မြန်မာနယ်စပ်အနီး ပစ်ခတ်ခံမှုဖြစ် ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးဒဏ်ရာရ

မြန်မာနယ်စပ်အနီး ပစ်ခတ်ခံမှုဖြစ် ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးဒဏ်ရာရ
by -
နိရဥ္စရာ

မြန်မာနယ်စပ် အနီး ကင်းလှည့်နေသော ဘင်္ဂလာနယ်ခြားစောင့်တပ်ဖွဲ့ တစ်ခုအား အမည်မသိသူ တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်သွားသဖြင့် ၎င်းတို့၏ တပ်သား တစ်ဦး ဒဏ်ရာ ရသွားသည်ဟု BGB အရာရှိ တစ်ဦးအားကိုးကားပြီး ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။

ဒဏ်ရာရသွားသူမှာ ချုမွန် (၃၀) နှစ်ပြီး ယခုအခါ ကော့စ်ဘဇားခရိုင်ဆေးရုံတွင် တင်ပို့ထားရသည်ဟု ဆိုသည်။

 နယ်စပ်တွင် လူပ်ရှားနေသော ဘင်္ဂလာ BGB နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ- The Daily Star)

ယမန်နေ့ (အောက်တိုဘာလ ၁၅ ရက်နေ့) ညနေ ၉ နာရီ ၄၅ မိနစ်တွင် နတ်မြစ်ကမ်းခြေ၊ ဇာတီမူရ (စေတီတောင်) အနီး ကင်းလှည့်နေစဉ် ၎င်းတို့တပ်ဖွဲ့အား အမည်မသိသူ တစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်သွားခဲ့သည်ဟု ဆိုသည်။ ပစ်ခတ်မူကြောင့် တပ်သား ချူမွန် ဒဏ်ရာ ရရှိသွားခဲ့သည်။

ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့မှ (၂၅) ချက်ခန့် ပြန်လည် တုန့်ပြန် ပစ်ခတ်ခဲ့သည်ဟု BGB အရာရှိ က ပြောကြောင်း သတင်းစာတွင် ဖေါ်ပြသည်။

ယခုအချိန်ထိ ပစ်ခတ်သွားသူကို မသိရှိရသေးကြောင်း၊ သို့သော်လည်း နယ်စပ်တစ်လျှောက်တွင် ပစ်ခတ်မူဖြစ်ပွားပြီးနောက် လုံခြံုရေးကို တိုးမြှင့်ထားကြောင်း နယ်စပ်လုံခြံုရေးတပ်ဖွဲ့ BGB မှ ပြောကြားသည်။

Most read this week