မျိုးစောင့်ဥပဒေ အမြန်ပြဌာန်းပေးရေး ရန်ကုန်တွင် လူပေါင်း ၆၀၀၀ ခန့် လမ်းပေါ်ထွက်တောင်းဆို

မျိုးစောင့်ဥပဒေ အမြန်ပြဌာန်းပေးရေး ရန်ကုန်တွင် လူပေါင်း ၆၀၀၀ ခန့် လမ်းပေါ်ထွက်တောင်းဆို
by -
နိရဥ္စရာ

အမျိုးစောင့်ဥပဒေ အမြန်ဆုံးအကောင်အထည်ဖော် ပြဌာန်းပေးရေးအတွက် ရန်ကုန်မြိို့တွင် လူပေါင်း ခြောက်ထောင်ခန့်က လမ်းပေါ်ထွက် ဆန္ဒဖေါ်ထုတ် တောင်းဆိုခဲ့ကြသည်။

ယင်းဆန္ဒဖေါ်ထုတ်ပွဲအား အောက်တိုဘာလ ၂၅ ရက် နေ့လည် (၁) နာရီတွင် ရွှေတိဂုံအရှေ့ဘက်မုခ်တွင် စတင်ခဲ့ပြီး ရဟန်းသံဃာတော်များနှင့် မယ်သီလရှင်များ အပါအဝင်  ပြည်သူ ၆၀၀၀ ခန် ့က  ပိုစတာများ၊ ဆိုင်းဘုတ်များကို ကိုယ်စီ ကိုင်ဆောင်ကာ အမျိုးစောင့် ဥပဒေကို အမြန်ဆုံး အကောင်အထည်ဖော် ပြဌာန်းပေးရန်  စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

DSCF2674

“ ဒီကနေ ့ပွဲ ပတ်သက်ပြီး ဘုန်းဘုန်းအနေနဲ့  ပြောရမယ်ဆိုရင် ဒီကနေ ့ ဆွမ်းမစားလိုက်ရဘူး။ ပြောချင်တာ က ဆွမ်းတစ်နပ် အငတ်ခံပြီးတော့ ဒီကနေ့ မျိုးစောင့် ဥပဒေ အမြန်ဆုံးပေါ်ထွက်လာရေးကို အလေးထားပြီးတော့ ပရိတ်သက်ကြီးနဲ ့အတူ ဆန္ဒဖော်ထုတ်တဲ့ ပွဲဖြစ်ပါတယ်။ မျိုးစောင့် ဥပဒေဆိုတာ မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ အတွက် အမြန်ပြဌာန်းဖို့လိုတယ်။ ဒီတွက် ဆန္ဒဖေါ်ထုတ် တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲ ပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး MRTV4 ဆရာတော်ဦးတေဇောဘာသမှ ပြောကြားသည်။

ယင်းပြင်ဆရာတော်မှ မိန်းခွန်းစကားပြောကြားရာတွင် မျိုးစောင့်ဥပဒေကို သေချာလေ့လာကြရန်နှင့် မလေ့လာဘဲ ကန့်ကွက်မူများ မပြုလုပ်ကြရန် ထည့်သွင်း ပြောကြားသည်။

“ တချို ့ ပုဂ္ဂိုလ်များဟာ အမျိုးစောင့်ဥပဒေကို သေချာစွာ မလေ့လာဘဲနဲ ့ အမျိုးစောင့်ဥပဒေကို  ကန် ့ကွက်နေကြတယ်။ ဒီပုဂ္ဂိုလ်တွေကို ဒီနေရာက နေပြီးတော့ ပြင်းပြင်းထန်ထန် ရှုတ် ချကန် ့ကွက်ပါတယ်’’ ဟု ဆိုသည်။

မျိုးစောင့်ဥပဒေ အမြန်ပြဌာန်ပေးရေး လူထုတောင်းဆိုပွဲမှ လူထုသဘောထား တောင်းဆိုချက် (၅) ခုကိုလည်း ထုတ်ပြန်တောင်းဆိုခဲ့သည်။ ယင်းတို့မှာ

၁။အမျိုးစောင့်ဥပဒေသည်မြန်မာနိုင်ငံတွင်နေထိုင်ကြသော ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံကို အကာအကွယ်ပေးမည်ဥပဒေဖြစ်၍  အမြန်ဆုံးပြဌာန်ပေးရန် တောင်းဆိုပါသည်။

၂။ အမျိုးစောင့်ဥပဒေသည် မြန်မာနိုင်ငံသား( ၁၃၅) မျိုး၏ အနာဂါတ်အတွက်အရေးကြီးဥပဒေဖြစ်၍  အမြန်ဆုံးပြဌာန်ပေးရန်တောင်ဆိုပါသည်။

