ဥရောပခရီးစဉ်တွင် ရခိုင်အရေးအချက် (၅) ခုကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ရခိုင်ဝန်ကြီးချုပ် ချပြ

ဥရောပခရီးစဉ်တွင် ရခိုင်အရေးအချက် (၅) ခုကို နိုင်ငံတကာအသိုင်းအဝိုင်းသို့ ရခိုင်ဝန်ကြီးချုပ် ချပြ
by -
နိရဥ္စရာ

ရခိုင််ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းသည် သူ၏ အောက်တိုဘာလ ၅ ရက်နေ့မှ ၁၂ ရက်နေ့ အထိ ပြုလုပ်ခဲ့သော ဥရောပ ခရီးစဉ်အတွင်း ရခိုင်အရေးနှင့် ပတ်သက်သည့်အချက် (၅) ခုကို နိုင်ငံံတကာ အသိုင်းအဝိိုင်းထံ အလေးအနက် ချပြပြောဆို ခဲ့သည်ဟု သိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ပြု လုပ်သော သူ၏ ဥရောပခရီးစဉ်အတွေ့အကြံုရှင်းလင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ် သည်။

Rakhine-PM-2

“ ရခိုင်ပြည်နယ်ရဲ့ တကယ့် အခြေအနေမှန်တွေကို လန်ဒန်၊ ဆွစ်ဇာလန်၊ ပြင်သစ်စတဲ့ ဥရောပ နိုင်ငံတွေကို သွားရောက် ခဲ့တဲ့ ခရီးစဉ်အတွင်း ချပြနိုင်ခဲ့တယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီးမွန်း နဲ့ တွေ့ဆုံပြီး တိုက်ရိုက် တင်ပြနိုင်ခဲ့တယ်။ ယခင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန် နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက  တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပြီး အလေးအနက် ပြောဆိုချပြခဲ့ပါတယ်” ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အတွေ့အကြံု ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ယင်းသို့တွေ့ဆုံရာတွင် ပထမဆုံးအချက်အနေဖြင့် မိမိသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန် ထမ်းဆောင် နေခြင်းမှာ နိုင်ငံတော်သမ္မတ၏ အထူးကိုယ်စားလှယ်အဖြစ်ဖြင့် ထမ်းဆောင်နေ ခြင်းဖြစ် သည်ဟု ပြောဆိုခဲ့ကြောင်း ဆိုသည်။

ဒုတိယအချက်မှာ စစ်တွေတွင် ပြီးခဲ့သည့်မတ်လ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်ဖြစ်ပွားခဲ့သည့် NGO များအား တိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်မှာ ရခိုင်တိုင်းရင်းသားများအနေဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ ယင်းတို့၏ စိတ်ခံစားချက်အတိုင်း ပြုမူမိခဲ့ခြင်းသာဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရှင်းလင်းသည်။

တတိယ ချပြခဲ့သည့်အချက်မှာ ယနေ့ဖြစ်ပွားနေသည့်ပဋိပက္ခများမှာ ဘာသာရေးကိုအခြေခံဖြစ် ပွားနေခြင်း မဟုတ်ဘဲ ရခိုင်ပြည်နယ်၊ ကျောက်နီမော်ကျေးရွာမှ ဒေသခံရခိုင်တိုင်းရင်းသူတစ်ဦးကို အစ္စလာမ် ဘာသာဝင်များက အုပ်စုဖွဲ့ မုဒိမ်းကျင့်သည့်သာမန်ဖြစ်စဉ်မှအစပြုကာ ကောလဟလများ ပျံ့နှံ့ခဲ့မှုကြောင့် ဖြစ် ပွားခြင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

“ရခိုင်တိုင်းရင်းသားတွေဟာ ရိုးရိုးသားသားနဲ့ တစ်ဘက်အဖွဲ့အစည်းတွေအပေါ်မှာ နှစ်ပေါင်းများစွာ လိုက်လျော ညီထွေ ပေါင်းသင်းဆက်ဆံ နေထိုင်ခဲ့ကြတဲ့ အခြေအနေကို ကျွန်တော်က ထောက်ပြပါတယ်။ အဓိကတော့ ဘာသာရေးကြောင့် ဖြစ်ပွားတာလုံးဝမဟုတ်ပါဘူး။ မတူညီတဲ့အဖွဲ့အစည်းနှစ်ခုရဲ့ သမိုင်းအရဖြစ်ပေါ်လာတဲ့ စိတ်ခံစားချက်တွေကြောင့် အခုလိုဖြစ်ပွားခဲ့ရတာပါလို့ ပြောခဲ့တယ်”ဟု ၀န်ကြီးချုပ်က ဆိုသည်။

