ရခိုင် နယ်စပ်ရှိ လုံထိန်းတပ်ရင်းများကို နယ်ခြားစောင့်တပ်ဖြင့် အစားထိုးမည်

ရခိုင် နယ်စပ်ရှိ လုံထိန်းတပ်ရင်းများကို နယ်ခြားစောင့်တပ်ဖြင့် အစားထိုးမည်
by -
မင်းဆက်ခိုင်
ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့ရှိ လုံထိန်း တပ်ရင်းများ နေရာတွင် နယ်ခြားစောင့် တပ်ဖြင့် အစားထိုးဖွဲ့စည်းသွားမည်ဟု အမည် မဖေါ်လိုသူ ရဲထိပ်တန်း အရာရှိ တဦးက ပြော ...

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့ရှိ လုံထိန်း တပ်ရင်းများ နေရာတွင် နယ်ခြားစောင့် တပ်ဖြင့် အစားထိုးဖွဲ့စည်းသွားမည်ဟု အမည် မဖေါ်လိုသူ ရဲထိပ်တန်း အရာရှိ တဦးက ပြောသည်။

“ ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာ နယ်စပ် လုံခြံုရေးကို နယ်ခြား စောင့်တပ်တွေ ဖွဲ့စည်ပြီး တာဝန်ပေးသွားမှာ ဖြစ်ပါတယ်၊ အခု အဲဒီမြို့နယ်တွေမှာ လက်ရှိ ရှိနေတဲ့ လုံထိန်း တပ်ရင်း ၂ ရင်း နေရာမှာ နယ်ခြားစောင့် တပ်ရင်း ၂ ရင်းကို အစားထိုးမယ်လို့ သိရပါတယ်။ နယ်ခြားစောင့် တပ်ဖွဲ့ အသွင်ကို ပြောင်းသွားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ တွေကိုလည်း ဒီဘက်ကို ခေါ်ယူကောင်း ခေါ်ယူလာနိုင်ပါတယ်။ တိတိကျကျတော့ မပြောနို်င် သေးပါဘူး။ ဘယ်အချိန် အပြီးသတ်လုပ်မယ်ဆိုတာကတော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ စစ်တပ်တွေကိုလည်း အစားထိုးမယ်ဆိုပြီး အထက်က အဲသလို ပြောနေတာတွေလည်း ရှိပါတယ်။ ”

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်ရှိ လုံထိန်းတပ်ရင်း နှစ်ရင်းကိုမူ ရဲတပ်ဖွဲ့ အဖြစ် ပြန်လည် ဖွဲ့စည်းမည်ဟု သူက ဆက်ပြောသည်။

“ ကျွန်တော်တို့ သိရတာကတော့ ဒီလုံထိန်းတပ်ရင်း ၂ရင်းကို လုံထိန်း တပ်ရင်း နာမည်နဲ့ အနောက်ဘက် နယ်စပ်မှာ မထားတာကတော့ သေချာပါတယ်၊ သူတို့ကို လိုအပ်ရင် နယ်စပ်ရဲ အဖြစ် အသွင်ပြောင်းပါလိမ့်မယ်။ သူတို့နေရာမှာ နယ်ခြားစောင့်တပ်တွေ အစားဝင်လာပါလိမ့်မယ်။ ”

မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်မှ စတင်ပြီး နယ်စပ်ဒေသများကို နယ်ခြားစောင့် တပ်များဖြင့် အစားထိုး တာဝန်ချထားမည် ဖြစ်ပြီး မြန်မာတနို်င်ငံလုံးရှိ နယ်စပ်ဒေသများကို နယ်ခြားစောင့် တပ်များက တာယူမည် ဖြစ်သည်။

အဆိုပါ နယ်ခြားစောင့်တပ်ဖွဲ့များကို စစ်တပ်နှင့် နယ်စပ် တလျောက်ရှိ ငြိမ်းချမ်းရေး ယူထားသော လက်န်ကိုင် တပ်ဖွဲ့များနှင့် ဖွဲ့စည်းသွားမည် ဖြစ်ပြီး အဆိုပါ နယ်ခြား စောင့်တပ်ဖွဲ့ကို ကကကြည်းအောက်တွင် ထားရှိသွားမည် ဖြစ်သည်ဟု သိရသည်။

“ အခု နယ်ခြားစောင့်တပ်ဖွဲ့ အဖြစ် အသွင်ပြောင်းမယ့် ဒီကေဘီအေက အစ ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ အကုန် နယ်ခြားစောင့် တပ်ဖွဲ့ထဲပါဝင်သွားပါလိမ့်မယ်။ နယ်ခြားစောင့် တပ်ဖွဲ့ ဖြစ်သွားရင် ဒီကေဘီအေ ဆိုတာလည်း ရှိတော့မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ အားလုံးကို ကကကြည်းက ကိုင်သွားပါလိမ့်မယ်။ ” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။

မည့်အတွက်ကြောင့် နယ်ခြားစောင့်တပ်ကို ဖွဲ့စည်းပြီး နယ်စပ် ဒေသအသီသီးတွင် တာဝန်ချရန် နအဖ အစိုးရမှ စီစဉ်နေသည်ကို မည်သူမှ တပ်အပ် မပြောနိုင်သေးကြောင်းနှင့် အဆိုပါ အစီအစဉ်ကို အကောင်အထည်ဖေါ်ရန် အတွက် သက်ဆိုင်ရာ နယ်စပ် စစ်ဘက်ဆိုင်ရာ အရာရှိကြီးများကို အထက်က ညွန်ကြားချက်များ ပေးပို့ထားသည်ဟု သိရသည်။

Most read this week