မြန်မာရုပ်ရှင်ပွဲတော် ဘင်္ဂလာဒေချ့်တွင် ကျင်းပမည်

မြန်မာရုပ်ရှင်ပွဲတော် ဘင်္ဂလာဒေချ့်တွင် ကျင်းပမည်
ဘင်္ဂလာဒေချ့် နိုင်ငံတွင် မြန်မာ့ ရုပ်ရှင်ကားများကို ပြသမည့် ရုပ်ရှင် ပွဲတော် တခုအား ယခုနှစ်တွင် ထူးထူးခြားခြား ကျင်းပမည် ဖြစ်သည်။ အိမ်နီးချင်း နှစ်နို်င်ငံ အကြား ချစ်ကြည်ရေးကို မြှင့်တင်သည့် အနေဖြင့် မြန်မာရုပ်ရှင်ကား ၁ဝ ကားနီးပါးကို အဆိုပါ ပွဲတော်တွင် ပြသ ...

ဘင်္ဂလာဒေချ့် နိုင်ငံတွင် မြန်မာ့ ရုပ်ရှင်ကားများကို ပြသမည့် ရုပ်ရှင် ပွဲတော် တခုအား ယခုနှစ်တွင် ထူးထူးခြားခြား ကျင်းပမည် ဖြစ်သည်။

အိမ်နီးချင်း နှစ်နို်င်ငံ အကြား ချစ်ကြည်ရေးကို မြှင့်တင်သည့် အနေဖြင့် မြန်မာရုပ်ရှင်ကား ၁ဝ ကားနီးပါးကို အဆိုပါ ပွဲတော်တွင် ပြသသွားမည် ဖြစ်သည်ဟု ဘင်္ဂလာ အရာရှိများက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလာဒေချ့် သံအမတ်ကြီးမှ လူကြိုက် အများဆုံး မြန်မာကား (၇)ကားကို ရွှေးချယ်ထားပြီး ထိုအထဲတွင် တခါက ဧရာဝတီညများ၊ သူ့ကျွန်မခံပြီ၊ ကျန်စစ်မင်း၊ ငါဓါး ငါ့သွေး ငါ့ဧရာဝတီ၊ ရေဆန်၊ ဆဌဂံနှင့် တခြား ကားတကား မှာ ပဟေတိဆန်သောနှင်း (Mysterious Snow) စသည့် ကားများ ပါဝင်သည်။

ဘင်္ဂလာဒေချ့်နိုင်ငံတွင် နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာ ရုပ်ရှင်ပွဲတော်အား ကျင်းပလေ့ရှိသော်လည်း မြန်မာ့ ရုပ်ရှင်ကားများကို တကြိမ်တခါမှ ပြသဖူးခြင်း မရှိကြောင်း သိရသည်။

အဓိကအားဖြင့် ရုရှား၊ ဂျပန် အပါအဝင် အရှေ့အလယ်ပိုင်း နိုင်ငံများမှ ကားများကိုသာ များသောအားဖြင့် ဘင်္ဂလာဒေချ့် ရုပ်ရှင်ပွဲတော်များတွင် ပြသလေ့ရှိပြီး ဘင်္ဂလီ ရုပ်ရှင် ပရိသတ် အများအပြား ပါဝင်ဆင်နွဲကြည့် ရှု့ကြသည်။

(ရုပ်ရှင်ကား အမည်များကို အင်္ဂလိပ်လို ရေးသားထားရာမှ ဘာသာပြန်ထားသဖြင့် လွဲချော်မူရှိလျှင်လည်း ခွင့်လွတ်သည်းခံကြပါ၊)

Most read this week