အလုပ်ရှင်၏ အကောက်ကြံမူကြောင့် အလုပ် သမား ၂၅ ဦး လုပ်ငန်းခွင်မှ ထွက်ပြေးရ

အလုပ်ရှင်၏ အကောက်ကြံမူကြောင့် အလုပ် သမား ၂၅ ဦး လုပ်ငန်းခွင်မှ ထွက်ပြေးရ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငပြီတက် ဆားကွင်းတွင် အလုပ် လုပ်ကိုင်နေသော အလုပ်သမား ၂၅ ဦးမှာ လုပ်ငန်းပိုင်ရှင်၏ အကောက်ကြံ စွပ်စွဲမူကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ အလုပ်ခွင်မှ ထွက်ပြေးသွားခဲ့ကြရ ...

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ငပြီတက် ဆားကွင်းတွင် အလုပ် လုပ်ကိုင်နေသော အလုပ်သမား ၂၅ ဦးမှာ လုပ်ငန်းပိုင်ရှင်၏ အကောက်ကြံ စွပ်စွဲမူကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ အလုပ်ခွင်မှ ထွက်ပြေးသွားခဲ့ကြရသည်။

အမည် မဖေါ်လိုသူ အလုပ်သမား ဖခင် တဦးက “ကျွန်တော်ရဲ့သားဟာ အခု ထွက်ပြေးသွားရပါပြီ။ လုပ်ငန်းရှင်က ထုတ်လုပ်ထားတဲ့ ဆားတွေကို လိုချင်တဲ့အတွက် အကောက်ကြံတာကြောင့် ထွက်ပြေးသွားရတာပါ။” ဟု ပြောသည်။

လွန်ခဲ့သော မေလ နောက်ဆုံး အပတ်က ငပြီတက် ဆားကွင်း အနီးရှိ ကျောက်တောင် ရဲစခန်းမှ စခန်းမှူးမောင်ထွန်းသာနှင့် ရဲသား ၄ ဦး ဖမ်းဆီးရန် ရောက်ရှိ လာပြီးနောက် အဆိုပါ အလုပ်သမားများ ထွက်ပြေးသွားရခြင်း ဖြစ်သည်။

အဆိုပါ အလုပ်သမား ဖခင်မှ “စစ်တွေမြို့ ဗိုလ်ကြီး ဖိုးသာရွာမှ ရွှေပြည်ဖြိုးဆားစက်ပိုင်ရှင်က ဆားကွင်းမှ ထုတ်လုပ်ထားတဲ့ ဆားအိတ် ၃ဝဝကိုလိုချင်တဲ့ အပြင် လုပ်အားခကိုလည်း မပေးချင်တော့ ပြည်နယ်ရဲမှူးကြီးနဲ့ ပေါင်းပြီး ဆားစာရင်းတွေကို လိမ်တယ်ဆိုပြီး စွပ်စွဲကာ ဖမ်းဆီးဖို့ ခိုင်းတဲ့အတွက် ရဲသားတွေ ဖမ်းဆီးဖို့ ရောက်လာတာနဲ့ ထွက်ပြေးသွားရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ဆားကွင်းမှာ ရွှေပြည်ဖိုး ဆားစက်ပိုင်ရှင် ဆားကွင်းဖြစ်ပြီး ရရှိလာသော အမြတ်ကို တယောက် တဝက်စီ ခွဲဝေယူရန် သဘောတူညီမူဖြင့် အလုပ်သမားများမှာ အဆိုပါ ဆားကွင်းတွင် လုပ်ကိုင်နေခဲ့သည်ဟု သိရသည်။

ကျောက်တောင်ရဲစခန်းမှ စခန်းမှူး မောင်ထွန်းသာမှ ဆားကွင်းမှ ဆားများကို သိမ်းယူသွားပြီး ရွှေပြည်ဖြိုး ဆားစက်ပိုင်ရှင်ထံ အဆိုပါဆားများကို လွှဲပြောင်း ပေးအပ်လိုက်သည်ဟု သိရသည်။

Most read this week