စွပ်စွဲဖမ်းဆီးခံ ရခိုင်လူငယ်နှစ်ဦးအတွက် အမေရိကန်ပြည်ထောင်စုု နယူးယောက်မြို့ ထိုင်းသံရုံုးရှေ့တွင် ဆန္ဒပြ

စွပ်စွဲဖမ်းဆီးခံ ရခိုင်လူငယ်နှစ်ဦးအတွက် အမေရိကန်ပြည်ထောင်စုု နယူးယောက်မြို့ ထိုင်းသံရုံုးရှေ့တွင် ဆန္ဒပြ
by -
နိရဥ္စရာ

ထိုုင်းနိုုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ခိုထောင်ကျွန်း(ခေါ်)လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသား ခရီးသည် နှစ်ဦး သတ်ဖြတ်ခံရမူနှင့် ဆက်စပ် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ရခိုင်လူငယ် (၂) ဦးအတွက်  မြန်မာနိုင်ငံ သားများမှ အမေရိကန်ပြည်ထောင်စုု နယူးယောက်မြို့ရှိ ထိုင်းသံရုံုးရှေ့တွင် အောက်တိုုဘာလ ၁၇ ရက်နေ့က ဆန္ဒပြခဲ့ကြသည်။

ဗြိတိန်နိုင်ငံသား ဒေးဗစ်မီလာ(၂၄နှစ်) နှင့် ဟန်နာဝှစ်သာရစ် (၂၃ နှစ်) ကို မုဒိမ်းကျင့် သတ်ဖြတ်ခံခဲ့ရမှုတို့ အတွက် စွပ်စွဲခံနေရသော ရခိုင်လူငယ်နှစ်ဦးဖြစ်သည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့အား မျှတစွာ တရားစီရင်ရေးနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆန္ဒပြ ရခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုဘခင်က ပြောသည်။

We-Want-Justice-Consulate-General-of-Thailand

“ ဗြိတိန်နိုုင်ငံသားနှစ်ဦး သတ်ဖြတ်ခံရခြင်းဟာ ထိုင်းနိုင်ငံရဲ့ လုံခြံုရေးကို များစွာထိခိုက်စေတဲ့အပြင် အချိန်မှီ တရားခံတွေကို မဖမ်းဆီးနိုင်ရင် အရှက်ရနိုင်တဲ့ အတွက်ကြောင့် ခုလို မြန်မာနိုုင်ငံသား ရွှေ့ပြောင်း အလုုပ်သမား ရခိုင်လူငယ် နှစ်ဦးကိုု တရားခံအဖြစ် ထိုးကျွေးလိုက်ခြင်းသာဖြစ်တယ်လို့ ကျွန်တော်တို့က ယုံကြည် ထားတယ်။ ဒါကြောင့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ အပေါ် မျှတစွာ တရားစီရင်ရေးနဲ့ အမှုမှန် ပေါ်ပေါက်ရေး အတွက် တောင်ဆို ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ဆန္ဒပြတောင်းဆိုပွဲအား ထိုင်းကောင်စစ်ဝန်ရုံး (Consulate General of Thailand) တွင် နေ့လည် ၂ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀ကျော် တက်ရောက်ခဲ့ကာ အင်္ဂလိပ်လို  We Want Justice , Thank you Thai People, Standing for Justice စသည့် ကြွေးကြော်သံများကို ကြွေးကြော်ပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

“ကျွန်တော်တို့က တရားမျှတမူကိုလိုလားတယ်။ ထိ်ုင်းတွေကို ကျေးဇူးတင်တယ်။ အမှန်တရားအတွက် ရပ်တည်ပါဆိုတဲ့ အင်္ဂလိပ်လို ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ လုပ်ဇာတ်ခင်းပြီး အပြစ်မဲ့ ရခိုင်လူငယ်နှစ်ဦးကို ဖမ်းဆီးထားတာကို  အမြန်ဆုံုး ပြန်လွှတ်ပေးဖိုု့နဲ့ အမှုမှန်ပေါ်ပေါက်ရေး အတွက် အမြန်ဆုံုး ဆောင်ရွက်ပေးဖိုု့လည်း တောင်းဆိုုခဲ့ကြပြီး ထိုုင်းဝန်းကြီးချုပ်ကိုု လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ကိုုလည်း ပေးပိုု့ခဲ့ကြပါတယ်” ကိုုခိုုင်ဘခင်မှ ဆက်လက် ပြောသည်။

ဆန္ဒပြပွဲတွင် ပါ၀င်သူတဦးဖြစ်သည့် ကိုုသန်းထွန်းအောင်ကလည်း သူ့အမြင်ကို ယခုလို သုံးသပ် ပြောဆိုသည်။

“ မြန်မာနိုုင်ငံရဲ့ ဆင်းရဲမွဲတေမှုတွေကြောင့် ပြည်ပနိုုင်ငံ အသီးသီးကို အလုုပ်ထွက်လုုပ်ကြရ တဲ့ မြန်မာပြည် သူတွေကိုု ရာစုုနှစ်တစ်ဝက်ကျော်လောက် မသိကျိုးကျွန် လစ်လျူရှု့ထားခဲ့ကြတာဆိုုတော့ အခုုကိစ္စမှာ လည်း ရွှေ့ပြောင်း မြန်မာ အလုုပ်သမားတွေကိုု  ဆွဲထည့်လိုုက်ရင်တော့ ဘာမှမဖြစ်လောက်ပါဘူးဆိုုတဲ့ သဘောမျိုး လုုပ်လိုုက်တာ ဖြစ်နိုုင်တယ်လို့ ကျွန်တော်တို့က သုံးသပ်ထားတယ်။ ထိုုင်းအစိုုးရအနေနဲ့ မျှတတဲ့ တရား စီရင်ရေး ဖေါ်ဆောင်ပေးဖိုု့ဘဲ ပြောလိုပါတယ်” ဟု ဆိုသည်။

ဆန္ဒုပြပွဲကိုု စီစဉ်သူများထဲမှ တဦးဖြစ်သည့် ကိုုတင့်ဝေ မှလည်း မတရားဖမ်းဆီးခံထား ရသော ရွှေ့ပြောင်း မြန်မာ နိုုင်ငံသားနှစ်ဖြစ်ကြသော ကိုုဝင်းဇော်ထွန်းနှင့် ကိုုဇော်လင်း တိုု့ကိုု မျှတသော တရားစီရင်ရေး ရစေချင်ကြောင်း၊  ပြီးလျှင် လူသတ်တရားခံ မုုဒိန်းကျင့်သူတွေအဖြစ် မြန်မာ လူငယ် နှစ်ဦးအား မတရား စွပ်စွဲ ဖမ်းဆီး ခံထားရတာကိုု ကမ္ဘာက သိစေချင်ကြောင်း၊ သို့အတွက် ယခုုလိုု နယူးယောက်မြို့ရှိ ထိုုင်းကောင်းစစ်ဝန်ရုံုးရှေ့တွင် တောင်းဆိုု ဆန္ဒပြရခြင်း ဖြစ်ကြောင်း ပြောဆိုသွားသည်။

ဆန္ဒပြပွဲကို ထိုင်းသံရုံးအပါအဝင် အနီးအနား လူအများက စိတ်ဝင်စားမူ ရှိခဲ့ပြီး ဆန္ဒပြသူများက ထိုင်းဝန်ကြီးချုပ်ထံ ပေးပို့သောစာအားလည်း ထိုင်းသံရုံး တာဝန်ရှိသူများက လက်ခံယူထားလိုက်သည်ဟု သိရှိရသည်။

Most read this week