လူသတ်မူဖြင့် စွပ်စွဲဖမ်းဆီးခံ မြန်မာ လူငယ်နှစ်ဦးအတွက် နယူးယောက်ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြမည်

လူသတ်မူဖြင့် စွပ်စွဲဖမ်းဆီးခံ မြန်မာ လူငယ်နှစ်ဦးအတွက် နယူးယောက်ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြမည်
by -
နိရဥ္စရာ

ထိုင်းနိုင်ငံတွင် လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးခံရသော မြန်မာနိုင်ငံသား ရခိုင်တိုင်းရင်းသားနှစ်ဦး အမူမှန် ပေါ်ပေါက်ရေး အတွက် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆို သွားမည်ဟု သိရသည်။

၎င်းဆန္ဒပြပွဲအား အောက်တိုဘာလ ၁၇ ရက်နေ့ သောကြာနေ့၊ နေ့လည် ၂ နာရီမှ ၄ နာရီကြားတွင် ပြုလုပ်သွားမည်ဟု ဆန္ဒပြပွဲကို စီစဉ်နေသူ ကိုခိုင်ဘခင်က ပြောသည်။

WireAP

“ နယူးယောက်မြို့ရှိ Thai Consulate General office ရှေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဓိကတော့ အမူမှန်ပေါ်ပေါက်ရေး အတွက် တောင်းဆိုသွားဖို့ ဖြစ်ပါတယ်” ဟု ဆိုသည်။

ရခိုင် အလုပ်သမား လူငယ် နှစ်ဦးဖြစ်ကြသည့် မောင်ဝင်းဇော်ထွန်း နှင့် မောင်ဇော်လင်းတို့သည် ထိုင်းနိုင်ငံ လိပ်ကျွန်း (ကော့တောင်းကျွန်း) တွင် စက်တင်ဘာလ ၁၅ ရက်နေ့က  ဗြိတိသျှ လူမျိုးနှစ်ဦး ဖြစ်ကြသည့် Hannah Witheridge (၂၃ နှစ်)နှင့် David Miller (၂၅ နှစ်) သတ်ဖြတ်ခံရမူနှင့် စွပ်စွဲ ဖမ်းဆီးခံထားရသည်။

သူတို့(၂) ဦးအား ဖမ်းဆီးထားမူမှာ လုပ်ကြံဖမ်းဆီးမူ ဖြစ်သည်ဟု အများက ယုံကြည်နေပြီး အမူမှန် ပေါ်ပေါက်ရေးအတွက် တောင်းဆိုမူများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေသည်။

နယူးယောက်မြို့တွင် ဆန္ဒပြမည့် လိပ်စာ အပြည့်အစုံမှာ 351 East 52nd St NY 10022 ဖြစ်ပြီး အမှတ် (၆) ရထားကို စီးပြီး   ၅၁  ဘူတာကဆင်း၊ ၅၂ လမ်းကိုလျှောက်ရန်နှင့် ဆက်သွယ်ရန်မှာ ခိုင်ဘခင် (၃၄၇၄၈၈၁၁၀၀)၊ ကိုတင့်ဝေ (၃၄၇၇၈၅၂၀၆၀)၊ ကိုဟန်ထွန်း (၇၁၆၉၃၀၉၈၉၁) နှင့် ကိုဇော်ဇော်ထွန်း (၆၄၆၂၀၃၃၃၃၈) တို့ ဖြစ်ကြသည်။

Most read this week