ဘင်္ဂလာဒေချ့်ရေတပ် ရေငုတ်သင်္ဘောများပိုင်ဆိုင်တော့မည်

ဘင်္ဂလာဒေချ့်ရေတပ် ရေငုတ်သင်္ဘောများပိုင်ဆိုင်တော့မည်
by -
နိရဥ္စရာ

မြန်မာ့အိမ်နီးချင်း ဘင်္ဂလာဒေချ့်နိုင်ငံတွင် စစ်တပ်အင်အားကို တိုးချဲ့ တည်ဆောက်နေရာ သူ့နိုင်ငံရေတပ် အနေဖြင် ရေငုတ်သင်္ဘော submarines-  (၂) စီးကို နောင်နှစ်အတွင်း ပိုင်ဆိုင်လာတော့မည် ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာက အောက်တိုဘာလ ၁၁ရက််နေ့က တရားဝင် ထုတ်ဖေါ်ကျေညာ သည်။

“ဘုရားသခင်ရဲ့ အလိုတော်အရ နောင်နှစ် ၂၀၁၅ နှစ် နောက်ဆုံးထားပြီး ဘင်္ဂလာဒေချ့်ရေတပ်မှာ ရေငုတ်သင်္ဘော (၂) စီးကို တိုးမြင့် သွားပါမယ်” ဟု အောက်တိုဘာလ ၁၁ရက်နေ့က ပြုလုပ်သော စစ်တကောင်းမြို့ ရေတပ် ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဘင်္ဂလာဒေချ့် ၀န်ကြီးချုပ်ကထုတ်ဖေါ်ပြောကြား လိုက်သည်။

ယင်းပြင် ဘင်္ဂလာဒေချ့်နိုင်ငံ၏ ရေပြင် နယ်နမိတ်နှင့် ပင်လယ် သဘာဝ သယံဇာတများကို ကာကွယ်ရေး အတွက် တိုက်သင်္ဘော(၂) စီးကိုလည်း ဘင်္ဂလာဒေချ့် ရေတပ်တွင် ထပ်မံ အားဖြည့်သွားမည်ဟု ၀န်ကြီးချုပ်က ထုတ်ဖေါ် ပြောကြားသည်။

ဘင်္ဂလာဒေချ့်နိုင်ငံ၏ အကြီးမားဆုံး ရေတပ်အခြေစိုက် စခန်းတစ်ခုကိုလည်း ရေငုတ်သင်္ဘောများ ဆိပ်ကပ် ၀င်ထွက်သွားလာရန် ပေါ့တာဝါခါလီ (အဝကျွန်း) ရာဘာနာဘတ်တွင် တည်ဆောက် သွားမည်ဟု ဆိုသည်။

သူမ၏ အစိုးရအနေဖြင့် ရေတို ရေရှည် စီမံကိန်းများချမှတ်ပြီး ဘင်္ဂလာဒေချ့် ရေတပ် ခေတ်မီ တိုးတက်အောင် ဆောင်ရွက်နေပြီး ၂၀၃၀ တွင် အမှတ် (၃) အဆင့် ရေတပ်မတော်တစ်ခု အဖြစ် တည်ဆောက်ရန်ရည်ရွယ်ထား သည်ဟု ဆိုသည်။

သူမ အစိုးရလက်ထက် (၂၀၀၈- ၂၀၁၄) တွင် ရေတပ်သင်္ဘော (၁၆) စီး၊ ရဟတ်ယာဉ် (၂) စီး၊ ကမ်းခြေစောင့် ကင်းလှည့် လေယာဉ် (၂)စီးကိုလည်း ဘင်္ဂလာရေတပ်တွင် တိုးချဲ့ တပ်ဆင်ပေးနိုင်ခဲ့သည်ဟု ဆိုသည်။

မြန်မာ၊ အိန္ဒိယနှင့် အငြင်းပွားနေသော ရေပြင်ပိုင်နက် အငြင်းပွားမူကိုလည်း ဖြေရှင်းနိုင်ခဲ့ပြီး ပင်လယ်ပြင်မှ ထွက်ရှိသော သဘာဝသယံဇာတများကို အကျိုးရှိရှိ ထုတ်ယူသုံးစွဲနိုင်ရန် ရည်ရွယ်ကြောင်း ပြောဆိုသွားသည်။

Most read this week