အရပ်သား လူငယ်တဦး မတော်တဆ ကျည်ဆံထိမှန်၍ သေဆုံး

အရပ်သား လူငယ်တဦး မတော်တဆ ကျည်ဆံထိမှန်၍ သေဆုံး
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရခိုင်လူငယ် တဦးမှာ နအဖ စစ်တပ်မှ စစ်သားတဦး၏ သေနတ် မတော်တဆ ပေါက်ကွဲရာမှ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ သေဆုံးသွားသူမှာ ကိုရွှေဦး (၂၆ နှစ်) ဖြစ်ပြီး ပလက်ဝမြို့နယ် အိန္ဒိယ နယ်စပ် အနီးတွင် တည်ရှိသော သရော်အိုင် ကျေးရွာမှ ဖြစ် ...

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ရခိုင်လူငယ် တဦးမှာ နအဖ စစ်တပ်မှ စစ်သားတဦး၏ သေနတ် မတော်တဆ ပေါက်ကွဲရာမှ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

သေဆုံးသွားသူမှာ ကိုရွှေဦး (၂၆ နှစ်) ဖြစ်ပြီး ပလက်ဝမြို့နယ် အိန္ဒိယ နယ်စပ် အနီးတွင် တည်ရှိသော သရော်အိုင် ကျေးရွာမှ ဖြစ်သည်။

“သူ့အဖေ နာမည်က ဦးသိန်းရွှေ ဖြစ်ပါတယ်။ မနေ့က ပလက်ဝကို သရော်အိုင်ကနေ စက်လှေ တစီးနဲ့ ဆင်းလာတာမှာ ခုလို စစ်သား တဦးရဲ့ သေနတ် မတော်တဆ ပေါက်ကွဲပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။ လူသေမူဆိုတော့ စစ်သားလည်း ကြောက်ပီး သေနတ်ကို မယူဘဲ စက်လှေပေါ်က ခုန်ချ ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟုအမည်မဖေါ်လိုသူ ပလက်ဝမြို့ပေါ်မှ လူငယ် တဦးက ပြောသည်။

ထွက်ပြေးသွားသော စစ်သားမှာ ဇော်မျိုးအောင်ဖြစ်ပြီး ငှက်ဖျားဖြစ်၍ ရှေ့တန်းမှ ပလက်ဝ နောက်တန်း တပ်ရင်းသို့ ပြန်စဉ် စက်လှေပေါ်တွင် သေနတ် ပေါက်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

“အလောင်းကတော့ မနေ့ညနေက ပလက်ဝကိုရောက်ရှိလာပါတယ်။ ရဲက အလောင်းကို စစ်ဆေးပြီး ဆေးရုံကို ဆေးစစ်ချက်ယူဖို့ ပို့လို်က်ပါတယ်။ ကျွန်တော်တို့ သွားကြည့်တော့ ဘယ်ဘက် နို့အုံအောက်က ဝင်သွားပြီး ဘယ်ဘက် ရင်ဖတ်က ထွက်သွားတာကို တွေ့ရပါတယ်။” ဟု သူက ပြောသည်။

ယခုကဲ့သို့ အရပ်သား လူငယ် တဦး စစ်သား တဦး၏ ကျည်ဆံ ထိမှန်သေဆုံး သွားသော်လည်း မိသားစု အနေဖြင့် နစ်နာကြေး ရရှိမည် မဟုတ်ဟု အဆိုပါ အရပ်သား လူငယ်က ပြောသည်။

“ခုလို သေဆုံးသွားတဲ့အတွက် လျော်ကြေးရတယ်လို့ ကျွန်တော် တသက်မှာ တခါမှ မကြားဖူးပါဘူး။ ကျန်ရစ်တဲ့ မိဖတွေဆီကတောင် ရဲနဲ့ စစ်တပ်က လူသေမူဆိုပြီး ခြိမ်းခြောက် ငွေတောင်းချင် တောင်နေအုံးမှာ။ တောသူ တောင်သားတွေ ဆိုတော့လည်း ကြောက်ပီး ခုလို ခြိမ်းခြောက် ငွေတောင်းရင် ပေးနေကြတာပါဘဲ။”

Most read this week