မြေပုံမြို့နယ်မှ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂလီအမျိုးသားများအား နိုင်ငံသားကတ်များ စတင်ထုတ်ပေး

မြေပုံမြို့နယ်မှ နိုင်ငံသားဖြစ်ခွင့်ရသူ ဘင်္ဂလီအမျိုးသားများအား နိုင်ငံသားကတ်များ စတင်ထုတ်ပေး
by -
နိရဥ္စရာ

မြေပုံမြို့ဘင်္ဂါလီဒုက္ခသည် စခန်းမှ နိုင်ငံသားဖြစ်ခွင့်ရရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်မျာကို  ယခုလ ၂၂ ရက်နေ့က အခမ်းအနားပြုလုပ်ကာ ထုတ်ပေးလိုက်ပြီဖြစ်သည်။

မြေပုံမြို့ရှိ သမဝါယမရုံးအစည်းအဝေး ခန်းမ၌ ယင်းနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သော  အခမ်းအနားတွင်  နိုင်ငံသားဖြစ်ခွင့် ရရှိသည့်ဘင်္ဂါလီ ၄ဝ ဦးကို နိုင်ငံသားစိစစ်ရေးကတ်ပြားများအား၎င်း၊  နိုင်ငံသားပြုခွင့်ရရှိသည့်ဘင်္ဂါလီ ၁၆၉ ဦးတို့ကို နိုင်ငံသားပြုခွင့် အသိအမှတ်ပြု ကတ်ပြားများ၎င်း အသီးသီး ထုတ်ပေးခဲ့သည်။

ID-cards-distributed

ယင်းသို့ပေးအပ်ရာတွင် လျှောက်ထားသူ ၁၀၉၄  ဦး အနက်မှ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်အညီ အဆင့်ဆင့် စိစစ်၍ ပေးအပ်ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ လုံခြံုရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ယင်းအခမ်းအနားတွင် ပြောကြားသည်။

“ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဖြစ်ခွင့် ဥပဒေနှင့်အညီ အဆင့်ဆင့် စိစစ်ပီး ပေးအပ်တာ ဖြစ်ပါတယ်။ အခုလိုမျိုး နိုင်ငံသာ းဖြစ်ခွင့်ရလို့ နိုင်ငံံသားအခွင့်အရေးကိုတစ်ဘက်ကရသလို တစ်ဘက်မှာ လည်း နိုင်ငံ့သစ္စာကို စောင့်သိကြဖို့လိုပါတယ်”ဟု သူက ဆိုသည်။

ယင်းနေ့က ပြုလုပ်သည့် အခမ်းအနားတွင် နိုင်ငံသားဖြစ်ခွင့်ရသူများက နိုင်ငံသားတစ်ယောက်အတိုင်း နိုင်ငံ့သစ္စာကို စောင့်သိရိုသေမည်ဖြစ်ကြောင်း နိုင်ငံတော်အလံအား အလေးပြုကာ ကတိပြုကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။

“မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ရတာ ကျွန်တော်အရမ်းဝမ်းသာပါတယ်။ အခုလို နိုင်ငံသား ဖြစ်ခွင့်ရလို့ ကျွန်တော်တို့ သွားချင်တဲ့နေရာသွားလို့ရပြီ။ စျေးဝယ်ဖို့လည်းသွားလို့ရပြီ။ နိုင်ငံတော်ရဲ့ စည်းကမ်းစည်း မျဉ်းတွေကို လိုက်နာသွားဖို့ အတွက်လည်း ကျွန်တော်တို့ သစ္စာပြုထားပါတယ်” ဟု နိုင်ငံ သားဖြစ်ခွင့်ရရှိသည့် မြေပုံမြို့၊ တောင်ပေါ်ဒုက္ခသည်စခန်းမှ ဘင်္ဂါလီတစ်ဦးဖြစ်သူ ကိုမောင်မောင်ခင် က နိရဥ္စရာသတင်းဌာန၏သီးသန့်တွေ့ဆုံမေးမြန်းမှုကိုဖြေကြားခဲ့သည်။

ယင်းပြင် အသက် ၄၂ နှစ််အရွယ် ဘင်္ဂါလီအမျိုးသမီးတစ်ဦးဖြစ်သူ ဟာမီနာ ခါတူကလည်း  “အခုလို နိုင်ငံသားဖြစ်ခွင့် ရလာလို့ စျေးတွေသွားလာခွင့်ရပြီး စားရေးသောက်ရေးတွေ အဆင် ပြေလာမှာဖြစ်လို့ ပျော်ပါတယ်”ဟု ပြောသည်။

