ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့မှ စစ်တွေထောင်တွင် ထမင်းပေါင်းအိုးများ လှူဒါန်း

ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့မှ စစ်တွေထောင်တွင် ထမင်းပေါင်းအိုးများ လှူဒါန်း
by -
နိရဥ္စရာ

ရန်ကုန် အခြေစိုက် ရခိုင်အမျိုးသားလူမှုကယ်ဆယ်ရေးအဖွဲ့မှ စစ်တွေထောင်အတွက် ထမင်းပေါင်းအိုးကြီးများကို နိုဝ်ငဘာ ၁၁ ရက်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

“ ထောင်ထဲမှာ ထောင်သားတွေအတွက် ထမင်းကို ပေပါပုံးခွံတွေနဲ့ ချက်ပြုတ်ရတယ်။ ဒါက မသန့်ရှင်းတဲ့ အပြင် ကျန်းမာရေးကိုပါ ထိခိုက်တဲ့ အတွက် ကျန်းမာရေး ကောင်းမွန်ဖို့ကို ရည်ရွယ်ပြီး အဆင်သင့် ပေါင်းနိုင်တဲ့ ထမင်းပေါင်းအိုးတွေကို သွားရောက် လှူဒါန်းရတာဖြစ်ပါတယ်” ဟု အဖွဲ့၏ နာယက ဆရာတော် ဦးဇင်းကုမာက ပြောသည်။

Narinjara12

လှူဒါန်းသော ထမင်းပေါင်းအိုး (၃) လုံး၏ တန်ဖိုးမှာ စုစုပေါင်း ကျပ်ငွေ (၅) သိန်းခွဲကျော်ရှိသည်ဟု သိရသည်။

ဦးဇင်းတို့ သွားရောက်လှူဒါန်းတဲ့ အချိန်က နေ့လယ် တစ်နာရီပါ။ ထမင်းအိုးတွေကို ထောင်မှူးကြီးက လက်ခံ ယူပါတယ်။ ထောင်သား အချို့လည်း အခမ်းအနားကို တက်ရောက်ပါတယ်” ဟု ဦးဇင်းက ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေထောင်တွင် ထောင်သား ၁၀၀၀ ကျော်ရှိကြောင်း သိရသည်။

Most read this week