မြန်မာဘက်သို့ ထွက်ပြေးရန်ကြံရွယ်သည့် အကြမ်းဖက်သမားတစ်ဦးကို ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိဟုဆို

မြန်မာဘက်သို့ ထွက်ပြေးရန်ကြံရွယ်သည့် အကြမ်းဖက်သမားတစ်ဦးကို ဘင်္ဂလာနယ်စပ်တွင် ဖမ်းမိဟုဆို
by -
နိရဥ္စရာ

မြန်မာနိုင်ငံဘက်သို့ ထွက်ပြေးရန် ကြံရွယ်ပုံရသည့် အကြမ်းဖက်သမားတစ်ဦးကို ဘင်္ဂလာနယ်ခြားစောင့် တပ်မှ မြန်မာ နယ်စပ် အနီး နတ်ကျောက်ဆရီမြို့နယ်တွင် ဖမ်းဆီးမိကြောင်း ကော့စ်ဘာဇားခရိုင်ထုတ် သတင်းတပုဒ်တွင် ဖော်ပြသည်။

ဖမ်းဆီးခံရသူမှာ ဟာဖေ့စ်မိုဟာမတ် ဆူဇ်နိုင် (၂၉) နှစ်ဖြစ်ပြီး သူ့ကို ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ် စက်ဒါလာ နယ်စပ်တွင် ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဖမ်းမိခြင်းဖြစ်သည်။

jongi-nikongchari-231x300

၎င်းအား ပထမဆုံး အင်ဆာ (ခေါ်) ကျေးလက် ပြည်သူ့စစ် အရံတပ်ဖွဲ့မှ ဖမ်းဆီးစဉ် မြန်မာဘက်ကို ထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ ထွက်ပြေးစဉ် အမှတ် (၅၀) ဘင်္ဂလာဒေချ့် နယ်ခြားစောင့်စခန်းမှ ဖမ်းမိခြင်းဖြစ်ကြောင်း ကောစ်ဘာဇား သတင်းတွင်ဖော်ပြသည်။

ဟာဖေ့စ်မိုဟာမတ် ထံမှ RSO အဖွဲ့ ဥက္ကဌ ဆာလာမ်အုလ္လာဟ် နှင့် ဒုဥက္ကဌဖြစ်သူ ချောဖီအူလ္လာရုပ်ပုံ အပါအဝင် အမျိုးသား မှတ်ပုံတင်ကတ်၊ မဲစာရင်းအပါအဝင် တခြားပစ္စည်းတချို့ကို တွေ့ရှိရကြောင်းလည်း သတင်းတွင်ဖော်ပြသည်။

ယခုဖမ်းဆီးခံရသူမှာ နတ်ကျောက်ဆိုးရီမြို့သို့ လွန်ခဲ့သည့် ၆ ရက်က ရောက်ရှိနေသူဖြစ်ပြီး နတ်ကျောက်ဆိုးရီမြို့ လက်ရှိအစိုးရပါတီခေါင်းဆောင် နေအိမ်နှင့်တခြား အကြမ်းဖက်သမား နေအိမ်များကို သွားရောက်ခဲ့သည်ဟု နတ်ကျောက်ဆိုးရီ ရဲစခန်းမှ အရာရှိဖြစ်သူ တော်ဟီးရ်ဒူလ် ကော်ဘီက ပြော ဆိုကြောင်းလည်း သတင်းတွင်ဖော်ပြသည်။

ယခုဖမ်းဆီးရသူသည် နိုဝင်ဘာလ ၂၄ ရက်နေ့က စစ်တကောင်းမြို့တွင် ပါကိစ္စတန်နိုင်ငံသား တစ်ဦး နှင့်အတူ ဖမ်းဆီးမိသူ ၅ ဦးနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း banglanews24 သတင်းတပုဒ်တွင် ဖော်ပြသည်။

Most read this week