ရမ်းဗြဲအထက်တန်းကျောင်း အကြီးစားမွမ်းမံမှုအတွက် ကျပ်သိန်း ၁၈၀၀ ကျော် ချပေးထား

ရမ်းဗြဲအထက်တန်းကျောင်း အကြီးစားမွမ်းမံမှုအတွက် ကျပ်သိန်း ၁၈၀၀ ကျော် ချပေးထား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ အထက်တန်းကျောင်းကို ကျပ်သိန်းပေါင်း ၁၈၃၀ အကုန်အကျခံပြီး အကြီးစား မွန်းမံပြင်ဆင်မူများ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

“ ပြင်ဆင်နေတာက တစ်လ လောက်ရှိပါပြီ။ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရမ်းဗြဲမြို့ကို ရောက်လာတုန်းက ရမ်းဗြဲမြို့ အထက်တန်းကျောင်းအခြေအနေကို မြင်သွားတယ်။ မြို့မိ မြို့ဖတွေကလည်း တင်ပြကြတော့ ကျောင်းပြင်ဆင်ရေး အတွက် ကျပ်သိန်းပေါင်း ၁၈၃၀ ချပေးပါတယ်” ဟု မြို့ခံ တစ်ဦးဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးထွန်းကြည်က ပြောသည်။

Rambree-School

၀န်ကြီးချုပ် ဦးမောင်မောင်အုန်းသည် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ်တာဝန် စတာဝန်ယူပြီး ဇူလိူင်လ အတွင်းက ရမ်းဗြဲမြို့သို့ ရောက်ရှိလာစဉ် ၎င်းကျောင်းအား ပြုပြင်ရန် ခွင့်ပြုငွေ ချပေးခဲ့ခြင်း ဖြစ်သည်။

ယခုကျောင်းပြင်ဆင်ရေးအား Global Rambree ကုမ္မဏီမှ တာဝန်ယူ တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် ကျောင်းဖွင့်ပွဲ ပြန်လည် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရမ်းဗြဲမြို့ အထက်တန်းကျောင်းကို အကြီးစားပြင်ဆင်မွန်းမံမှု ပြုလုပ်နေသဖြင့် ကျောင်းသားများကိုလည်း အချိန် (၂) ပိုင်းခွဲကာ စာသင်ပြနေရသည်ဟု သိရသည်။

“ ပထမပိုင်း အချိန်က နံနက် ၈ နာရီကနေ ၁၂ နာရီ  တစ်သုတ်ပါ။ နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီထိ တစ်သုတ် ဖြစ်ပါတယ်။ ခုလို အချိန်ခွဲပြီး စာသင်ရပေမယ့် အဆင်ပြေပါတယ်” ဟု ရမ်းဗြဲ အထက်တန်းကျောင်း၊ ၁၀ (စီ) မှ ကိုကျော်ညွှန့်က ပြောကြားသည်။

ယခုကဲ့သို့ ရမ်းဗြဲမြို့ အထက်တန်းကျောင်းကို ပြည်တော်သာကျောင်းဟု ခေါ်ပြီး ယခုလို အကြီးစား ပြုပြင် မွန်းမံ တည်ဆောက်မှုပြုလုပ်နေသဖြင့် အထူးဝမ်းသာကြောင် သူက ဆက်လက် ပြောဆိုသည်။

Most read this week