မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ချပြမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ဝန်ကြီးချုပ်ဆို

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ချပြမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ဝန်ကြီးချုပ်ဆို
by -
နိရဥ္စရာ

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိကြောင်း ကမ္ဘာသို့ခိုင်ခိုင်မာမာချပြသွားမည်ဟု ရခိုင်ပြည်နယ်ဝန် ကြီးချုပ်ဦးမောင်မောင်အုန်းက ထုတ်ဖော်ပြောကြားလိုက်သည်။

နိုဝင်ဘာ ၁၅ ရက်နေ့၊ နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ် အစိုးရအဖွဲ့ရုံးအ စည်းအဝေးခန်းမတွင်ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က အထက်ပါအတိုင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

press-conference-of-mg-mg-own

“ကျွန်တော်စဉ်းစားနေပါတယ်။ ဒေါက်တာအေးချမ်းတို့နဲ့တိုင်ပင်ပြီးတော့ စာအုပ်တစ်အုပ်ပြုစု မယ်။ ကျွန်တော်တို့ပြုစုထားတဲ့စာအုပ်ကို သမိုင်းသုတေသီတွေ၊ ပညာရှင်တွေ၊ ကမ္ဘာက အသိအမှတ် ပြုထား တဲ့သူတွေနဲ့ reforming ယူပြီးတော့မှ ကမ္ဘာတစ်ခုလုံးကိုပို့ရမယ်။ ခိုင်ခိုင်မာမာကိုပြောရမယ်။ သူတို့ဘက်က ရှိပါတယ်ဆိုတာကို ကျွန်တော်တို့ဘက်ကလည်း မဟုတ်ဘူးဆိုတာကိုပြောရမယ်”ဟု ဝန်ကြီးချုပ်ကဆိုသည်။

မြန်မာသမ္မတဦးသိန်းစိန်ကိုယ်တိုင်က မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးမရှိဟုထုတ်ဖော်ပြော ကြားထားပြီးဖြစ်သော်လည်း အဆိုပါပြောဆိုချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းသို့ချပြပြောဆို ထား ခြင်းမဟုတ်သေး သည့်အတွက် နိုင်ငံံတကာကလည်း ထိုလူမျိုးအမှန်တကယ်ရှိ သည်ဟုယူဆနေကြ ခြင်းဖြစ်သည်။

ယင်းသို့ယူဆနေကြသည့်အတွက် ကမ္ဘာပေါ်ရှိ နိုင်ငံ့ခေါင်းဆောင်ကြီးများပါဝင်သော နိုင်ငံတ ကာအသိုင်းအဝိုင်းတွင် ယနေ့ထက်တိုင်ထိုအသုံုးအနှုန်းကိုစွဲမြဲစွာလက်ခံသုံးစွဲဲ နေကြခြင်းလည်းဖြစ်သည်။

ယင်းတို့ကိုချေဖျက်နိုင်ရန် မြန်မာသာမက ကမ္ဘာတွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာသို့ချပြ မည့် စာအုပ်တစ်အုပ်ကို စနစ်တကျပြုစုရန်လိုအပ်လာပြီဖြစ်သည့်အတွက် သမိုင်းပညာရှင်များ၊ အသိ ပညာ၊ အတတ်ညာများနှင့် ဆွေးနွေးတိုင်ပင်ရန်လိုအပ်လာပြီဖြစ်ကြောင်း ဝန်ကြီးချုပ်က ထောက်ပြ ပြောဆိုသွားခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး ရခိုင်ဒေသခံ ဦးသာကျော်က “ဒီလိုမျိုး ကမ္ဘာကိုချပြလိုက်မယ်ဆိုရင် တော့ နိုင်ငံတကာ ကအနေနဲ့ကလည်း ဒီရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို တစ်မျိုးတစ်ဖုံပြောင်းလဲပြီး သုံးစွဲကောင်း သုံးစွဲလာနိုင်တယ်”ဟု သုံးသပ်ပြောသည်။

သို့သော် ယင်းအသုံးအနှုန်းနှင့်ပတ်သက်ပြီး နိုင်ငံတကာသို့ချပြမည့်စာအုပ်ကို မည်သည့်အချိန် တွင်စတင်ပြုစု၍ ကမ္ဘာသို့မည်သို့့မည်ပုံချပြသွားမည်ဆိုသည်ကို ဝန်ကြီးချုပ်က ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း အာဆီယံထိပ်သီးအစည်းအဝေးသို့တက်ရောက်လာသည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာနိုင်ငံရှိ ဘင်္ဂါလီများကို ရိုဟင်ဂျာဟူ သောအသုံုးအနှုန်းကိုအစားထိုးသုံးနှုန်းသွားခဲ့သည့်အတွက် ယင်းအပေါ် မြန်မာ့လူအသိုင်းအဝိုင်းတစ် ခုလုံးက ကန့်ကွက်ရှုတ်ချခဲ့ကြသည်။

အလားတူ ၂ဝ၁၂ ခုနှစ်အတွင်းက အမေရိကန်သမ္မတဘားရတ်အိုဘားမား၏မြန်မာနိုင်ငံခရီး စဉ်အတွင်းတွင်လည်း ထိုအသုံးအနှုန်းကို ထည့်သွင်း သုံးစွဲခဲ့ရာ မြန်မာ့လူအဖွဲ့အစည်းများက ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

မြန်မာသာမက ကမ္ဘာပေါ်တွင် ရိုဟင်ဂျာလူမျိုးမရှိကြောင်းကို မြန်မာအစိုးရက ကမ္ဘာသို့ ချပြ ပြောဆိုထားခြင်းမရှိသေးသည့်အတွက် နိုင်ငံတကာစာမျက်နှာများတွင် ထိုအသုံးအနှုန်းကို လက်ခံသုံး စွဲနေရခြင်းဖြစ်သည်ဟု စစ်တွေမြို့တွင်လူမှုကယ်ဆယ်ရေးလုပ်ငန်းများလုပ်ကိုင်နေသည့် နိုင်ငံတကာ NGO တစ်ခုမှအကြီးအကဲတစ််ဦးက ၂ဝ၁၂ ခုနှစ်အတွင်းက ဒေသတွင်းမီဒီယာသမားများနှင့်တွေ့ဆုံ စဉ်ပြောကြားခဲ့ဖူးသည်။

Most read this week