စက်သေနတ်များတပ်ဆင်ထားသော ကင်းလှည့် အမြန်ရေယာဉ်များ မောင်တောသို့ ရောက်ရှိ

စက်သေနတ်များတပ်ဆင်ထားသော ကင်းလှည့် အမြန်ရေယာဉ်များ မောင်တောသို့ ရောက်ရှိ
by -
နိရဥ္စရာ

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် ပင်လယ်ပြင်နှင့် နတ်မြစ်တစ်လျှောက် ကင်းလှည့်ရန် အတွက် စက်သေနတ်များ တပ်ဆင်ထားသော ကင်းလှည့် အမြန်ရေယာဉ်များ မောင်တောမြို့သို့ ရောက်ရှိ လာပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

“ မြင်းကောင်ရေ ၂၃၀ ရှိတဲ့ အင်ဂျင်နှစ်လုံးစီ ထိုင်ထားပါတယ်။ စက်တွေကတော့ နောက်ဆုံးပေါ် Yamaha အမျိုးစားတွေပါဘဲ။ တစ်နာရီ အနည်းဆုံး မိုင် ၅၀ တော့ ပြေးပါတယ်” ဟု အမည်မဖေါ်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 မောင်တောမြို့သို့ ရောက်ရှိလာသော အမြန်ရေယာဉ် နှစ်စီးကို စစ်အရာရှိများ စစ်ဆေးနေစဉ်။

ယခုအခါ ရောက်ရှိလာသော ကင်းလှည့် အမြန်ယာဉ် (၂) စီးအား မောင်တောမြို့ အမှတ် (၁) ၀င်ထွက်စခန်း တွင် ဆိပ်ကပ်ထားသည်ဟု သိရသည်။

ယင်းအမြန်ယာဉ်များအား သက်ဆိုင်ရာမှ လာရောက်စစ်ဆေးနေပြီး များမကြာမီ မြန်မာနယ်စပ်တွင် Operation လုပ်ငန်းစတင်တော့မည်ဟု ဆိုသည်။

“အခုလို နယ်စပ် လုံခြံုရေးအတွက် ကင်းလှည့် အမြန်ယာဉ်တွေကို မြင်ရတော့ အားတက်မိပါ တယ်။ ဒေသ အတွက် လုံခြံုရေးပိုရှိလာတယ်လို့ဘဲ ခံစားမိပါတယ်” ဟု မောင်တောမြို့ခံ တစ်ဦးက ပြောသည်။

မောင်တောနယ်စပ် လုံခြံုရေးအတွက် နတ်မြစ်တစ်လျှောက်တွင် နောက်ထပ်လည်း အမြန်ရေယာဉ်ငယ်များကို လည်း တိုးချဲ့ချသွားမည် ဖြစ်သည်ဟု သိရသည်။

မြန်မာအစိုးရအနေဖြင့် ပင်လယ်ပြင်နှင့် နယ်စပ် လုံခြံုရေး အတွက် ရခိုင်ပြည်နယ်တွင် ရေကြောင်းရဲတပ်ဖွဲ့ အား စတင်ဖွဲ့စည်းတာဝန်ပေးနေပြီး ယခု ရောက်ရှိလာသော အမြန်ရေယာဉ်များကို ရေကြောင်းရဲတပ်ဖွဲ့က ပင်လယ်ပြင်လုံခြံုရေး အတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

Most read this week