မလေးရှားသို့သွားရန် စီစဉ်သူ ဘင်္ဂလာဒေချ့်နိုင်ငံသား ၃၃ ဦးနယ်စပ်တွင် ဖမ်းဆီးခံရ

မလေးရှားသို့သွားရန် စီစဉ်သူ ဘင်္ဂလာဒေချ့်နိုင်ငံသား ၃၃ ဦးနယ်စပ်တွင် ဖမ်းဆီးခံရ
by -
နိရဥ္စရာ

မလေးရှားနိုင်ငံသို့ လှေစီးပြီး အလုပ်ရှာရန် သွားရောက်ကြမည့် ဘင်္ဂလာဒေချ့် နိုင်ငံသား ၃၃ ဦးကို လူမှောင်ခိုသမား တစ်ဦးနှင့် အတူ နယ်စပ်တွင် ဘင်္ဂလာရဲက ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသူ (၃၃) ဦးမှာ ဘင်္ဂလာဒေချ့်နိုင်ငံမှ Commila, Narsingdi, Habiganj, Jessore, Jhenidah နှင့် စစ်တကောင်း တို့မှ ဖြစ်ကြသည်ဟု ယနေ့ထုတ် အင်္ဂလိပ် သတင်းစာ The Daily Star တွင်ဖေါ်ပြသည်။

map-259x300

သူတို့အား မြန်မာနယ်စပ်အနီးရှိ ကော့စ်ဘဇား (ဖလောင်းချိပ်) ခရိုင်၊ ရာမူး (ပန်းဝါ) မြို့နယ် Rezukhal ဒေသတွင် လူစုဆောင်းနေစဉ် ရဲက သတင်းအရ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

သူတို့သည် လူပွဲစားများ စီစဉ်ပေးချက်အရ မလေးရှားသို့ လှေဖြင့် သွားရောက်ရန် စီစဉ်နေကြောင်း၊ ပွဲစားများသည် လူတစ်ဦးထံမှ တာကာငွေ တစ်သောင်းမှ တစ်သိန်းအထိယူကြောင်း၊ သူတို့အား မလေးရှားသို့  လူပွဲစားများမှ ပို့ဆောင်ပေးမည်ဟု ဂတိခံထားကြောင်း ရဲက ပြောကြားသည်။

လွန်ခဲ့သော အောက်တိုဘာလ ၁၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံမှာ လှေစီးပြီး အလုပ်ရှာဖို့ ထွက်ခွာသူ လူပါင်း ၁၀၀ ကျော်ကို ရာဘာစိုက်ခင်းတစ်ခုထဲကနေ ထိုင်းရဲက ဖမ်းဆီးမိခဲ့သည်။

သူတို့ထဲမှ အများစုမှာ ဘင်္ဂလာဒေချ့်နိုင်ငံသားများ ဖြစ်ကြသော်လည်း ရိုဟင်ဂျာ အရေး တက်ကြွစွာ လူပ်ရှားနေသူများနှင့်  မီဒီယာအချို့က သူတို့အား ရိုဟင်ဂျာများဟု ကင်းပွန်းတပ်ပြီး ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် နောက်ပိုင်း ထွက်ပြေးလာကြသူများ အဖြစ် ပုံဖေါ်ခဲ့ကြသည်။

Most read this week