“ဇာပိုင်ရီးလို့ ဇာပိုင်ပြော” စာအုပ်မိတ်ဆက်ပွဲ စစ်တွေတွင် ပြုလုပ်

“ဇာပိုင်ရီးလို့ ဇာပိုင်ပြော” စာအုပ်မိတ်ဆက်ပွဲ စစ်တွေတွင် ပြုလုပ်
by -
နိရဥ္စရာ

ရခိုင်ဘာသာဗေဒစာပေများကိုအစဉ်တစိုက်ရေးသားနေသည့် ဆရာတော်ဇယန္တ ဗောဓိ(ပန်းအောင်)၏ “ဇာပိုင်ရီးလို့ ဇာပိုင်ပြော”စာအုပ်မိတ်ဆက်ပွဲကို နိုဝင်ဘာ ၂၃ ရက်နေ့ နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

အဆိုပါစာအုပ်မှာ ရခိုင်စာပေနှင့် ရခိုင်ဘာသာဗေဒကိုလေ့လာလိုက်စားသူများအတွက် အသုံးတည့်မည့် စာအုပ် တစ်အုပ်ဖြစ်ကြောင်း၊  စာအုပ်ပါ စကားလုံးအသုံးအနှုန်းများမှာ တစ်စုံတစ်ရာ နားလည်မူ လွဲမှားစေပါက စာရေးသူနှင့်သာသက် ဆိုင်ကြောင်း စာရေးသူ ဆရာတော် ဇယန္တဗောဓိ(ပန်းအောင်)က မိန့်ကြားသည်။

Pan-aung-1

သို့သော်လည်း ဤစာအုပ်အား ရခိုင်ဘာသာစကားနှင့် အထောက်အကူ ဖြစ်စေရန် ရည်ရွယ်၍ ရေးသား ထုတ်ဝေခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

“ရခိုင်စာ၊ ရခိုင်ဘာသာစကားနဲ့ပတ်သက်ပြီးတော့ နောင်တစ်ချိန်မှာ သုတေသနတွေဘာတွေလုပ်တဲ့အခါ အထောက် အကူ ဖြစ်အောင်၊ တတတ်တအားဖြစ်စေဖို့အတွက် ဒီစာအုပ်ကို ထုတ်ဝေရခြင်းဖြစ်ပါတယ်”ဟု ဆရာတော်က ဆိုသည်။

၎င်းစာအုပ်မှာ ယခုနှစ်၊ နိုဝင်ဘာလနေ့စွဲဖြင့် ထွက်ရှိလာခြင်းဖြစ်ပြီး တစ်အုပ်လျှင် ၃ဝဝဝ ကျပ်ဖြစ် ကြောင်း သိရသည်။ ယင်းစာအုပ်ကို မလေးရှားရောက် ရခိုင်လူငယ်များ၏ ပံ့ပိုးကူညီမှုဖြင့် ထုတ်ဝေလိုက်ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယခုစာအုပ်၏ခေါင်းစဉ်မှာ ကြီးကျယ်သလောက် အတွင်းတွင်ဖတ်ရသည့်အခြေအနေမှာ ဆရာတော်၏ ကလောင် အမျိုးမျိုးဖြင့် ရေးသားပြီး မဂ္ဂဇင်း၊ စာစောင်များတွင်ဖော်ပြခံခဲ့ရသည့်ဆောင်းပါးများကို စုစည်းထုတ်ဝေ ထားသည့် ဆောင်းပါး ပေါင်းချုပ်စာအုပ်ကဲ့သို့ဖြစ်နေကြောင်းလည်း စာအုပ်မိတ်ဆက်ပွဲသို့တက်ရောက်လာသည့် စာရေးဆရာ ဂေါယာမြေစောဝင်းက ဝေဖန်ထောက်ပြခဲ့သည်။

စာအုပ်မိတ်ဆက်ပွဲသို့ စစ်တွေမြို့မှ စာရေးဆရာ၊ ကဗျာဆရာ ဦးရေ စုစုပေါင်း ၄ဝ ခန့်တက်ရောက်ခဲ့ကြသည်။

Most read this week