ဘင်္ဂလာရေတပ်မှ ကယ်တင်ခဲ့သူ လူပေါင်း ၆၀၀ ကျော်တွင် အများဆုံးမှာ ဘင်္ဂလာဒေချ့် နိုင်ငံသားများဖြစ်

ဘင်္ဂလာရေတပ်မှ ကယ်တင်ခဲ့သူ လူပေါင်း ၆၀၀ ကျော်တွင် အများဆုံးမှာ ဘင်္ဂလာဒေချ့် နိုင်ငံသားများဖြစ်
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် ရေတပ်မှ ကယ်ခဲ့ရသော မြန်မာအလံလွှင့်ထူထားသော ငါးဖမ်းလှေတစ်စီးပေါ်မှ မလေးရှားသွားသူ လူပေါင်း ၆၂၃ ဦးထဲတွင် အများစုမှာ ဘင်္ဂလာဒေချ့်နိုင်ငံသားများ ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် အာဏာပိုင်များက ထုတ်ဖေါ်ပြောကြားသည်။

ဘင်္ဂလာဒေချ့်သတင်းဌာနတစ်ခုဖြစ်သော Bangla News 24 မှ သတင်းဖေါ်ပြရာတွင်ကယ်တင်ခဲ့ရသူ ၆၂၃ ဦထဲတွင် ဘင်္ဂလာဒေ့ချ်နိုင်ငံသား ၄၉၄ ဦး ပါ၀င်သည်ဟု ဖေါ်ပြသည်။

Trawler bangla1

ယင်းအထဲမှ လူပေါင်း ၉၈ ဦးကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူမှောင်ခို မှုဖြင့် ဘင်္ဂလာဒေချ့် ရေတပ်မှ အရာရှိ တစ်ဦးဖြစ်သူ မဟာရ်ဘူလ်ရော်ဟာမန်က တရားလိုလုပ်ပြီး စစ်တကောင်းမြို့ ပေါ်တင်္ကာ ရဲစခန်းတွင် နိုဝင်ဘာလ ၁၉ ရက်နေ့က က  တရားစွဲဆိုလိုက်ခြင်းဖြစ်ကြောင်း သတင်းက ဆိုသည်။

လူဦးရေ ၁၆၅ သန်းရှိ ဘင်္ဂလာဒေချ့်နိုင်ငံတွင် နိုင်ငံသားအများအပြားသည် နိုင်ငံအတွင်း အလုပ်အကိုင်ရှားပါးမှု၊ လစာနည်းပါးမှု၊ ဆင်းရဲမွဲတဲမှုတို့ကြောင်း ပွင့်လင်းရာသီတွင် တရားမဝင် လှေများဖြင့် မလေးရှားသို့ ထွက်ခွာ လေ့ရှိကြသည်။

ထိုသို့ ထွက်ခွာနေကြသူများကို ပြည်ပ လူ့အခွင့်အရေး လူပ်ရှားသူများနှင့် မီဒီယာအချို့မှ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာဆိုသူများ ဖြစ်ကြောင်း၊ သူတို့မှာ ရခိုင်လူမျိုးများနှင့် အစိုးရမှ နှိပ်စက်၍ ထွက်ပြေးလာကြသူ များ ဖြစ်ကြောင်း မဟုတ်မမှန် သတင်းလွှင့်ကာ နိုင်ငံတကာမှ ရိုဟင်ဂျာ အရေးကို ပိုမိုအာရုံစူးစိုက်ရန် လုပ်ဆောင်နေကြသည်ဟု သိရသည်။

လွန်ခဲ့သော အောက်တိုဘာလ ၁၁ ရက်နေ့ကလည်း ထိိုင်းနိုင်ငံတွင် ဖမ်းမိသူ ၁၃၄ ဦးတွင်  ၁၆ ဦးသာ မြန်မာနိုင်ငံက လူများ ဖြစ်ပြီး ကျန် ၁၁၈ ဦးမှာ ဘင်္ဂလာဒေချ့် နိုင်ငံသားများဖြစ်ကြောင်း ကိုယ််တိုင်သွားရောက် စစ်ဆေးခဲ့သူ ဘန်ကောက် ဘင်္ဂလာဒေချ့်ကောင်စစ်ဝန်ရုံးမှာ ကောင်စစ်ဝန် Ehteshamul Haque က ပြောကြောင်း ဒက္ကားထုတ် The Daily Star သတင်းစာတွင် အောက်တိုဘာလ ၁၉ ရက်နေ့က ဖေါ်ပြထားသည်။

၎င်းပြင် ဘန်ကောက်ရှိ ကောင်စစ်ဝန်ရုံးက ယခုနှစ် တခုတည်းအတွင်း ဘင်္ဂလာဒေချ့်နိုင်ငံသား ရ၀၀ ကို လူကုန်ကူးသူများ လက်ထဲမှ ကယ်တင်ခဲ့ရပြီး လူပေါင်း ၃၀၀ ကို ဘင်္ဂလာဒေချ့်နိုင်ငံကို ပြန်ပို့ခဲ့သည်ဟု ဆိုသည်။ ကျန်လူများကိုလည်း ပြန်ပို့ရန် စီစဉ်နေကြောင်း The Daily star သတင်းစာက ဖေါ်ပြသည်။

ထိုင်းနိုင်ငံထောင်အသီးသီးတွင် ဖမ်းဆီးခံနေရသော မိမိကိုယ်ကို ဘင်္ဂလာဒေချ့်နိုင်ငံသားဟု ခံယူထားသူ လူပေါင်း ၂၅၃ ကို ယခုအခါ ဘင်္ဂလာဒေချ့်နိုင်ငံ ပြည်ထဲရေး ၀န်ကြီးမှ သူ့နိုင်ငံသား ဟုတ်/ မဟုတ်ကို စစ်ဆေးနေသည်ဟု ဆိုသည်။

ထိုအထဲမှ ၂၁၃ ဦးကို စစ်ဆေးရာတွင် ဘင်္ဂလာဒေချ့်နိုင်ငံသား မဟုတ်သူ ၆ ဦးမှ ရ ဦးသာ ပါ၀င်ပြီး ကျန်လူများမှာ ဘင်္ဂလာဒေချ့် နိုင်ငံသားများဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ ဘင်္ဂလာဒေချ့် ကောင်စစ်ဝန် မှ ပြောကြောင်း The Daily Star တွင် ဖေါ်ပြထားသည်။

Most read this week