၂ဝ၁ဝ မတိုင်မီ ကေအဲန်ယူကို အပြီးတိုက်ရန် နအဖ ညွှန်ကြား

၂ဝ၁ဝ မတိုင်မီ ကေအဲန်ယူကို အပြီးတိုက်ရန် နအဖ ညွှန်ကြား
by -
ခွန်အောင်မြတ်
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ကို ၂ဝ၁ဝ မတိုင်မည် အမြစ်ပြတ်ချေမှုန်းရန် မြန်မာစစ်အစိုးရက တိုး တက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့(ဒီကေဘီအေ) ကို စေခိုင်းထား သည်ဟု သိရ ...

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ကို ၂ဝ၁ဝ မတိုင်မည် အမြစ်ပြတ်ချေမှုန်းရန် မြန်မာစစ်အစိုးရက တိုး တက်သော ကရင်ဗုဒ္ဓဘာသာတပ်ဖွဲ့(ဒီကေဘီအေ) ကို စေခိုင်းထား သည်ဟု သိရသည်။

ဇွန်လဆန်းပိုင်းမှစ၍ ယနေ့အထိ ကေအဲန်ယူ လက်အောက်ခံ တပ်မဟာ (၇)ကို လက်နက်ကြီးဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့၏ ညွှန်ကြားချက်ဖြစ်သည်ဟု အမည် မဖော်လိုသူ ဒီကေဘီအေ အရာရှိ တဦးက ပြောသည်။

“မြန်မာအစိုးရ ဗိုလ်ချုပ်ရဲမြင့်နဲ့ အဲဒီ ဗိုလ်ချုပ်သိန်းစိန်တို့က သူတို့ကို တိုက်ခိုင်းတာကို။ ၂ဝ၁ဝ ရွေး ကောက်ပွဲအမီ၊ ရွေးကောက်ပွဲမလုပ်မီ ဒီကေအဲန်ယူစခန်းအကုန်ပေါ့။”

ဒီကေဘီအေ၏ ဦးဆောင် နာယကဖြစ်သည့် မြိုင်ကြီးငူ ဆရာတော်က ကရင်အချင်းချင်း မတိုက်ခိုက်ကြရန် ဒီကေဘီအေနှင့် ကေအဲန်ယူကို စာရေးသား ပေးပို့ထားသည်ဟု ၎င်းက ပြောသည်။

“ဗမာအစိုးရဘက်က တိုက်ခိုင်းတယ်။ ဒီကေဘီအေ လာတိုက်တယ်။ အခုကျတယ်၊ သေတယ် ကရင် အချင်းချင်းအဖွဲ့တွေပဲ ဖြစ်တယ်။ အဲဒါကို မနေ့က မြိုင်ကြီးငူဆရာတော်ကတော့ စာတစောင် ရေး လာတယ်။ ကရင်အချင်းချင်း ပစ်တာ ခတ်တာကို ရပ်ဆိုင်းပါတော့ ဆိုပြီးတော့ စာတစောင်ရေးလာ တယ်။ ဒီကေဘီအေဆီလည်း စာတစောင်ပို့တယ်။ နောက်ပြီးတော့ ကေအဲန်ယူ ဆီကိုလည်း တ စောင်ပို့လာတယ်လို့ ကြားတယ်။”

ဒီကေဘီအေ အနေဖြင့် မြန်မာစစ်အစိုးရ၏ လမ်းညွှန်မှုအောက်တွင် ဖောက်ထွက်ပြီး ပြည်သူ့ ရင်ခွင်ထဲသို့ ပြန် ဝင်လာရန် ကေအဲန်ယူက ဇွန်လ ၈ ရက် နေ့တွင် ထုတ်ပြန်ထားသည့် ကြေညာချက်တွင် တိုက်တွန်း ထားသည် ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက ပြောသည်။

“ပထမတော့ ဒီကေဘီအေဆိုတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုပြီးတော့ သူတို့ရဲ့ ယဉ်ကျေးမှုလုပ်ငန်းလေးတွေ၊ နှစ်သစ်ကူးလုပ်ငန်းငယ်လေးတွေ သူတို့ လုပ်ခွင့်ရ သေးတာပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာဆိုလို့ရှိရင် ဒါတွေက လုပ်ခွင့်မရတော့ပဲနဲ့ တဖြည်းဖြည်းနဲ့ ဒီကေဘီအေ အသိုင်းအဝိုင်းကြီး၊ ကရင်အသိုင်းအဝိုင်းတခုလုံးက နအဖရဲ့ ကျွန်အောက်မှာ လုံးလုံး ကျသွားမယ့် အခြေအနေရှိတဲ့အတွက်ကြောင့် ဒီကိုယ်ပိုင်ပြဌာန်းခွင့် နဲ့ ကိုယ့်လွတ်လပ်မှု ကိုယ်ရပ်တည်နေတဲ့ (ဝ)တို့ ကိုးကန့်တို့ အက်စ်အက်စ်အေ တောင်ပိုင်း ကိုလည်း နမူနာ ယူသင့်တာပေါ့။ ပြည်သူလူထု အသံကို နားထောင်ပြီးတော့ ပြည်သူလူထု ရင်ခွင်ထဲကို ပြန်လာကြဖို့။”

ယခုလ ၂ ရက်မှစ၍ ကေအဲန်ယူ တပ်မဟာ (၇) ဌာနချုပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မြန်မာစစ်အစိုးရတပ်က ယမန်နေ့၌ လက်နက်ကြီး အလုံး (၄ဝ) ခန့် ပစ်ခတ်ကာ ထိုင်းနယ်မြေ အတွင်း သုံးလုံး ကျသည်ဟု ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး (၁) က ပြောသည်။

ကေအဲန်ယူကို တပတ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် ဒီကေဘီအေဘက်မှ အယောက် ၂ဝ ကျော် သေ ဆုံးပြီး ၄ဝ ခန့် ထိခိုက် ဒဏ်ရာရရှိသည်ဟု ဒီအေဘီအေက အတည်ပြု ပြောကြားကာ ကေအဲန်ယူဘက်မှ ၃ ဦး ဒဏ်ရာရရှိသည်ဟု ဗိုလ်မှူး စောလှငွေက ပြောသည်။

ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကရင်ကျေးရွာသား ၄ဝဝဝ ခန့် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည် စခန်းများတွင် ထွက်ပြေးခိုလှုံနေကြသည်။

Most read this week