မြောက်ဦးမြို့တော်ခန်းမ တည်ဆောက်မည့်နေရာ မင်းညီမင်းသား သချုႋင်းဖြစ်နေသည်ဟုဆိုကာ မြို့ခံအချို့ကန့်ကွက်

မြောက်ဦးမြို့တော်ခန်းမ တည်ဆောက်မည့်နေရာ မင်းညီမင်းသား သချုႋင်းဖြစ်နေသည်ဟုဆိုကာ မြို့ခံအချို့ကန့်ကွက်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် မြို့တော်ခန်းမ တည်ဆောက်ရန် သတ်မှတ်ထားသည့် နေရာမှာ ရခိုင် ဘုရင်ခေတ်က မင်းညီမင်းသားတွေကိုမြှုပ်နှံသည့်သချုႋင်းဖြစ်နေသည်ဟုဆိုကာ မြို့ခံအချို့ ကန့်ကွက်မှုများ ရှိနေကြောင်း သိရသည်။

မြို့တော်ခန်းမတည်ဆောက်ရန် သက်ဆိုင်ရာကသတ်မှတ်ထားသည့်နေရာမှာ မြောက်ဦးမြို့၊ ကြက် စျေးရပ်ကွက်ရှိ ရှစ်သောင်းပုထိုးတော်ကြီးနှင့် အနော်မာပန်းခြံတို့အနီးတွင်တည်ရှိပြီး ယင်းနေရာသည် ယခင် ရခိုင်ဘုရင့်ခေတ်အဆက်ဆက်က မင်းညီမင်းသားများ၏ရုပ်အလောင်းများ ကိုမြှုပ်နှံသည့် သချုႋင်းမြေနေရာ တစ်ခုဖြစ်သည့်အတွက် တန်ဘိုးထားထိန်းသိမ်းသင့်သည်ဟုဆိုကာ မြောက်ဦးမြို့ခံ ၄၅ ဦးက လက်မှတ်ရေးထိုး ကန့်ကွက်ထားကြောင်း သိရသည်။

“ထမ္မရာဇ်ရပ်ကွက်က မြို့သစ်တည်ထားတဲ့နေရာဖြစ်တယ်။ ပြီးတော့ အဲဒီနေရာမှာ ဌာနဆိုင်ရာအစိုးရရုံး တွေလည်း အားလုံးနီးပါးရှိကြတော့ မြို့တော်ခန်းမကိုလည်း အဲဒီနေရာမှာပဲဆောက်စေချင်တာပါ”ဟု မြောက်ဦး မြို့ခံ ဦးကျော်ထွန်းဦးက နိရဥ္စရာသို့ပြောသည်။

သို့သော် ယင်းထမ္မရာဇ်ရပ်ကွက်တွင်လည်း ဒေသခံအချို့ဝယ်ယူထားသည့် မြေကွက်များရှိနေသလို ဌာနဆိုင်ရာရုံးများတည်ဆောက်လိုက်ပြီဖြစ်သည့်အတွက် မြို့တော်ခန်းမ တည်ဆောက်မည့် မြေနေရာ မရှိသလောက် နည်းပါးနေပြီဖြစ်ကြောင်း သိရသည်။

ယခုသတ်မှတ်ထားသည့် မြေနေရာမှာ မင်းညီမင်းသားသချုႋင်းဟုဆိုသော်လည်း မီးသဂြိုလ်သည့် နေရာ သာဖြစ်ပြီး မင်းညီမင်းသားများ၏ရုပ်အလောင်းများကို ယင်းအနီးရှိ တစ်ဘက်ဆည် ဘုန်းတော်ကြီီး ကျောင်းဝင်း နေရာတွင်သာ မြေမြှုပ်သဂြိုလ်ခဲ့ကြကြောင်း မြောက်ဦးလူမှုကွန်ရက် ဥက္ကဋ္ဌ ဦးနှင်းထွန်းတိုးက ပြောဆိုသည်။

