၂ဝ၁၂ ခုနှစ် မောင်တောအရေးအခင်းတွင် ပါဝင်သည့် တရားခံပြေးတစ်ဦးအား ဖမ်းဆီးရမိ

၂ဝ၁၂ ခုနှစ် မောင်တောအရေးအခင်းတွင် ပါဝင်သည့် တရားခံပြေးတစ်ဦးအား ဖမ်းဆီးရမိ
by -
နိရဥ္စရာ

၂ဝ၁၂ ခုှနှစ်ဇွန်လ ၈ ရက်က မောင်တောနယ်စပ်ဒေသတွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုဖြစ်စဉ်၌ ပါဝင်သူ တရားခံပြေး တစ်ဦးအား မောင်တောရဲမှ ဖမ်းဆီးလိုက်သည်။

“ အောက်တိုဘာလ ၁၃ ရက်နေ့က မောင်တောရှိ တည်းခိုခန်း တစ်ခုကနေ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်” ဟု  မောင်တော မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။

ဖမ်းဆီးရမိသူမှာ ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့ကဖြစ်ပွားခဲ့သည့် မောင်တော ဆူပူအကြမ်းဖက်မှု တွင်  နေအိမ်များကို မီးရှို့ရာတွင်ပါ၀င်ခဲ့ပြီး တရားခံပြေး အဖြစ်သတ်မှတ်ကြေညာထားခြင်းခံရသူ သရေကုန်တန်းဘင်္ဂလီကျေးရွာမှ ရော်ဖီး(၃၅ နှစ်)  (ဘ) ယာဆိန်း ဖြစ်သည်။

မောင်တောနယ်စပ်ဒေသတွင် ၂ဝ၁၂ ခုနှစ်အတွင်းက ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် ပါ၀င် ကျူးလွန်သူ တစ် ထောင်ကျော်ကို တရားရုံးက တရားခံပြေးအဖြစ်ထုတ်ပြန်ထားသည်။ ယင်းအထဲတွင် ရော်ဖီး(၃၅ နှစ်)လည်း ပါ၀င်သည်ဟု ရဲကဆိုသည်။

၂ဝ၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ညနေပိုင်းတွင် ဘင်္ဂါလီများသည် မောင်တောမြို့မှ ၁၂ မိုင်ခန့် ကွာဝေး သည့် ဂေါ်ဒူသာရကျေးရွာအုပ်စု၊ သရေကုန်ဘောင်ရွာကို အကြမ်းဖက်မီးရှို့ဖျက်ဆီးပြီး ပစ္စည်းလုယက်မှုများကျူး လွန်ခဲ့ကြောင်း သက်ဆိုင်ရာကထုတ်ပြန်ထားသော မှတ်တမ်းများအရ သိရသည်။

ယင်းနေ့ကဖြစ်စဉ်တွင် အဆိုပါကျေးရွာနေ ကျောင်းဆရာကြီးဦးချမ်းသာအပါအဝင် လူ ၃ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း မှတ်တမ်များက ဆိုသည်။

ယင်းနေ့မှစတင်ကာ မောင်တောတွင် ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရ ပုဒ်မ ၁၄၄ ကို စတင်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

သရေကုန်ဘောင် တိုင်းရင်းသားကျေးရွာ မီးရှို့ခံရမှုနှင့် ပတ်သက်၍ တရားခံပြေးများကို မောင်တော မြို့မရဲစခန်း က (ပ)၁၁၄/၁၂ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့် တရားခံပြေးအား ဥပဒေကြောင်း အရ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မောင်တောမြို့မရဲစခန်းထံမှ သိရသည်။

Most read this week