ကျားအင်္ဂါနှစ်ခု၊ မအင်္ဂါတစ်ခု ပါ၀င်သော ကလေးငယ်တစ်ဦး ဂွဆေးရုံတွင် မွေးဖွား

ကျားအင်္ဂါနှစ်ခု၊ မအင်္ဂါတစ်ခု ပါ၀င်သော ကလေးငယ်တစ်ဦး ဂွဆေးရုံတွင် မွေးဖွား
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့ဆေးရုံတွင် ယောကျင်္ားအင်္ဂါ နှစ်ခု၊ မ အင်္ဂါတစ်ခု ပါ၀င်သော ကလေးငယ် တစ်ဦးကို ယခုလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်ဟု သိရသည်။

ယင်းသို့ မွေးဖွားသည်ကို ဂွမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

2 male organ and 1 femal organ

“ ဟုတ်ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၂၅ မိနစ်မှာ မွေးတာပါ။ မိဖတွေကတော့ ဦးရဲပိုင်ထူးနဲ့ ဒေါ်ဝေဝေမာတို့ ဖြစ်ကြပါတယ်။ နေရပ်ကတော့ ဂွမြို့နယ် ရဟိုင်း ကူးတို့ကျေးရွာအုပ်စု ကျောင်းကုန်း ကျေးရွာ ဖြစ်ပါတယ်” ဟု ဆိုသည်။

ကလေး၏ ကိုယ်အလေးချိန်မှာ ရ ပေါင်ကျော်ရှိကြောင်း၊ ယခုအခါ ကလေးငယ်အား ဆေးကုသနိုင်ရေးအတွက် စစ်တွေရှိ ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာနသို့ အကြောင်းကြားတင်ပြထားသည်ဟု သူက ပြောသည်။

Most read this week