မြောက်ဦးမြို့တွင် ရေတွင်းတူးရာမှ ရှေ့ခေတ် လှေတစ်စင်း ထွက်ပေါ်လာ

မြောက်ဦးမြို့တွင် ရေတွင်းတူးရာမှ ရှေ့ခေတ် လှေတစ်စင်း ထွက်ပေါ်လာ
ရခိုင်ပြည် မြောက်ဦးမြို့တွင် ရှေ့ခေတ်အခါက အသုံးပြုခဲ့သည့် လှေတစင်းကို ရေတွင်း တူးရာမှ မြေထဲ၌ မြုပ်နှံလျက် တွေ့ရှိခဲ့သည်ဟု 7 days news ကိုးကားပြီး ဆင်ဟွာ သတင်း က ဖေါ်ပြသည်။ အဆိုပါ သတင်း၏ ဖေါ်ပြချက်အရ ဒေသခံများက မေလ (၂၈)ရက်နေ့တွင် မြောက်ဦးမြို့ တံတိုင်းအနီး ရေတွင်း တူးရာမှ ...

ရခိုင်ပြည် မြောက်ဦးမြို့တွင် ရှေ့ခေတ်အခါက အသုံးပြုခဲ့သည့် လှေတစင်းကို ရေတွင်း တူးရာမှ မြေထဲ၌ မြုပ်နှံလျက် တွေ့ရှိခဲ့သည်ဟု 7 days news ကိုးကားပြီး ဆင်ဟွာ သတင်း က ဖေါ်ပြသည်။

အဆိုပါ သတင်း၏ ဖေါ်ပြချက်အရ ဒေသခံများက မေလ (၂၈)ရက်နေ့တွင် မြောက်ဦးမြို့ တံတိုင်းအနီး ရေတွင်း တူးရာမှ ထိုလှေကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး၊ လွန်ခဲ့သော နှစ်ပေါင်း (၄ဝဝ) ကျော် ကတည်းကပင် ထိုနေရာ၌ မြုပ်နှံတည်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း အများက ယူဆနေကြ သည်။

အဆိုပါ လှေမှာ ၅ မီတာကျော် ရှည်လျားပြီး၊ မြေထဲသို့ အနက် ရ မီတာကျော် တူးပြီး သောအခါ အဆိုပါလှေအား မြုပ်နှံတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

လူနှစ်ယောက် လှော်ခတ်နိုင်သည့် အဆိုပါလှေမှာ မြောက်ဦး ခေတ်က အသုံးပြုသည့် ကင်းလှည့်လှေ အမျိုးအစား ဖြစ်နိုင်ကြောင်း သမိုင်း လေ့လာသူများက ပြောဆိုနေကြသည်။

အဆိုပါလှေကို ပြန်လည်မွမ်းမံပြီး မြောက်ဦးရှေ့ဟောင်းပြတိုက်တွင် ပြသထားမည် ဖြစ်ကြောင်း သိရှိရသည်။

မြောက်ဦးမြို့သည် မြန်မာနိုင်ငံ၌ တခိုးကြီး ဘုရားတစ်ဆူဖြစ်သည့် ကျောက်တော် မဟာမုနိဘုရားမှ မိုင် (၃ဝ) အကွာတွင်ရှိပြီး၊ လွန်ခဲ့သော အေဒီ ၁၅ ရာစုမှ ၁၈ ရာစုထိ ရခိုင်ဘုရင်များ နန်းစိုက်ရာ ရှေ့ဟောင်းမြို့တော် တစ်ခုဖြစ်ခဲ့သည်။

သို့အတွက် မြောက်ဦး မြို့ အနီး တဝိုက်တွင် ရှေ့ဟောင်း ဘုရားစေတီပုထိုးများမှာ အဆိုပါ ဒေသတွင် လက်ညိုးထိုး မလွဲအောင် ပေါ်များသည်။

Most read this week