မာန်အောင်မြို့နယ် သစ်ပုံကျေးရွာတွင် ANP ပါတီဆိုင်းဘုတ်တင်

မာန်အောင်မြို့နယ် သစ်ပုံကျေးရွာတွင် ANP ပါတီဆိုင်းဘုတ်တင်
by -
နိရဥ္စရာ

ရခိုင်အမျိုးသားပါတီ (ANP) ၏ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို မာန်အောင်မြို့နယ် သစ်ပုံကျေးရွာတွင် နိုဝင်ဘာလ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

ယင်းဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ဦးကျော်မြင့် နေအိမ်တွင်ပြုလုပ်ခဲ့ကြောင်း၊ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း အဖွဲ့ဝင် တစ်ဦးက ပြောသည်။

manaung

၄င်းအခမ်းအနားတွင် မာန်အောင်မြို့နယ် ANP ပါတီဥက္ကဌ ဦးစံလင်းအောင်မှ “ ရခိုင်အမျိုးသားပါတီ ဆိုင်းဘုတ်တင်ပွဲကို သစ်ပုံကျေးရွာတွင် ပြုလုပ်နိုင်တဲ့ အတွက် အထူးဝမ်းသာပါတယ်။ ပါတီအကျိုး တိုင်းပြည်အကျိုးကို အားလုံး ၀ိုင်းဝန်း လုပ်ဆောင်နိုင်ကြလိမ့်မယ်ဟု မျှော်လင့်ပါတယ်” ဟု ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ပြုလုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

သစ်ပုံကျေးရွာအုပ်စုတွင် ANP ပါတီဝင်အင်အား ၁၀၀၀ ကျော်ခန့်ရှိကြောင်း၊ ရခိုင် အမျိုးသားပါတီကို အဓိက ထောက်ခံနေသော  ကျေးရွာတစ်ခု ဖြစ်ကြောင်း သစ်ပုံကျေးရွာ ANP ပါတီဥက္ကဌဦးဇော်မင်းသိန်း က ပြောကြားသည်။

သစ်ပုံကျေးရွာအုပ်စုသည် ယခုအချိန်၌ မာန်အောင်မြို့နယ်တွင် ANP ပါတီဝင်အင်အား အများဆုံးရှိသော ကျေးရွာအုပ်စု တစ်ခုဖြစ်သည်။

Most read this week