နယ်စပ်တွင် ဘင်္ဂလာ အာဏာပိုင်များက ယာဘား ဆေးပြား တာကာ တသန်းကျော်ဖိုး ဖမ်းဆီးရမိ

နယ်စပ်တွင် ဘင်္ဂလာ အာဏာပိုင်များက ယာဘား ဆေးပြား တာကာ တသန်းကျော်ဖိုး ဖမ်းဆီးရမိ
by -
မောင်အေး
ဘင်္ဂလာ-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ တင်သွင်း လာသော တာကာ တသန်းကျော် တန်ဖိုးရှိ ယာဘားဆေးပြားများကို အမှတ် (၁၇) ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။ ၎င်းဆေးပြားများကို တနင်္ဂနွေနေ့ နံနက်ပိုင်းက မြန်မာနယ်စပ်အနီးရှိ အိုခီးယားမြို့နယ် ပါလင်းခါလီ ကားဂိတ် ...

(နိရဥ္စရာ) ဘင်္ဂလာ-မြန်မာနယ်စပ်တွင် မြန်မာဘက်မှ တင်သွင်း လာသော တာကာ တသန်းကျော် တန်ဖိုးရှိ ယာဘားဆေးပြားများကို အမှတ် (၁၇) ဘင်္ဂလာရိုင်ဖယ် တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

၎င်းဆေးပြားများကို တနင်္ဂနွေနေ့ နံနက်ပိုင်းက မြန်မာနယ်စပ်အနီးရှိ အိုခီးယားမြို့နယ် ပါလင်းခါလီ ကားဂိတ်တွင် အမှတ် ၁၇ ရိုင်ဖယ် တပ်ရင်းက ဖမ်းဆီးရမိခြင်း ဖြစ်သည်။

မျက်မြင်ခရီးသည်တဦးက “တက်ကနက်မြို့ကနေ ကော့စ်ဘဇားကို မောင်းနှင်လာတဲ့ ခရီးသည်တင် ဘတ်စ်ကား တစီးကို တက်ရောက် စစ်ဆေးရာကနေ အဆိုပါ ဆေးပြား တွေကို ပိုင်ရှင် မရှိဘဲ ရှာဖွေ တွေ့ရှိတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီးရမိသော ဆေးပြားအရေအတွက်မှာ ၂ဝ၁၈ ဖြစ်ပြီး တန်ဖိုးမှာ ကာလပေါက်စျေး တာကာငွေ ၁ဝဝ၇ဝဝဝ ကျော်ဖိုး ရှိသည်ဟု ကျွမ်းကျင်သူ တာဝန်ရှိသူများက ပြောသည်။

ယခု ဖမ်းဆီးရမူမှာ မောင်တောမြို့နယ်မှ နတ််မြစ်ကို ဖြတ်ကျော်ဝင် ရောက်လာသော ဆေးပြားများ ဖမ်းဆီးရမူတွင် ယခုနှစ်အတွင်း အများဆုံး ဖမ်းဆီး ရမိခြင်း ဖြစ်သည်ဟု ဘင်္ဂလား အာဏာပို်င်များက ပြောသည်။

ဖမ်းဆီးရမိသည့် ဆေးပြားများကို ယခုအခါ ကော့စ်ဘာဇား အကောက်ခွန်ဌာနကို လွဲပြောင်း ပေးအပ် လိုက်ပြီ ဖြစ်ကြောင်း ဘီဒီအာရ် တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာ နိုင်ငံမှ ထုတ်လုပ်သော ယာဘားဆေးပြားများကို ဘင်္ဂလာဒေချ့် လူကုံတံ အသိုင်းအဝိုင်း ကြားတွင် အသုံးများနေပြီး ပိုလျှံသော ဆေးပြားများကို ဘင်္ဂလာဒေချ့်မှတဆင့် တခြားနိုင်ငံများသို့ တင်ပို့ကြသည်ဟု သိရသည်။

Most read this week