နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦး စာမေးပွဲကျ၍ ကြိုးဆွဲချသေဆုံး

နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦး စာမေးပွဲကျ၍ ကြိုးဆွဲချသေဆုံး
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ နည်းပညာ တက္ကသိုလ်မှ ကျောင်းသား တစ်ဦးသည် ဒုတိယနှစ် စာမေးပွဲကျရာမှ ကြိုးဆွဲချ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ ဘူးသီးတောင်မြို့နယ် ကျိန်ကျောင်ကျေးရွာမှ (ဘ) ဦးမောင်ဦးသာနှင့် (မိ) ဒေါ်မညီးတို့၏ သား ညီညီဇံ (၂၀) နှစ်ဖြစ်ကြောင်း သူ၏ ဆွေမျိုးများက ပြောကြားသည်။

gtu

နည်းပညာတက္ကသိုလ် (စစ်တွေ)မှ ဒုတိယနှစ် ကျောင်းသားများ၏ စာမေးပွဲ အောင်စာရင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ရာ သူ့မှာ စာမေးပွဲကျသဖြင့် မိဘများက ဆူပူရာမှ ကျိန်ကျောင်ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ယင်းနေ့ ညနေ (၇) နာရီခန့်တွင် ကြိုးဆွဲချ သေဆုံးသွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ညီညီဇံ၏ မိဘများမှာ လယ်သမားများ ဖြစ်ကြပြီး ၎င်းကျိန်ကျောင်ကျေးရွာမှာ ဘူးသီးတောင်မြို့နယ် တောင် ဘက်ပိုင်းမှ လူသိများသော ညောင်ချောင်းကျေးရွာ အနီးတွင် တည်ရှိကြောင်း သိရသည်။

Most read this week