စစ်တွေမြို ့စက်ရုံစု ကယ်ဆယ်ရေးစခန်းတွင် လုံးချင်းနေအိ်မ်များ လိုအပ်နေ

စစ်တွေမြို ့စက်ရုံစု ကယ်ဆယ်ရေးစခန်းတွင် လုံးချင်းနေအိ်မ်များ လိုအပ်နေ
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ကယ်ဆယ်ရေးစခန်း (၃) တွင် ရခိုင်ဒုက္ခသည်များအတွက် လုံးချင်းနေအိမ် များ လိုအပ်နေကြောင်း သတင်း ရရှိသည်။

“ကျနော်တို့က ၀န်ကြီးချုပ် မောင်မောင်အုန်း ကို တင်ပြထားပါတယ်။ ၀န်ကြီးချုပ်ကတော့ ပညာရေးနဲ့ ကျန်းမာရေးကို အဆင်ပြေအောင် လုပ်ဆောင်ပေးထားပါတယ်။ လုံးဝ အဆင်မပြေတာက နေထိုင်ရတဲ့ အခန်းလေးတွေကြောင့်ပါဘဲ။ အခန်းတွေက အလွန်ကျဉ်းမြှောင်းပြီးတော့ တော်တော်ကို အခက်ခဲတွေနဲ့ ကြုံနေရပါတယ်” ဟု ဒုက္ခသည်စခန်းမှ ဥက္ကဌဦးကျော်အေးက ပြောသည်။

စက်ရုံစု ကယ်ဆယ်ရေးစခန်း (စီ) တွင် (၈) ခန်းတွဲ  အဆောင် ၂၂ ခု ရှိပြီး ၊ မိသားစု (၈) စုစီ အဆောင် တစ်ခုတွင် နေထိုင်ရသဖြင့် ယာယီတွင် ပြသနာ မရှိသော်လည်း ရေရှည်တွင် အခက်အခဲများရှိနေသည်ဟု သိရသည်။

“ကျနော်တို ့ကို အမြန်ဆုံး နေရာချထားပေးစေချင်ပါတယ်။ မဟုတ်ရင် မိသားစု တစ်စုစီကို လုံးချင်း နေအိမ်တွေ ဆောက်ပေးစေလိုပါတယ်။ ကျနော်တို့ ရွာသူ ရွာသားတွေက ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ရောက်တုန်းကလည်း ဒီကစ္စဖြေရှင်းပေးဖို့  တင်ပြ တောင်းဆိုခဲ့ကြပါတယ်။ ပွင့်လင်းရာသီ ရောက်ရင် စီစဉ်ပေးမယ်လို့တော့ ပြောခဲ့တာတွေ ရှိပါတယ်။ လက်တွေ့မှာတော့ ဆောက်လုပ်ပေးတာ မရှိသေးပါဘူး” ဟု ဆိုသည်။

၎င်းဒုက္ခသည်စခန်းမှ ရွာသူတစ်ဦးကလည်း သူမတို့အနေဖြင့် ဆင်းရဲကျပ်တည်းသည် ဖြစ်စေ ကိုယ့်အိမ်လေး နဲ့ကိုယ် လွတ်လပ်စွာ နေထိုင်လိုကြောင်း ပြောဆိုသည်။

“ကျန်မတို ့အမြဲတမ်း ကယ်ဆယ်ရေး ဘဝနဲ ့မနေချင်ဘာဘူး။ ကိုယ့်အိမ်ကလေးနဲ ့ကိုယ်နေချင်ပါတယ်။ မြို့ထဲကို သွားပြီးတော့ ကူလီထမ်းသူကထမ်း ဆိုက်က္ကား နင်းသူကနင်း ၊ကြုံရာ ကျဘမ်းလုပ်ကိုင်စားသောက် ချင် ပါတယ် ။ ဒုသမ္မတဒေါက်တာစိုင်းမောက်ခမ်း ရောက်တုန်းကလဲ ပြန်လည်နေရာချထားပေးမယ် ဆိုပြီးတော့ ပြောခဲ့လို ့ကျန်မတို ့အရမ်း ၀မ်းသာနေပါတယ်၊ ဒါပေမဲ့ အခုထက်ထိဘာမှလည်း မသိရသေးပါဘူး” ဟု သူမကဆိုသည်။

၎င်းရခိုင် ဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့သော ရခိုင်-ဘင်္ဂလီ ပဋိပက္ခတွင် အိုးအိမ်များ ဆုံးရှံုးခဲ့ရသူများ ဖြစ်ပြီး အစိုးရမှ သူတို့အား အဆောင်တန်းလျားများ ဆောက်ကာ နေရာချပေးထားသည်။ သို့သော်လည်း အများစု ရခိုင်ဒုက္ခသည်များကို ဆတ်ရိုးကျ တဘက်ကမ်းတွင် လုံးချင်း နေအိမ်များ ဆောက်လုပ်ကာ နေရာချထားပေး ထားကြောင်း သိရသည်။

ထိုသို့ နေရာချပေးထားရာတွင် ဆန်၊ဆီ၊ဆား စသည့် ရိက္ခာများကို နေ့စဉ် ထောက်ပံ့ပေးသော်လည်း လုံးချင်း နေအိမ်များ မရသူများ အနေဖြင့် လုံးချင် နေအိမ်များကို သက်ဆိုင်ရာက ဆောက်လုပ်ပေးရန် လိုလားနေ ကြသည်။

နေအိမ် လုံးချင်းမရသူ စက်ရုံစုကယ်ဆယ်ရေးစခန်း (စီ) တန်းတွင် ကျား ၃၂၄ ဦး၊ မ ၃၄၃ ဦး၊ စုစုပေါင်း လူဦးရေ ၆၆၇ ဦး ရှိကြောင်း သိရသည်။

Most read this week