြစ်သွားကြောင်း၊ ARTဆေးကို မှန်မှန်သောက်သုံးခြင်းဖြင့်သက်တမ်းပြည့်နေနိုင်ပါသည်။ ထိုအတွက်ကြောင့် ပြည်သူများပါ သိရှိ နားလည်ရန်လိုအပ်ကြောင်း သူက ဆက်လက်ပြောဆိုသွားသည်။

HIV အတွက်ပေါ်လစီမရှိခြင်းကြောင ့်(ဥပမာ PLHIV အတွက်နှစ်ဆကောက်ခံခြင်း)ဆေးခန်းနှင့်ကျန်းမာရေး ဝန်ဆောင်မှုများလုံလောက်စွာမရှိခြင်း ကျန်းမာရေး ပညာပေးလုပ်ငန်းများ အားနည်းခြင်းတို့ကြောင့် HIV ကူးစက်မှုကိုလျှင်မြန်စေသည်ဟု ဆိုသည်။

မြန်မာနိုငိငံရှိ MSMနှ င့်TG များအတွက် အကူအညီပေးနိုင်ရန် တုန့်ပြန်ဆောင်ရွက်ချက်များ ကွင်းဆင်းပညာပေးနှင့်နားခိုရာနေရာများတွင် ထိရောက်စွာ အကူအညီပေးနိုင်သော အစီအစဉ်များ လိုအပ်သလို လိင်ဝိသေသ လက္ခဏာကွဲပြားမှု သတ်မှတ်ချက်နှင့်ခံယူချက်များကို မြှင့်တင်ပေးခြင်းများ၊  ကွန်ဒုံးပညာပေးနှင့်ဖြန့်ဝေမှု အစီအစဉ်များ  HIV နှစ်သိမ့်ဆွေးနွေးခြင်း၊ TB,ကာလသားေ ရာဂါများ ရှိမရှိ ပုံမှန်စစ်ဆေးခြင်း၊ မျိုးဆက်ပွါးခြင်း၊ ကျန်းမာရေး ဝန်ဆောင်မှု၊ ARTကုထုံး ၊စိတ်အပန်းဖြေစရာအစီအစဉ်များ၊စိတ်ပိုင်းဆိုင်ရာနှင့်ဥပဒေဆိုင်ရာအထောက်အပံ့များကို ပြည်တွင်း အဖွဲ့အစည်းများမှာရှိသော  ဘဝတူအဖွဲ့ဝင်များမှ အကူအညီပေးခြင်းနှင့် လမ်းညွန်ပို့ပေးခြင်းများ လိိုအပ်သည်ဟု ဆိုပါသည်။

မြန်မာနိုင်ငံတွင်အာရှတွင်HIV ကူးစက်မှုဒဏ်ကိုအပြင်းထန်ဆုံးခံစားနေရသောနိုင်ငံဖြစ်သည်။ ၂၀၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံ၌HIV ရောဂါ ဖြင့် နေထိုင်သူ ခန့်မှန်းခြေအားဖြင့် ၁၈၅၀၀၀ ဝန်းကျင်ရှိနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားခုခံကျ ကာလသားရောဂါတိုက်ဖျက်ရေး စီမံချက်၂၀၁၃ ခုနှစ်အပြီးတွင်ဖေါ်ပြထားသည်။

Most read this week