“ဒီနေရာက နဝရတ်ဟိုတယ်နဲ့လည်း ဆက်စပ်နေတော့ အဲဒီနဝရတ် ဟိုတယ်ဆောက်တုန်းက ဘာလို့ မကန့်ကွက်ခဲ့ကြတာလဲ”ဟု ဦးနှင်းထွန်းတိုးက မေးခွန်းထုတ်လိုက်သည်။

မြောက်ဦးမြို့၏မရှိမဖြစ်လိုအပ်နေသော မြို့တော်ခန်းမတည်ဆောက်ရာတွင် အဆိုပါကွင်းပြင်တစ်ခု လုံးကို အသုံးပြုသွားမည်မဟုတ်ဘဲ ကွင်းတစ်ခုလုံး၏ ၅ ပုံ ၂ ပုံကိုသာ အသုံးပြုသွားမည်ဖြစ်သည့် အတွက် မြို့ခံ များအနေဖြင့် နားလည်ပေးသင့်ကြောင်းလည်း မြောက်ဦးမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှိုင် က ပြောဆိုသည်။

လက်ရှိတွင် မြောက်ဦးမြို့ကို အစိုးရက ကမ ္ဘာ့ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (UNESCO) ၏ ရှေးဟောင်းအမွေအနှစ်စာရင်းဝင််ရန် ဆောင်ရွက်နေပြီဖြစ်သည့်အတွက် ယင်းနေရာတွင် မြို့ တော်ခန်းမကိုတည်ဆောက်လိုက်ပါက UNESCO ၏ရှေးဟောင်း အမွေအနှစ် စာရင်းဝင််ရန် အနှောင့်အယှက် ဖြစ်လာနိုင်ကြောင်း ကန့်ကွက်နေသူများက သုံးသပ်ပြောကြားသည်။

ယင်းနှင့်ပတ်သက်ပြီး မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက “UNESCO စာရင်းဝင်ဖို့ဆောင်ရွက်ရာမှာ ကျွန်တော်တို့က ဧရိယာ Photo ပေးရတယ်ခင်ဗျ။ အဲလိုပေးတဲ့အခါ ဒီအဆောက်အဦးကြီး ပါမသွားဘူးဆိုရင်တော့ ပြဿနာဖြစ်လာနိုင်တယ်။ စောစောစီးစီး တည်ဆောက်ထား လိုက်နိုင်ရင်တော့ ပြဿနာမရှိနိုင်ပါဘူး”ဟု သုံးသပ်ပြောဆိုသည်။

မြောက်ဦးမြို့ကို ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်မှစတင်ကာ အစိုးရက ကျောက်တော်၊ မင်းပြား၊ မြောက်ဦးနှင့် မြေပုံမြို့များဖြင့်ဖွဲ့စည်း၍ ခရိုင်မြို့အဖြစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီးဖြစ်သည့်အတွက် မြို့အင်္ဂါရပ်နှင့် ညီညွတ်စေရန် ယခု ကဲ့သို့ မြို့တော်ခန်းမတစ်ခုတည်ဆောက်ရန်ပြင်ဆင်ခြင်းဖြစ်သည်။

အစိုးရက ဘတ်ဂျတ်ကျပ်သိန်း ၂ဝဝဝ သုံးစွဲရန်ခွင့်ပြုထားသည့် အဆိုပါမြို့တော်ခန်းမမှာ မြောက်ဦးမြို့ အတွက် အမှန်တကယ်လိုအပ်နေသော်လည်း ပြည်သူ ဗဟိုပြုခေတ် ဖြစ်နေသည့် အတွက် ပြည်သူ အားလုံးသ ဘောတူမှသာ တည်ဆောက်ရေး လုပ်ငန်းများစတင်သွားမည်ဖြစ်ကြောင်း မြောက်ဦးမြို့၊ ရှေးဟောင်းသုတေသန ဌာနမှ တာဝန်ရှိသူကပြောကြားသည်။

Most read this week