စစ်တွေတွင် အမျိုးသမီးကြီးတစ်ဦးကို ရေတွင်းထဲ သေဆုံး၍ တွေ့ရှိ

စစ်တွေတွင် အမျိုးသမီးကြီးတစ်ဦးကို ရေတွင်းထဲ သေဆုံး၍ တွေ့ရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို  ့လမ်းမတော်မြောက်ရပ်ကွက် အလယ်လမ်းတွင် အမျိုးသမီးကြီးတစ်ဦးကို ရေတွင်း ထဲတွင် သေဆုံး၍  တွေ့ရှိခဲ့ရသည်ဟု သတင်း ရရှိသည်။

သေဆုံးသူမှာ  ဒေါ်မဥ္ဖူ (၅၂) နှစ် (ဘ)ဦးအောင်ကျော်ဇောဖြစ်ကြောင်း သိရသည်။

PH

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ရ နာရီ အချိန်တွင် အိမ်နီးချင်းများမှ ဒေါ်စိန်လှ၏ ခြံဝင်းအတွင်းရှိ ရေ တွင်ထဲတွင် ရေနစ် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း ရပ်ကွက်သူ ရပ်ကွက်သားများက ပြောဆိုသည်။

ဒေါ်မဥ္ဖူမှာ ဆင်းရဲ ပင်ပန်းပြီး မိသားစု ဆွေမျိုးတော်စပ်သူတွေထံတွင်  အိမ်အကူလုပ်ပြီး ဘဝဝမ်းကျောင်းသူ ဖြစ်ကြောင်း၊ ကျန်းမာရေးချို့တဲ့ပြီး စိတ်လည်း ပုံမှန် မရှိကြောင်း ပြော ဆိုသည်။

ရဲမှ ပြောကြားရာတွင် သွားစစ်ဆေးချိန်တွင် ဒေါ်မဥ္ဖူကို  အိမ်နီးချင်း ဖြစ်သူ ဒေါ်စိန်လှ၏ ခြံဝင်းအတွင်းရှိ အကျယ် ၄ပေ၊ အနက် ၁၀ပေ  ရှိသော ရေတွင်းတွင်  ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

သေမူသေခင်းအမှတ်စဉ် ၁၄/၂၀၁၄ အမူဖွင့်သည်ဟု ရဲက ပြောသည်။

သူမအား စစ်တွေရင်ခွဲရုံသို့ ပို့ပြီး နာရေးကူညီမူအသင်းမှ ယင်းနေ့တွင် သဂြိင်္ုလ်လိုက်သည်ဟု သိရသည်။

Most read this week