လူကုန်ကူးခံရတဲ့ ဘင်္ဂလာဒေချ့်နိုင်ငံသားတွေကို ထိုင်းတောနက်ထဲမှ ကယ်တင်

လူကုန်ကူးခံရတဲ့ ဘင်္ဂလာဒေချ့်နိုင်ငံသားတွေကို ထိုင်းတောနက်ထဲမှ ကယ်တင်
by -
နိရဥ္စရာ

အောက်တိုဘာလ ၁၃ ရက်နေ့က ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဖမ်းမိခဲ့တဲ့ လူပေါင်း ၁၀၀ ကျော်ဟာ လူကုန်ကူးခံရတဲ့ ဘင်္ဂလာဒေချ့် နိုင်ငံသားတွေ ဖြစ်ကြပြီး အဲဒီသူတွေနဲ့ အတူ လှေနဲ့ လိုက်ပါလာတဲ့ တခြားသူ  ၁၇၆ ဦးကတော့ ပျောက်နေတယ်လို့ Bd New 24 com မှာ (176 Bangladeshis ‘sold’ as slave in Thailand?) ခေါင်းစဉ်နဲ့ သတင်းမှာ ဖေါ်ပြပါတယ်။

သူတို့ဟာ မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ငါးဖမ်းဘုတ်တွေနဲ့စက်ရုံတွေမှာ အလုပ် လုပ်ကြဖို့  လူကုန်ကူး သူုတွေက ရောင်းစားဖို့ လှေပေါ်တင် ခေါ်ဆောင်ခံကြရသူတွေ ဖြစ်ကြပြီး ထိုင်းတောနက်တွေထဲကနေ ကယ်တင်ခဲ့ရတယ်လို့ ဆိုပါတယ်။

Thai Bangladeshis bg

ထိုင်းနိုင်ငံမှာ ရှိတဲ့ ဘင်္ဂလာဒေချ့် သံရုံးက တာဝန်ရှိသူတွေဟာ သူတို့အထဲက လွှတ်မြောက်လာတဲ့ ဘင်္ဂလားဒေချ့်နိုင်ငံသား ၁၃၄ ဦးနဲ့ သွားရောက်တွေ့ဆုံပြီး အင်တာဗျူး သွားလုပ်ရာမှာ အဲဒီ ၁၃၄ ဦးနဲ့ အတူ ဘင်္ဂလာဒေချ့်ကနေ လှေနဲ့ ထွက်ခွာလာသူ ၁၇၆ ဦးရှိပြီး အခု သူတို့ ပျောက်နေတယ်လို့ ပြောဆိုပါတယ်။

အဲဒီ ၁၇၆ ဦးမှာ အမျိုးသမီး (၃) ဦးလည်း ပါ၀င်ပြီး လူအများအပြားကတော့ အဖမ်းခံရမှာကိုစိုးပြီးရေထဲ ခုန်ချ ထွက်ပြေးသွားကြတယ်လို့ ဆိုပါတယ်။

သူတို့ကို ထိုင်းတာဝန်ရှိသူတွေ မရောက်မီ လူမှောင်ခိုသမားတွေက ကျွန်းပေါ်ကနေ ခေါ်ထုတ်သွားပြီလို့ ယုံကြည်မူတွေလည်း ရှိနေပါတယ်။

အဲဒီအထဲမှာ ရိုဟင်ဂျာလို့ ကိုယ့်ကိုကိုယ် ခေါ်ဆိုသူ မြန်မာပြည်ဖွား ဘင်္ဂလီ လူမျိုး(၁၆) ဦးသာ ပါ၀င်တယ်လို့ ဆိုပါတယ်။

သူတို့ထဲမှာ ပါ၀င်လာတဲ့ လူကြီးတစ်ဦးနဲ့ ကလေးတွေရဲ့ ပြောပြချက်အရ သူတို့ကို လူမှောင်ခိုသမားတွေက ဘင်္ဂလာဒေချ့်နိုင်ငံ ကော့စ်ဘဇား ကမ်းခြေကနေ ပြန်ပေးဆွဲခေါ်ဆောင်ကာ ထိုင်းနိုင်ငံ တောင်ပိုင်းက ကျွန်းတွေက စခန်းတွေဆီကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့အထဲက အများစုတော့ သူတို့ကို ဘင်္ဂလာဒေချ့်နိုင်ငံ အတွင်း အလုပ်လုပ်ဖို့ ခေါ်ဆောင်ခံရတာလို့ မှတ်ယူကြတယ်လို့ ဆိုပါတယ်။

သူတို့ကို လူမှောင်ခိုသမားတွေက ရိုက်ပုတ်တာတွေရှိသလို အစာလည်း အနည်းငယ်သာကျွေးတယ် လို့ ဖေါ်ပြပါတယ်။

ခုလို အလုပ် လုပ်ဖို့ ပြန်ပေးဆွဲ ခေါ်ဆောင်မူကတော့ ဘင်္ဂလာဒေချ့်မှာ မရှိသလောက် နည်းပါးတယ်လို့ ပြော ဆိုပါတယ်။

ထိုင်းလူမျိုး နှစ်ဦးကိုတော့ ဒီလူမှောင်ခိုမူနဲ့ ဆက်စပ်ပြီး တရားစွဲဆိုလိုက်တယ်လို့ဆိုပါတယ်။ ကျန်တဲ့သူတွေ ကိုတော့ ရဲက ဆက်လက် လိုက်ရှာနေတုန်းဘဲလို့ ပြောပါတယ်။

Most read this week