ဘင်္ဂါလီဒုက္ခသည်စခန်းအချို့တွင် ပြင်ပဒေသမှ ဝင်ရောက်လာသူများ ရှိနေဟုဆို

ဘင်္ဂါလီဒုက္ခသည်စခန်းအချို့တွင် ပြင်ပဒေသမှ ဝင်ရောက်လာသူများ ရှိနေဟုဆို
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းအချို့တွင် အခြားဒေသမှ ဝင်ရောက်နေထိုင်သူ ယခုနောက်ပိုင်း ပိုမိုများပြားလာခြင်းမှာ  ပြည်နယ်တွင်း တရားဥပဒေစိုးမိုးမှုအားနည်း၍ ဖြစ်သည်ဟု ရခိုင်ဒေသခံများက ဝေဖန်ပြောကြားသည်။

စစ်တွေမြို့နယ်ရှိ သဲချောင်းနှင့် ပေါက်တောမြို့နယ်ရှိ ငှက်ချောင်း ဘင်္ဂါလီဒုက္ခ သည်စခန်းများတွင် မူလ ဒုက္ခသည်များထက် အခြားဒေသမှ ဝင်ရောက်နေထိုင်နေသူများကို ယခုနောက်ပိုင်းတွင် ပိုမို တွေ့ရှိလာရပြီး ယင်းဒုက္ခသည်များကို ယင်းဒုက္ခသည် စခန်းများအနီးတွင် တဲအိမ်ငယ်များ ဆောက်လုပ်နေထိုင်နေကြ သည်ကို တွေ့ရှိခဲ့ရကြောင်း ယင်းဒုက္ခသည်စခန်းများသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အတူ လိုက်ပါသွားခဲ့ဖူးသူ စစ်တွေမြို့မိမြို့ဖ ဦးသာပွင့်က သုံးသပ်ပြောဆိုသည်။

“ဒီလိုမျိုး ဘာကြောင့်ဖြစ်လာနေရတာလဲဆိုတော့ တရားဥပဒေစိုးမိုးမှုမရှိလို့ပဲ” ဟု သူက ဆိုသည်။

Pauktaw-refugee-camp-in

ပေါက်တောမြို့နယ်  ငှက်ချောင်းဒုက္ခသည်စခန်းတွင် ယခုနောက်ပိုင်း ခိုးဝင်လာသည့် ဘင်္ဂါလီဦးရေ ၁ဝ၇ ဦးအထိ စိစစ်တွေ့ရှိခဲ့ရကြောင်း ဦးသာပွင့်က ဆက်လက် ပြောဆိုသည်။

အထူးသဖြင့် စစ်တွေမြို့နယ် သဲချောင်းဒုက္ခသည်စခန်းနှင့် ပေါက်တောမြို့နယ်ရှိ ငှက်ချောင်းဒုက္ခသည် စခန်းများ အတွင်းသို့ ဝင်ရောက် နေထိုင်မူ တိုးပွားနေပြီး အများစုမှာ မြေပုံမြို့နယ်နှင့် မင်းပြားမြို့နယ်ဘက်မှ ခိုးဝင်လာသူ ဘင်္ဂလီများဖြစ်ကြသည်ဟု သူက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ရေးနှင့်မှတ်တမ်းပြုစ ုရေးဆပ် ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက ယခုကိစ္စကို အစိုးရကကိုင်တွယ်ဖြေရှင်းရာတွင် မူတစ်ခုရှိပြီး ယင်းမူမှာ မြို့နယ် တစ်ခုရှိ ဒုက္ခသည်စခန်းတစ်ခုသို့ ယင်းမြို့နယ်အတွင်းမှ မဟုတ်ဘဲ အခြားမြို့နယ်များမှ ဝင်ရောက်လာသူများ ကို မူရင်းမြို့နယ်သို့ပြန်လည်ပို့ ဆောင်ပေးသည့်မူပင်ဖြစ်ကြောင်း ရှင်းပြသည်။

“မြေပုံကမြို့နယ်ကလူက နဂိုက မြေပုံကစာရင်းထဲမှာနာမည်ပါနေပြီးတော့ ပေါက်တောကိုရောက်နေရင် ဒီဟာတွေကို စိစစ်လို့တွေ့တယ်ဆိုလို့ရှိရင် မြေပုံကိုပြန်ပို့ရမယ်။ ပေါက်တောကလူလည်း စစ်တွေရောက်နေရင် ပေါက်တောကိုပြန်ပို့ရမယ်။ ဒီမူကိုတော့ အရင်ကလည်းလုပ်ဆောင်ခဲ့သလို အခုလည်း လုပ်ဆောင်နေတာပါပဲ” ဟု ဦးလှသိန်းကဆိုသည်။

စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းများတွင် မြေပုံမြို့နယ်နှင့်မင်းပြားမြို့နယ်များမှ ဘင်္ဂါလီများအပြင် ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်မှ ဝင်လာသည့် ဘင်္ဂါလီများ လည်းရှိကြောင်း စစ်တွေမြို့နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုမှ ခေါင်းဆောင်ဦးအောင်ဝင်းက  စက်တင်ဘာလ ၂ဝ ရက်၊ မွန်းလွဲ ၂ နာရီခန့်က နိရဥ္စရာသတင်းဌာန၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၄ ခုနှစ် စက်တင်ဘာလ အစောပိုင်းအထိ (၂) နှစ်ကျော်ကာလအတွင်း ရခိုင်ပြည် နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီလူဦးရေ လေးသောင်းခန့်အထိတိုးပွားလာနေပြီး ယင်း သို့တိုးပွားလာခြင်းမှာ မြို့နယ်ခြားများမှဘင်္ဂါလီများဝင်ရောက်နေထိုင်မှုများရှိသည့်အပြင် တစ်ဘက်နိုင်ငံ (ဘင်္ဂလားဒေ့ရှ်)မှ တရားမဝင်ခိုးဝင်မှုများရှိလာနေခြင်းကြောင့်လည်းဖြစ်ကြောင်း ရခိုင်လူမှုအဖွဲ့အစည်းများက ထောက်ပြကြသည်။

ယင်းအပြင် ယခုကဲ့သို့ ဒုက္ခသည်စခန်းများသို့ တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်ခွင့်ရရှိနေကြခြင်းမှာ နယ်စပ်နှင့် ပင်လယ်ပြင်လုံခြံုမှုအားနည်း၍ ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများက သုံးသပ်ပြောကြားကြသည်။

Most read this week