ရခိုင်မှ နေပြည်တော်ထိ စက်ဘီးစီးသူ စစ်တွေ နည်းပညာတက္ကသိုလ်ကျောင်းသား ခရီးဆုံးသို့ အောင်မြင်စွာရောက်ရှိ

ရခိုင်မှ နေပြည်တော်ထိ စက်ဘီးစီးသူ စစ်တွေ နည်းပညာတက္ကသိုလ်ကျောင်းသား ခရီးဆုံးသို့ အောင်မြင်စွာရောက်ရှိ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် မင်းပြားမြို့မှ နေပြည်တော်ထိ စက်ဘီးစီးပြီး လူပ်ရှားမူ ပြုလုပ်သူ စစ်တွေနည်းပညာ တက္ကသိုလ်ကျောင်းမှ တတိယနှစ်ကျောင်းသား မောင်ဇော်ဇော်ငြိမ်းသည် ယခုလ ၁၆ ရက်နေ့က နေပြည်တော် သို့ ကောင်းမွန်စွာရောက်ရှိခဲ့ကြောင်း သိရသည်။

၂၀၁၄-ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီမှ မင်းပြားမြို့မှ စထွက်ခဲ့ရာ နေပြည်တော် သို့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၉ နာရီခန့်တွင် ရောက်ရှိခဲ့သည်ဟု မောင်မောင်ဇော်ငြိမ်းက ပြော သည်။

Bicycle-2

တစ်ကိုယ်တော်ခရီးထွက်ရခြင်းရည်ရွယ်ချက်မှာ ပြည်တွင်းပြည်ပရှိ ရခိုင်သားများကို ပေါင်းကူး တံတားအဖြစ် ဆက်စပ်ပေးလိုခြင်း၊  ရခိုင်သားတို့၏ ဇွဲသတ္တိနှင့် ဖြူစင်သောနှလုံးသားကို ဖေါ်ပြလိုခြင်း၊ မိဘမဲ့ ကလေးထိန်းဂေဟာ ABC အတွက် ရံပုံငွေရလိုခြင်း စသော ရည်ရွယ်ချက်တို့ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်ဟု သူက နိရဥ္စရာသို့ပြောသည်။

“ကျွန်တော်က မင်းပြားမြို့ကနေ ခရီးစထွက်ပြီးတော့ ရခိုင်ရိုးမတောင်ကြီးကို ကျော်ဖြတ်ပါတယ်။ ပဲခူးရိုးမကို ဖြတ်ကျော်ပြီး နေပြည်တော်ကို အနီးဆုံးလမ်းကြောင်းက ဖြတ်ကျော်နိုင်အောင် မြန်မာ နိုင်ငံပြည် သူ့ရဲက စီစဉ်ဆောင်ရွက်ပေးတာပါ။ နေပြည်တော်ကို ရောက်တော့ ည ၉ နာရီထိုးပါပြီ။ နေပြည်တော်မှာ အစိုးရဝန်ကြီးတွေ၊ အစိုးရအရာရှိတွေက ဂုဏ်ပြုကြိုဆိုတာတော့မရှိပါဘူး။ ရခိုင်အသိုင်းအဝိုင်းက ပဲ နွေးနွေးထွေးထွေး ကြိုဆိုပြီး လိုလေသေးမရှိအောင် ကူညီဆောင်ရွက် ပေးပါတယ်။ ကျွန်တော့်ရည်ရွယ်ချက် ကလည်း နိုင်ငံတော်က ဂုဏ်ပြုတာကို ရယူချင်လို့ မဟုတ်ပါဘူး။ ရခိုင်လူငယ်တစ်ယောက်ရဲ့ ဇွဲသတ္တိကိုပြချင်ပြီး ရခိုင်တွေအချင်းချင်း ချစ်ခင်ညီညွတ်မှု ရှိစေချင်လို့ပါ”ဟု ပြောသည်။

ယင်းမောင်ဇော်ဇော်ငြိမ်းသည် မင်းပြားမှ အောက်တိုဘာလ ၁၀ ရက် နံနက် ၁၀ နာရီမှာ စထွက်ပြီး ယိုးချောင်းသို့ ညနေ ၅ နာရီ ၄၅ တွင်ရောက်ရှိပြီး၊ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ တွင် ယင်းမှ စထွက်ရာ အမ်းသို့ ညနေ ၆ နာရီ ၃၅ တွင်ရောက်သည်ဟု ဆိုသည်။

အမ်းမှ အောက်တိုဘာလ ၁၂ ရက် နံနက် ၉ နာရီ ၃၀ တွင် စထွက်ပြီး ကြက်ရေကျွန်းသို့ ညနေ ၅ နညရီ ၄၀ တွင်ရောက်သည်။ ကြက်ရေကျွန်းမှ အောက်တိုဘာလ ၁၃ ရက် နံနက် ၁၀ နာရီကျော်တွင် စထွက်ရာ မကွေးတိုင်း ပဒန်းသို့  ညနေ ၆ နာရီ ရောက်သည်ဟုဆိုသည်။

