ဂျပန် ရခိုင်လူမှုရေး အသင်းတွင် အမျိုးသမီး တစ်ဦးကို ဥက္ကဌ အဖြစ် ပထမဆုံး အကြိမ် ရွှေးချယ် တင်မြှောက်

ဂျပန် ရခိုင်လူမှုရေး အသင်းတွင် အမျိုးသမီး တစ်ဦးကို ဥက္ကဌ အဖြစ် ပထမဆုံး အကြိမ် ရွှေးချယ် တင်မြှောက်
ရခိုင်လူမှုရေးအသင်း ( ဂျပန် ) Arakan Social Association (Japan) ၏ ၂ဝဝ၈ - ၂ဝဝ၉ နှစ်ပတ်လည် အစည်း အဝေးနှင့် အလုပ်အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲတွင် ရခိုင် အမျိုးသမီး တဦးကို ပထမဆုံး အကြိမ် ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက် ...

ရခိုင်လူမှုရေးအသင်း ( ဂျပန် ) Arakan Social Association (Japan) ၏ ၂ဝဝ၈ - ၂ဝဝ၉ နှစ်ပတ်လည် အစည်း အဝေးနှင့် အလုပ်အမှုဆောင်သစ် ရွေးချယ် တင်မြှောက်ပွဲတွင် ရခိုင် အမျိုးသမီး တဦးကို ပထမဆုံး အကြိမ် ဥက္ကဌ အဖြစ် ရွှေးချယ် တင်မြှောက်လိုက်သည်။

ရွှေးချယ် တင်မြှောက်ခြင်း ခံရသူမှာ မခင်သီတာအောင် ဖြစ်ပြီး ရခိုင်လူမူရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် အမျိုးသမီး ဖြစ်သည်ဟု သိရသည်။

သူမ အနေဖြင့် ၂ဝဝ၉ - ၂ဝ၁ဝ ခုနှစ် သက်တမ်း အတွက် ဥက္ကဌ အဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

ရွှေးချယ် တင်မြှောက်ပွဲ အခမ်းအနားကို ဇွန်လ ရ ရက် တနင်္ဂနွေ နေ့က တိုကျိုမြို့ရှိ Yokomaha Kenmin Center တွင်ကျင်းပခဲ့ပြီး အသင်းသူ အသင်းသား အများအပြား တက်ရောက်ခဲ့သည်။

ရခိုင် လူမှုရေး အသင်းဂျပန်တွင် အသင်းသူ အသင်းသားပေါင်း (၈ဝ)ကျော်ရှိပြီး နိုင်ငံရေးမပါဘဲ ရခိုင် လူမှုရေး အကျိုးပြုလုပ်ငန်းများ သက်သက်ကိုသာ ဆောင်ရွက် လုပ်ကိုင်နေသော အဖွဲ့အစည်း တရပ် ဖြစ်သည်။

ရခိုင်လူမှုရေးအသင်း (ဂျပန်)ကို လူမှုရေး အကျိုးပြုုလုပ်ငန်းများအား အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဂျပန်ရောက် ရခိုင်အမျိုးသားများက ၁၉၉၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

အသင်း၏ ၁၇ နှစ်တာကာလအတွင်း မခင်သီတာအောင်သည် ပထမဦးဆုံးသော အမျိုးသမီးဥက္ကဌ တစ်ဦး ဖြစ်သည်သာမက အမျိုးသား၊ အမျိုးသမီး ရောနှော ပါဝင် ဖွဲ့စည်းထားသော ရခိုင် အဖွဲ့အစည်းများထဲတွင်လည်း ပထမဆုံးသော ရခိုင် အမျိုးသမီး ဥက္ကဌဖြစ်သည်။

ရခိုင်လူမှုရေးအသင်း (ဂျပန်)သည် ပြည်တွင်းထဲရှိ ရခိုင်ကျောင်းသား လူငယ်များအတွက် ပညာသင် ထောက်ပံ့ကြေးများကို နှစ်စဉ်ပံပိုးကူညီလျှက်ရှိပြီး လွန်ခဲ့သော နှစ်က ကျရောက်ခဲ့သော နာဂစ် လေဘေး ဒုက္ခသည်များ အတွက်လည်း အကူအညီ အများအပြားကို ပံပိုး ကူညီ လှူဒါန်းခဲ့သည်ဟု သိရသည်။

Most read this week