ထိုင်းအာဏာပိုင်များ ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမားများ တောတွင်း ထွက်ပြေးတိမ်းရှောင်နေကြရ

ထိုင်းအာဏာပိုင်များ ဖမ်းဆီးမှုကြောင့် မြန်မာအလုပ်သမားများ တောတွင်း ထွက်ပြေးတိမ်းရှောင်နေကြရ
by -
နွယ်လေး
ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်ရှိ ထိုင်းအာဏာပိုင်များက တရားမဝင် မြန်မာအလုပ်သမားများကို စစ်ဆေး ဖမ်းဆီးမှုကြောင့် ရာချီအဖမ်းဆီး ခံရပြီး ထောင်နှင့်ချီကာ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။ ခုလ ၂၆ ရက်နေ့မှစတင်၍ ဒေသခံ အာဏာပိုင်များက တရားမဝင်ရွေ့ပြောင်း အလုပ်သမား ...

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်ခရိုင်ရှိ ထိုင်းအာဏာပိုင်များက တရားမဝင် မြန်မာအလုပ်သမားများကို စစ်ဆေး ဖမ်းဆီးမှုကြောင့် ရာချီအဖမ်းဆီး ခံရပြီး ထောင်နှင့်ချီကာ တောတွင်းသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်။

ယခုလ ၂၆ ရက်နေ့မှစတင်၍ ဒေသခံ အာဏာပိုင်များက တရားမဝင်ရွေ့ပြောင်း အလုပ်သမား ၅ဝဝ ကျော်ကို ဖမ်းဆီး စစ်ဆေးနေသည်ဟု တောတွင်းပုန်းရှောင်နေသည့် မြန်မာအလုပ်သမား ကိုဟိန်းဇော်ဦးကပြောသည်။

“ကျနော်တို့ မိုးတွေလေတွေနဲ့ ပုန်းနေရတယ်။ ပုလိပ် စောင့်ကြည့်နေရတယ်။ ပုလိပ် လိုက်ဖမ်း နေတယ် အကုန်လုံး။ ခုက လူပေါင်း တစ်ထောင်ကျော်လောက်ရှိတယ်။ အကုန်လုံး မြန်မာပြည်သား တွေ အကုန်ပြေးနေရတယ်။ ဗမာရော၊ ရခိုင်ရော၊ မွန်ရော အကုန်ပြေးနေရတယ်။ ”

ယခင်က အလုပ်သမားများ အဖမ်းဆီးခံရလျှင် အလုပ်ရှင်က ငွေပေးပြီး ပြန်ရွေးထုတ်၍ ရသော်လည်း ယခု ဘန်ကောက်မှ အထူးစစ်ဆင်ရေး ရဲများဖြစ်သဖြင့် ရွေးထုတ်၍ မရ ကြောင်း အလုပ်သမားများက ပြောသည်။

“အလုပ်ရှင်က တောထဲသွားနေဖို့ လမ်းကြောင်းတွေပြောတယ်။ ထမင်းစားတဲ့အခါ ရှမ်းတွေ ဟိုန (အ လုပ်သမားခေါင်းဆောင်)ဆီ ဖုန်းဆက်တယ်။ ပုလိပ်တွေ မရောက်သေးဘူးဆို တန်းလျားကို ခဏ ထ မင်းပြန်စားပြီး တောထဲပြန်အိပ်တယ်။ ပုလိပ်ဝင်ရင် ထမင်းမစားရဘူး တောထဲမှာ ဒုက္ခရောက်နေ ကြတယ်ခု။ ခြင်ကကိုက်၊ မိုးကရွာ လမ်းကမှားနဲ့ ညက ကျနော်တို့ တစ်နာရီကျော်မှ အိပ်ရတယ်။” ဟု ကိုဟိန်းဇော်ဦးက ဆက်ပြောသည်။

တရားမဝင် အလုပ်သမားကို အထူးစစ်ဆင်ရေးအနေဖြင့် ရှာဖွေစစ်ဆေး ဖမ်းဆီးနေသည့်အတွက် အလုပ် ၈ ရက် ရပ်နားထားရသည်ဟု အလုပ်သမား တဦးဖြစ်သည့် ထွန်းရွှေခိုင် က ပြောသည်။

ယနေ့ဖမ်းဆီးမှု အခြေအနေနှင့်ပါတ်သက်၍ ကိုထွန်းရွှေခိုင်က ယခုလိုပြောသည်။

“အလုပ်သမားတွေနေတဲ့ တန်းလျားတွေမှာ လာဖမ်းတယ်။ အချို့ အလုပ်သွားနေတဲ့ လူတွေကို ကား ဂိတ်မှာဖမ်းတာ ရာနဲ့ချီပါသွားတယ်။ ဒီတစ်ရက် နှစ်ရက်မှာ လူပေါင်း ငါးရာ လောက်ဖမ်းသွားပြီင်္။ ခုတောင်မှ ကိုကို့၊ ပါလိန်ရပ်ကွက် ဆောက်လုပ်ရေးခွင်က မိန်းကလေး ယောက်ျားလေးပေါင်း  ၃ဝ လောက် ပါသွားပြီင်္။ ”

ပြီးခဲ့သည့် အဂါင်္နေ့မှ စပြီး ဖူးခက်မြို့ နေရာ အနှံအပြားတွင် အလုပ်သမားလက်မှတ် မရှိသည့် မြန်မာအလုပ် သမားများကို စတင် ဖမ်းဆီးခြင်းဖြစ်သည်။

အင်္ဂါနေ့မှာပင် ဘန်ကောက်နှင့် မဟာချိုင်ရှိ အလုပ်သမား တရာနီးပါးခန့် ထိုင်းအာဏာ ပိုင်များက ဖမ်းဆီးခဲ့ သည်ဟု ဘန်ကောက်ရှိ မြန်မာအလုပ်သမားကို ကူညီပေးနေသည့် ဦးကျော်သောင်းက ပြောသည်။

လာမည့် ဇွန်လတွင် အလုပ်သမားသက်တမ်းအသစ်ထပ်တိုးပေးမည့် အတွက် တရားမဝင် အလုပ်သမားများကို စီမံကိန်းဖြင့် စစ်ဆေးဖမ်းဆီးခြင်း ဖြစ်နိုင်သည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်သူများက ခန့်မှန်း ကြသည်။

Most read this week