နိုင်ငံသားဖြစ်ခွင့်ရသူများနှင့် နိုင်ငံသားဖြစ်ခွင့်ရသူများကို မြေပုံမြို့ရှိ တောင်ပေါ်ဒုက္ခ သည်စခန်းရှိ ဘင်္ဂါလီ ၃ဝဝဝ ကျော်အနက် ဘင်္ဂါလီလူမျိုး အမည်ဖြင့် နိုင်ငံသားဖြစ်ခွင့်စိစစ်ပေးရန် လျှောက်ထားလာသည့်ဘင်္ဂါလီ ၁ဝ၉၄ ဦးကို မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် နေပြည်တော်ရှိ ဗဟိုအဖွဲ့ အဆင့်ဆင့်တို့က အသေးစိတ် စိစစ်ခဲ့ရကြောင်းလည်း သိရသည်။

သို့သော် နိုင်ငံသားဖြစ်ခွင့်ရရှိသွားကြသည့် အချို့ဘင်္ဂါလီများကိုစိစစ်ရာတွင် အထောက်အထားပြည့်စုံမှုမရှိဘဲ စိစစ်ခဲ့သည်ဟုဆိုကာ ယင်းကိုလက်မခံနိုင်သည့်အတွက် မြေပုံမြို့ရှိ မြို့မစျေးကြီး  အပါအဝင် စျေးဆိုင်ခန်းများနှင့် နေအိမ်များပါ အခန်းတံခါးများပိတ်ကာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ ကြပြီး ကျောင်းသူ၊ ကျောင်းသားများအနေဖြင့်လည်း ကျောင်းတက်ရောက်ခြင်းမပြုခဲ့ကြပေ။

ယင်းနှင့်ပတ်သက်ပြီး မြေပုံမြို့ခံတစ်ဦးက “နိုင်ငံသားဖြစ်ခွင့်ရော၊ နိုင်ငံသားပြုခွင့်ရော မရနိုင်ဘူးလို့ လက်မှတ်ထိုး တင်ပြလိုက်တဲ့သူက နိုင်ငံသားပြုခွင့်ရတဲ့သူတွေထဲပါနေ လို့ ဒါကို မကျေနပ်လို့ အခုလို ဆန္ဒထုတ်ဖော်တာလို့ သိရတယ်ဗျ”ဟု ပြောသည်။

ယခုကဲ့သို့ နိုင်ငံသားဖြစ်ခွင့်ဆောင်ရွက်ရာတွင် မြေပုံမြို့မိမြို့ဖအချို့အပါအဝင် သက်ဆိုင်ရာအ ကြီးအကဲများက အဆင့်ဆင့်စိစစ်ခဲ့ခြင်းဖြစ်ပြီး ယင်းတို့အားလုံး၏သဘောတူလက်မှတ်ရေး ထိုးပြီးမှသာ ပြည်နယ်မှတဆင့် ဗဟိုသို့ ပေးပို့လိုက်ခြင်းဖြစ်သည့် အတွက် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

သို့သော် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ခဲ့ခြင်းအတွက် ပြည်နယ်ဝန်ကြီးချုပ်အနေဖြင့် များစွာစိတ် မကောင်းဖြစ်ရ ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသွား ခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး မြေပုံမြို့မိမြို့များအပါအဝင် လူမှုကွန်ရက်အဖွဲ့ထံ ဖုန်းဖြင့်ဆက် သွယ်ခဲ့သော်လည်း ယင်းတို့၏ဖုန်းများအားလုံးကို ပိတ်ထားကြသည့်အတွက် ဆက်သွယ်၍ မရခဲ့ပါ။

နိုင်ငံသားဖြစ်ခွင့်ရသူများကို နိုင်ငံသားအခွင့်အရေးအရ မြန်မာနိုင်ငံတစ်ဝန်း ဒေသမရွေးသွား လာခွင့်ပြုထားပြီ ဖြစ်သော်လည်း လူမျိုးစုနှစ်ခု အကြား သင့်မြတ်မှုမရှိသေးသည့်ရခိုင်ပြည်နယ် အတွင်းဆိုလျှင် လောလော ဆယ်သွားလာ၍ ရရှိဦးမည်မဟုတ်သေးကြောင်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးမောင်မောင် အုန်းက စက်တင် ဘာလ ၂၂ ရက်၊ ညနေပိုင်းက သတင်းထောက် များနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

Most read this week