ရခိုင်တိုင်းရင်းသားများမှာ ကိုယ့်ပြည်၊ ကိုယ့်မြေတွင် နှစ်ပေါင်းများစွာ အခြေချနေ ထိုင်နေခဲ့သူ များဖြစ်သော် လည်း ကိုလိုနီခေတ်တွင် ဘင်္ဂါလီများနယ်ချဲ့ကျူးကျော်ဝင်ရောက်လာခြင်း ကြောင့် ရခိုင် ပြည်သူများနှင့် ဘင်္ဂါလီများ မကြာခဏ ပဋိိပက္ခများဖြစ်ပွားနေရခြင်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ရခိုင်ပြည်နယ်ဝန်ကြီး ချုပ်ဦးမောင်မောင်အုန်းက ပြောသည်။

“၁၉၄၂ ခုနှစ်က မောင်တောမြို့နယ်မှာ ကျွန်တော်တို့ တိုင်းရင်းသားတွေ ၂ဝဝဝ လောက် အသတ် ခံရပြီးတော့ အိမ်ခြေ နှစ်သောင်းလောက် ပျက်စီးဆုံးရှုံးမှုတွေရှိတယ်။ ကြိုကြားကြိုကြားလည်း ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား တွေအပေါ်မှာ ဒီလိုပဋိပက္ခတွေလုပ်တာရှိတယ်။ လွန်ခဲ့တဲ့ ၂ဝ၁၂ မှာတော့ တော်တော်လေး ဆိုးပါတယ်။ အဲဒီတုန်းကဆိုလို့ရှိရင် ရွာလုံးကျွတ် လူစုလူဝေးနဲ့ မီးရှို့ သတ်ဖြတ်ခံရတာတွေ ရှိခဲ့အကြောင်း ကျွန်တော် ပြောဆိုခဲ့ပါတယ်”ဟု ၀န်ကြီးချုပ်က ဆက်ပြောသည်။

ယနေ့ နိုင်ငံတကာတွင်သုံးနှုန်းပြီး ပြည်တွင်းရှိ ဘင်္ဂါလီအများစုကလည်း လက်ခံသုံးစွဲနေသည့် ရိုဟင်ဂျာအမည်ခံလူမျိုးမှာ မြန်မာနိုင်ငံတွင် လုံးဝမရှိခဲ့ကြောင်းကို နိုင်ငံတော်သမ္မတကလည်း သူ၏မိန့် ခွန်းများတွင် ထည့်သွင်း ပြောကြားထားသည့် အပြင် ကမ္ဘာကိုလည်း ကြေညာထားပြီးဖြစ်သည့်အတွက် ရိုဟင်ဂျာလူမျိုးသည် မြန်မာနိုင်ငံတွင် မည်သည့်အခါမျှ မရှိခဲ့ကြောင်းဆိုသည့်အချက်ကိုလည်း နိုင်ငံ တကာအသိုင်းအဝိုင်းထံ စတုတ္ထအချက်အဖြစ်တင်ပြပြောဆိုခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

နောက်ဆုံးအချက်အဖြစ်တင်ပြခဲ့သည့်အချက်မှာ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး အစိုးရ က ရေးဆွဲထားပြီးဖြစ်သော Action Plan ကို ရှေ့လာမည့်လတွင် ပြည်သူလူထုနှင့် နိုင်ငံတကာကို ချပြတော့မည်ဆိုသည့် အချက်ပင်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

ယခုကဲ့သို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ချပြပြောဆိုခဲ့မှုအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက အပြုသဘောဆောင် ဝေဖန်မှုများရှိခဲ့အပြင် ရခိုင်တိုင်းရင်းသားများ၏ခံစားချက်ကိုလည်း နားလည် လက်ခံခဲ့ကြသည်ဟု ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

နိုင်ငံတကာအသိုင်းအဝိုင်းထံတွင် ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသားများ ဘက်မှ ရပ်တည် ပြောကြားပေးခဲ့သည့် ရခိုင််ပြည်နယ်ဝန်ကြီးချုပ်ကို ကျေးဇူးတင်ကြောင်း ယင်းနေ့က ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူများက ပြောကြားခဲ့ကြသည်။

ယင်းနေ့ကပြုလုပ်သည့်ရှင်းလင်းပွဲသို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန် ကြီးအချို့အပါ အဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စစ်တွေမြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် သတင်းမီဒီယာများ စုစုပေါင်းအင်အား ၁၄ဝ ခန့်တက်ရောက်ခဲ့ကြသည်။

Most read this week