ပဒန်းမှ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၈ နာရီတွင် စထွက်ရာ မင်းဘူးသို့ ၅ နာရီ ၄၀ တွင် ရောက် ရှိပြီး ပြည်သူ့ရဲက လမ်းကြောင်းကူညီချပြသည်ဟု ဆိုသည်။ မင်းဘူးမှ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက် ၉ နာရီ စထွက်ရာ မကွေးမြို့သို့ ၉ နာရီ ၄၅ တွင် ရောက်ရှိပြီး ပြည်ထဲရေးဝန်ကြီးသို့ ရောက်ရှိကြောင်း အကြောင်းကြားသည်ဟုဆိုသည်။

နေပြည်တော်သို့ အနီးဆုံးလမ်းကြောင်းမှ သွားနိုင်ရန် ပြည်သူ့ရဲက လမ်းကြောင်းချပေးကာ ပြည်သူ့ရဲ တစ်ယောက် အနီးကပ်လိုက်ပေးသည်ဟု ဆိုသည်။

ယင်းမှဆင့် ခရီးနှင်ခဲ့ရာ မကွေးတိုင်းမြို့သစ်သို့ အောက်တိုဘာလ ၁၅ ရက်နေ့ညနေ ၆ နာရီ ၃၀ တွင်ရောက်ရှိ ခဲ့သည်။ နောက်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီတွင် စထွက်ပြီး နေ့လည် ၁၁ နာရီတွင် ပဲခူးရိုးမကို စတက်ပြီး ညနေ ရ နာရီတွင် ပဲခူးရိုးမမှဆင်းကာ ယင်းနေ့ညနေ ၉ နာရီတွင် နေပြည်တော် သို့ ရောက်ရှိခဲ့သည်ဟု သိရှိရသည်။

ပဲခူးရိုးမကို ဖြတ်ကျော်စဉ် ပြည်သူ့ရဲ များက လုံခြံုရေးအတွက် ဂိတ်များကို တဆင့်တဆင့် အကြောင်းကြား ကူညီဆောင်ရွက် ပေးခဲ့သည်ဟု ဆိုသည်။

မောင်ဇော်ဇော်ငြိမ်းသည် အသက်(၂၁) နှစ် ရှိပြီဖြစ်ပြီး ကရာတေး အားမာန်ကလပ်တွင် အဝါပတ် အဆင့် ရရှိထားကာ ပြည်နယ်အဆင့် ကရာတေးပြိုင်ပွဲ တစ်ကြိမ်သာ ပြိုင်ပွဲဝင်ဖူးပြီး အခြားမည်သည့် အားကစားကိုမှ မပြိုင်ဖူးဟု သိရသည်။

သို့သော် မင်းပြားနှင့်စစ်တွေကို တစ်ညအိပ် စက်ဘီးနှစ်ကြိမ် စီးဖူးသည်ဟု ဆိုသည်။

“ ဒီနေ့အချိန်ဟာ ရခိုင်လူမျိုးတွေအတွက် သမိုင်းသစ်ရေးနေတဲ့အချိန်ဖြစ်ပါတယ်။ ကျွန်တော်ခ ရီးစဉ်က ရခိုင်သမိုင်းသစ်အတွက် နိဒါန်းပါပဲ။ အစကောင်းမှ အနှောင်းသေချာမယ်ဆိုတာကို ရခိုင် လူမျိုးတွေ ကို ပြောချင်ပါတယ်။ ရခိုင်တွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီးတော့ ကောင်းရာ ကောင်းကြောင်း တွေ ကို လုပ်ကိုင်ကြစေလိုပါ တယ်”ဟု ပြောသည်။

နေပြည်တော်တွင် တပတ်ခန့် အနားယူရပ်နားမည်ဖြစ်ပြီး အောက်တိုဘာလ ၂၃ ရက်နေ့တွင် ပြန်လာမည်ဟု သိရှိရပြီး အပြန်ခရီးတွင် ရန်ကုန်သို့ ၀င်ရန်စီစဉ်ထားကာ ရန်ကုန်ရှိ ရခိုင်သဟာယ အသင်းမှ ဂုဏ်ပြုကြိုဆို မည်ဟု သိရှိရသည်။

မောင်ဇော်ဇော်ငြိမ်းသည် မင်းပြားမြို့မှ အဘ ဦးဝင်းသိန်းထွန်း၊ အမိ ဒေါ်လှစံသိန်း၏ သားဖြစ်ကြောင်း သိရသည်။

Most read this week