ဝ တောင်ပိုင်းဒေသ ဝန်ထမ်းများ စစ်ရေးအသင့်ပြင်ရန် မြန်မာတပ်များ ညွန်ကြား

ဝ တောင်ပိုင်းဒေသ ဝန်ထမ်းများ စစ်ရေးအသင့်ပြင်ရန် မြန်မာတပ်များ ညွန်ကြား
by -
ဇော်ကြီး
ရှမ်းပြည်တောင်ပိုင်း၊ မိုင်းတုန်မြို့နယ် နားကောင်းမူးကျေးရွာရှိ အစိုးရဝန်ထမ်းများအား ဒေသခံတပ်က စစ်ရေး အ ရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ထားရန် ညွန်ကြားထားသဖြင့် တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေ ...

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းတုန်မြို့နယ် နားကောင်းမူးကျေးရွာရှိ အစိုးရဝန်ထမ်းများအား ဒေသခံတပ်က စစ်ရေး အ ရေးပေါ် ပြင်ဆင်မှုများ ပြုလုပ်ထားရန် ညွန်ကြားထားသဖြင့် တိုက်ပွဲများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေ ကြသည်။

မြန်မာစစ်အစိုးရက ဝ လက်နက်ကိုင်တပ်ဖွဲ့များအား နယ်ခြားစောင့်တပ်ဖွဲ့စည်းရန် ကမ်းလှမ်းထားသည့် ကိစ္စနှင့် ပတ်သက်၍ ညှိနိုင်းမှု အဆင်မပြေပါက တိုက်ပွဲများ ဖြစ်ပေါ် လာနိုင်သဖြင့် ကတုတ်ကျင်းများတူးထားကြရန်  အ ရပ်သား ဝန်ထမ်းများအား ပြောသည် ဟု ဒေသခံရွာသားတဦးက ယခုလိုပြောသည်။

“အခုဒီရက်ပိုင်းအတွင်းမှာ ရှုပ်ဖို့များတယ်။ ဝန်ထမ်းအချင်းချင်းဆိုတော့ တိုးတိုးတိတ်တိတ် ပြောပြတာ ပေ့ါနော်။ ဗုံးကျင်းတွေတူးထားလို့ပြောတယ်။ စစ်သားတွေက သူတို့ကိုပြော ပြတာပေ့ါနော်။ တကယ် လို့ ဝ တွေက လျော့ရင်လျော့ မလျော့ရင်တွယ်မယ်ပေ့ါ။ နောက်ဆုံးတကြိမ် ထပ်ညှိမယ်။ ညှိလို့မရရင် တွယ်မယ်ပေ့ါ။”

စစ်အစိုးရတပ်နှင့် တောင်ပိုင်း ဝ တပ်များ ညှိနိုင်းမှု အဆင်မပြေလျှင် တိုက်ပွဲများဖြစ်ပေါ် လာမည်ကို ဒေသခံရွာ သားများအနေနှင့် စိုးရိမ်နေကြပြီး ပြောင်းရွှေ့နေထိုင်သူအချို့ ရှိသည်ဟု ၎င်းက ယခုလို ဆက်ပြောသည်။

“အခုရွာသားတွေက တချို့ချမ်းသာတဲ့သူ၊ တတ်နိုင်တဲ့သူတွေက တခြားနေရာပြောင်းကြ တာပေ့ါ။ တာချီလိတ်သွားနေတဲ့သူ ကနေပေ့ါ။ တချို့ကျတော့ ယိုးဒယားထဲ ဝင်တဲ့သူကဝင်ပေါ့နော်။ တချို့တွေ ကျတော့ ဆန်တွေဝယ်ထားကြတာလည်းရှိတယ်။”

စစ်အစိုးရတပ်မှ အရပ်သားဝန်ထမ်းများအား တပ်လှန့်ထားသည်ကို ကြားသိရကြောင်း ရှမ်းသံတော်ဆင့် သတင်း စဉ် လက်ထောက်အယ်ဒီတာ ဦးစိန်ကြည်က ယခုလိုပြောသည်။

