မဲဆွယ်စည်းရုံးခွင့်ကာလ သတ်မှတ်ချက် မပြင်သေး၍ နိုင်ငံရေးပါတီအချို့ စိုးရိမ်

မဲဆွယ်စည်းရုံးခွင့်ကာလ သတ်မှတ်ချက် မပြင်သေး၍ နိုင်ငံရေးပါတီအချို့ စိုးရိမ်
by -
မဇ္စျိမ

မဲဆွယ်စည်းရုံးခွင့်ကာလကို ဇူလိုင်လအတွင်းက တစ်လသာ ပြင်ဆင်သတ်မှတ်လိုက်၍ ပါတီတို့၏ ဝေဖန်မှုကို ကြံုတွေ့ရပြီးနောက်ပိုင်းရက်ပေါင်း ၆၀ သို့ ပြန်လည်ပြင်ဆင်ပေးမည်ဟု ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင်က ပြောဆိုထား သော်လည်း ယနေ့တိုင် ပြင်ပေးခြင်း မရှိသေး၍ စိုးရိမ် သည်ဟု နိုင်ငံရေး ပါတီ အချို့က ပြောသည်။

“နှုတ်တစ်ရာစာတစ်လုံးဆိုတဲ့ အတိုင်းစာနဲ့ သေချာအောင် မြန်မြန်ထုတ်ပေးနိုင်ရင် ပိုကောင်းတာပေါ့။ ရှေ့ မှာလည်း လွဲခဲ့ပြီးတာတွေရှိခဲ့ပြီးပြီ။ အဲဒါတွေကမှတ်တမ်းတွေ ဖြစ် သွားပါလိမ့်မယ်” ဟု အမျိုးသားဒီမိုက ရေစီ အင်အားစုပါတီ အတွင်းရေးမှူး ဦးနေမင်းကျော်က မဇ္ဈိမကို ပြောသည်။

U-Tin-Aye

မတ် ၂၀ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှစ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ၂၀၁၄ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည်ဟု အကြိမ်ကြိမ်ပြော ဆိုထားသော်လည်း စက်တင်ဘာ ရ ရက် အရောက်တွင် မလုပ်ဖြစ်တော့ဟု ဆိုခြင်းကို ထောက်ချင့်၍ ၎င်းတို့က စိုးရိမ်နေ ကြခြင်းဖြစ်သည်။

“အရင်တုန်းကတော့ အလွန်အရေးကြီးတဲ့ ၂၀၁၄ ကြားဖြတ်ကိုတောင် ကတိပျက်ခဲ့လို့ တကယ်လို့သာ မပြင်ဘူးဆိုရင် ကော်မရှင်ကိုပါတီခေါင်းဆောင်တွေ ရှေ့မှာပဲယုံကြည် ရမလားဆိုတာကို မေးမယ်။ အခု ထဲကတော့ ကြိုပြီး ပြင်ထားရင် ပိုကောင်းတာပေါ့” ဟု ဖက်ဒရယ်ပြည်ထောင်စုပါတီ ဒုတိယ ဥက္ကဋ္ဌ-၂ ဦးစောသန်းမြင့်က ပြောသည်။

ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ် အမှုဆောင် ဦးအေးသာအောင်ကလည်း “နှုတ်ကတိပေးထားပေမယ့် စိုး ရိမ်ပါတယ်။ ရခိုင်ဒေသမှာက သွားရေးလာရေးက တခြားထက် ပို ခက်ပါတယ်။ နီးမှတစ်မျိုးဖြစ်မယ်ဆိုရင် ပါတီတွေ တော်တော်ခက်ပါမယ်။ ရှေ့မှာပေးထားတဲ့ ကတိတွေကလည်း ပျက်ခဲ့ပါပြီ။ ကတိပေးပြီးမှ မပြင် ရင်တော့ ပါတီတွေက စုပေါင်းပြီး ကော်မရှင်နဲ့ ဆွေးနွေးရပါမယ်။ အဲဒီလိုတွေ မစိုးရိမ်ရအောင် ကော်မရှင် က အခုချိန်က တည်းကပြင်ပြီး ပါတီတွေကိုအကြောင်းကြားပေးသင့်ပါတယ်”ဟုဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ပြောရေးဆိုခွင့်ရှိသူ ဦးသောင်းလှိုင်ကမူ မဲစာရင်းပြုစုနေသည့် ကိစ္စများရှိနေခြင်းကြောင့် လတ်တလော ထုတ်ပြန်ရန်မရှိ ဟု ပြော သည်။“လတ်တလောတော့ မထုတ်ပြန်သေးဘူး။ ရွေးကောက်ပွဲရက် သတ်မှတ်ပြီးတော့မှပဲ ထုတ်မယ်” ဟု ၎င်း က ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ဖြစ်တော့ဟု ရုတ်တရက်ကြေညာလိုက် သည့်နေ့၌ပင် ပြည်ထောင် စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၅ခုနှစ် နိုဝင်ဘာ   နောက်ဆုံး ပတ်အတွင်း အထွေထွေ ရွေး ကောက်ပွဲကျင်းပပေးမည်ဟု ဆိုထားသည်။