၃။အမျိုးစောင့်ဥပဒေသည်လူတစ်ဦးတစ်ယောက် တစ်ပါတီကို ကန် ့သက်တားဆီးသည့်ဥပဒေမျိုးမ ဟုက်ဘဲ နိုင်ငံတော် တည်ငြိမ်းအေးချမ်းရေး အတွက်အရေးကြီးသည်ဥပဒေဖြစ်၍အမြန်ဆုံးပြဌာန်ပေး ရန်တောင်းဆိုပါသည်။

၄။ အမျိုးစောင့်ဥပဒေကိုကန် ့ကွက်တားဆီသူများအား မျက်လုံးမှိတ်၊ ပါးစပ်ပိတ်ပြီးမနေကြဘဲ သေချာစွာလေ့ လာကြရန်တောင်းဆိုပါသည်။

၅။ လွှတ်တော်အသီးသီးမှ ဥပဒေပြုအမတ်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အမျိုးဘာသာ သာသနာကာကွယ်ရေး အတွက် အရေးကြီးသည့် အမျိုးစောင့်ဥပဒေကို  အမြန်ဆွေးနွေးပြဌာန်ပေးရန်တောင်း ဆိုပါသည် တို့ ဖြစ်ကြသည်။

“ တခြားသော ဘာသာ( ၃)ရပ်မှာ ဥပဒေတွေပြဌာန်းထားတာတွေ ရှိပါတယ်။ ဗုဒ္ဓဘာသာမှာကျတော့ မရှိဘူး။ ဒါကြောင့် ဒီဥပဒေကို ပြဌာန်းဖို့ တောင်းဆ်ိုတယ်။ ဘယ်သူတွေ ပြဌာန်းကြမလဲ မေးရင်  ပြည့်သူ ့ လွှတ်တော် ၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်၊ ယခုလက်ရှိ အာဏာရရှိထားသော လွှတ်တော်အမတ်တွေ အနေနဲ့ ဒီဥပဒေကို ပြဌာန်းရမယ်ဟု’’ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်ပြီး ဆရာတော်ဦးပါမောက္ခက ဟောပြော ခဲ့သည်။

မကွေးဆရာတော် ဦးပါမောက္ခ၊ MRTV4 ဆရာတော်ဦးတေဇောဘာသ၊ မွန်ပြည်နယ်မြနန်း ဆရာတော်နှင့် စာရေးဆရာ ဆရာမောင်သွေးချွန်၊ ရှေ့နေကြီးဦးအေးပိုင် ၊ဓမ္မစက္ကဦးမောင်မောင်တို့မှ ဦးဆောင်ပြီး မျိုးစောင့်ဥပဒေအမြန်ဆုံးပေါ်ထွက်ရေးနှင့် ပတ်သက်ပြီး အသီးသီး ဟောပြောခဲ့ကြသည်။

အမျိုးစောင့်ဥပဒေအမြန်ဆုံးအကောင်အထည်ဖော်ရေးနှင့် ပတ်သက်ပြီး လာရောက်ဆန္ဒထုတ်ဖော်သူ မအေးသန္တာကသူ ့အမြင်ကိုယခု ကဲ့သို ့ ပြောသည်။

“ ဒီအမျိုးစောင့်ဥပဒေက အရမ်းကောင်းတဲ့ ဥပဒေတစ်ခုပါ။ကျွန်မက ဒီဥပဒေနဲ ့ ပတ်သက်တဲ့စာအုပ်တွေကို လည်းဖတ်ပြီးပါပြီ။ အရမ်းကောင်းပါတယ်။  သက်ဆိုင်ရာအစိုးရကလည်း ဒီဥပဒေကို အမြန်ဆုံးအကောင် အထည်ဖော်စေချင်တယ်။ နောက်ပြီးဒီဥပဒေကို ကန် ့ကွက်နေတဲ့ အဖွဲ ့စည်းတွေ အနေန့လည်း သေချာ လေ့ လာစေချင်ပါတယ်’’ ဟု ပြောသည်။

ရွှေတိဂုံအရှေ ့ဘက်မုခ်မှစတင်ခဲ့သော မျိုးစောင့် ဥပဒေအမြန် ပြဌာန်းရေး တောင်းဆိုပွဲမှာ  (၂)နာရီကြာ  စီတန်းလှည်လည်ဖော်ထုတ်ခဲ့ပြီးနောက် ဟောပြောပွဲများ ပြုလုပ်ကာ ညနေ ၄ ခွဲတွင် အောင်မြင်စွာ ပြီးဆုံး ခဲ့သည်။

Most read this week