“နားကောင်းမူးတို့ ပုံပါကျင်တို့မှာ ပြောတာဆိုတာရှိတယ်တဲ့ သတိဝိရိယနဲ့ နေကြဖို့ပေ့ါ။ သတင်းတွေ ဘာတွေ ထူးခြားလို့ရှိရင် သက်ဆိုင်ရာကို အကြောင်းကြားဖို့်။ ဒါမှမဟုတ် ကိုယ့်မိသားစု၊ ကိုယ့်စည်းစိမ် ဥစ္စာ စိတ်ချလုံခြံုဖို့အတွက်ဆိုရင် ကိုယ့်ဟာကိုယ် ခြံထဲမှာ ဖြစ်ဖြစ်၊ အိမ်နီးနားမှာပဲဖြစ်ဖြစ် ကတုတ် ကျင်းတွေ ဘာတွေ တူးထားသင့်ရင်လည်း တူးထားကြဖို့ လိုတယ်ပေ့ါ။ မတူးမနေရ အိမ်တိုင်းတူးရမယ် ဆိုတဲ့ပုံစံတော့ မဟုတ်ဘူး။”

ထိုင်းမြန်မာနယ်စပ်ဂိတ် BP-1 ခေါ် နောင်အုတ်မှ တရက်ခရီးအကွာတွင်ရှိသော တာဆန်းတံတား၌ ရိုးရိုးသာမန် အရပ်သားကားများ ဖြတ်သန်းခွင့်ကို ယမန်နေ့ညနေမှစ၍ ပိတ်ထားလိုက်ပြီး စစ်ကားများသာ သွားလာခွင့်ရှိ သည်ဟု အဆိုပါ နားကောင်းမူး ဒေသခံက ယခုလို ဆက်ပြောသည်။

“ကျနော်သိတာတော့ တာဆန်းတံတားတော့ အရပ်သားကားတွေပေးမသွားဘူးပေ့ါ။ ပိတ်ထားတယ် ပေ့ါ။ စစ်ယာဉ်တန်းတွေ သွားဖို့ပေ့ါဗျာ။ ဒီရက်အတောအတွင်းပေ့ါ။”

တပ်မ (၅၅) လက်အောက်ခံတပ်ရင်း (၃) ရင်းသည် ယမန်နေ့က တာဆန်းတံတားတွင် ရောက်ရှိနေပြီး ၎င်းတို့ နှင့်အတူ မိုင်းဆတ်မှ အချုပ်သား ၅ဝ ခန့်ပါလာသည်ဟု  ဦးစိန်ကြည်က ပြောသည်။

“ထူးခြားတာ တစ်ခုက မနေ့က မိုင်းဆတ်က အချုပ်သားတွေထောင်သားတွေ လေးငါးဆယ်လောက် မိုင်း တုန်ဖက်ကို နားကောင်းမူး၊ ပုံပါကျင်ဖက်ကို ကားနဲ့တင်လာတယ်တဲ့။ နအဖတပ်က အဲတာ ရှေ့ တန်းအတွက် ချောထမ်းဖို့လား၊ ဘာလားတော့ မသိဘူးလို့ပြောနေကြတယ်။”

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စနှင့်ပတ်သက်၍ ဗိုလ်ချုပ်ရဲမြင့်နှင့်အဖွဲ့သည် ယခုလ ၄ ရက်နှင့်  ၆ ရက်နေ့ များက  ကိုးကန့်နှင့် ဝ ဒေသ များသို့ရောက်ရှိခဲ့ပြီး ယနေ့ မိုင်းလားသို့ ထွက်ခွာသွားသည်ဟု တရုတ်မြန်မာနယ် စပ် စစ်ရေးအကဲခတ်သူ ဦးအောင်ကျော်ဇောက ပြောသည်။

Most read this week