ရက္ခိုင့်တပ်မတော်(AA) မှ သေဆုံးသူ ဗိုလ်လောင်း ၈ ဦး အမည်စာရင်းထုတ်ပြန်

ရက္ခိုင့်တပ်မတော်(AA) မှ သေဆုံးသူ ဗိုလ်လောင်း ၈ ဦး အမည်စာရင်းထုတ်ပြန်
by -
နိရဥ္စရာ

နိုဝင်ဘာလ ၁၉ ရက်နေ့က KIA ဌာနချုပ်မှ ဗိုလ်လောင်းသင်တန်းကျောင်းတစ်ခုအား  မြန်မာတပ်မတော် တပ်ရင်းတစ်ခုမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဗိုလ်လောင်း ၂၃ ဦးသေဆုံးခဲ့ရသည်။ ထိုသေဆုံးသူ ၂၃ ဦးထဲတွင် ရက္ခိုင့် တပ်မတော် (AA) မှ ဗိုလ်လောင်း (၈) ဦး ပါ၀င်သည်။ သူတို့၏ အမည်နှင့် နေရပ်လိပ်စာမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

AA
(၁) ဗိုလ်လောင်းကျော်ခန့် ၊ အသက် (၂၁) နှစ်၊ မင်းပြား။

(၂) ဗိုလ်လောင်းကိုစောတင် ၊ အသက် (၂၃) နှစ်၊ ကျောက်တော်။

(၃) ဗိုလ်လောင်းထက်ထက်အောင် (သို့) ခိုင်ထက်အောင် အသက် ( ၂၄) နှစ်၊ ကျောက်ဖြူ။

(၄) ဗိုလ်လောင်းခိုင်ထွန်း ၊ အသက် (၂၁) နှစ် ၊ စစ်တွေ။

(၅) ဗိုလ်လောင်းရဲဝင်းထွန်း၊ အသက် (၂၃) နှစ်၊ စစ်တွေ။

(၆) ဗိုလ်လောင်းရန်လင်းစိုး၊ အသက် (၂၁) နှစ်၊ ပေါက်တော။

(၇) ဗိုလ်လောင်းအောင်အောင်သန်း၊ အသက် (၂၃) နှစ်၊ စစ်တွေ။

(၈) ဗိုလ်လောင်းသိန်းသန်းနိုင်၊ အသက် (၂၃) နှစ်၊ မင်းပြား တို့ဖြစ်ကြသည်။

တစ်ခြား သေဆုံးသူ မဟာမိတ် ဗိုလ်လောင်းများမှာ ပလောင်မှ ၁၁ ဦး၊  ချင်းအမျိုးသား ၂ ဦးနှင့် ABSDF  မှ ၂ ဦးတို့ ပါ၀င်ကြောင်း သိရသည်။

ယခု အမည်နှင့် စာရင်းများအား ရခိုင်တပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ညိုထွန်းအောင်၏ face book မျက်နှာပေါ်မှ တဆင့် ကူးယူဖေါ်ပြသည်။

Most read this week