ခမီးလူငယ်များ စစ်တပ်ထဲ အတင်း သွင်းခံနေရ

ခမီးလူငယ်များ စစ်တပ်ထဲ အတင်း သွင်းခံနေရ
နအဖ စစ်တပ်ထဲသို့ ၀င်ရောက်သူ အရေအတွက် တဖြည်းဖြည်း နည်းပါး လာနေရာ ယခုအခါ မြန်မာနို်င်ငံ အနောက်ဘက် နယ်စပ်တွင် နေထိုင်သော တောင်ပေါ်သား ခမီး လူငယ်များကို စစ်တပ်မှ အတင်း တပ်ထဲသို့ သွင်းနေကြောင်း ခမီးလူငယ် ကိုအောင်စိုးက ပြော ...

နအဖ စစ်တပ်ထဲသို့ ၀င်ရောက်သူ အရေအတွက် တဖြည်းဖြည်း နည်းပါး လာနေရာ ယခုအခါ မြန်မာနို်င်ငံ အနောက်ဘက် နယ်စပ်တွင် နေထိုင်သော တောင်ပေါ်သား ခမီး လူငယ်များကို စစ်တပ်မှ အတင်း တပ်ထဲသို့ သွင်းနေကြောင်း ခမီးလူငယ် ကိုအောင်စိုးက ပြောသည်။

“စာမတတ်တဲ့လူ၊ ဗမာ စကား မပြောတတ်တဲ့ လူတွေကိုလည်း သူတို့ သွင်းတာပါဘဲ။ အဓိကတော့ ရှေ့တန်းမှာ ရှိနေတဲ့ ခလရ ( ၅၅) နဲ့ ပလက်ဝ အခြေစိုက် တပ်ရင်း (၂၈၉) တို့က ဆွဲဆောင် သိမ်းသွင်းပြီး ခမီးလူငယ်တွေကို တပ်ထဲကို သွင်းနေပါတယ်။ စစ်တပ်နဲ့ ပေါင်းနေတဲ့ ခမီးလူကြီးတွေက စစ်တပ်ကို တပ်သားသစ်တွေရဖို့ ကူညီပေးနေပါတယ်။”

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှ လူငယ်များမှာ ယခင်က စစ်တပ်ထဲသို့ ၀င်ရောက်မူများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် စစ်တပ်ထဲသို့ ၀င်ရောက်ခြင်းကို ရှောင်ရှားပြီး ထိုင်း၊ မလေးရှားနှင့် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြီး အလုပ်လုပ်ကိုင်ကြသဖြင့် ယခုအခါ စစ်တပ်ထဲသို့ ၀င်ရောက်သူ စစ်သား အရေအတွက် အထူး ကျဆင်းလာကြောင်း သိရသည်။

“ သူတို့က စစ်တပ်ထဲကို ၀င်ရင် မိသားစုကို ဆန် (၂) အိတ်နဲ့ ငွေကျပ် တသောင်းပေးပါတယ်။ အဲဒါတွေကို မိသားစုကို ပေးပြီး ခမီးလူငယ်တွေကို တပ်ထဲကို အတင်း ၀င်ခိုင်းတဲ့အတွက် ထွက်ပြေးသူတွေ ရှိသလို နအဖ တပ်စစ်တပ်ထဲကို ၀င်သွားတဲ့ သူတွေလည်း ရှိပါတယ်” ဟု သူက ပြောသည်။

ခမီး လူမျိုးများမှာ ရခိုင်မျိုးနွယ်စုထဲတွင် ပါ၀င်ပြီး အများစုမှာ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် နေထိုင်ကြကာ တောင်ယာလုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်း ပြုကြသည်။

ယခုအခါ နအဖ စစ်အစိုးရမှ တောင်ယာခုတ်ပြီး သက်မွေးဝမ်းကျောင်းပြုမူကို မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ်တွင် ပိ်တ်ပင် တားဆီးထားသဖြင့် တောင်ယာလုပ်ငန်းဖြင့် အသက်မွေးသူ ခမီး အမျိုးသားများ အပြင် တခြားတောင်ပေါ်တိုင်းရင်းသားများလည်း အနေဖြင့် အထူးအခက်အခဲ ဖြစ်ပေါ်နေကြရသည်ဟု သိရသည်။

ကိုအောင်စိုးက “လူငယ်တွေက အလုပ်အကိုင် မရှိတဲ့သူတွေ များပါတယ်။ တောင်ယာလုပ်ငန်းကလည်း အရင်ကလို ကိုယ်ကြိုက်တဲ့ တောင်ကို ခုတ်ပြီး လုပ်ကိုင် စားသောက်လို့ မရတော့ဘူးလေ။ ဒါကြောင်း အဝေးကို သွားသူသွား၊ စစ်တပ်ထဲကို ၀င်သူဝင် ဖြစ်နေကြပါတယ်။ ကျနော်လည်း အလုပ်ရှာဖို့ ဘင်္ဂလာဘက်ကို ထွက်လာတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခုကဲ့သို့ စစ်တပ်ထဲသို့ ခမီးလူငယ်များကို အတင်းသွင်းနေခြင်းမှာ ယခုနှစ် နှစ်ဆန်းပိုင်းက စတင်ပြုလုပ်နေခြင်း ဖြစ်ပြီး အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကလည်း ခမီးလူငယ်များကို များများစုပြီး များများ အားဖြည့်ရန် ရှေ့တန်းထိုင် တပ်များကို ညွန်ကြားချက်များ ထုတ်ပြန်ထားသည်ဟု သိရသည်။

Most read this week