စစ်တွေမြို့တွင် ရဟန်းတော်များ ခရီးသွွားလာမှုကို အာဏာပိုင်များမှ စောင့်ကြည့်

စစ်တွေမြို့တွင် ရဟန်းတော်များ ခရီးသွွားလာမှုကို အာဏာပိုင်များမှ စောင့်ကြည့်
by -
မောင်အေး
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဟန််းတော်များ ခရီး သွားလာမှုကို အာဏာပိုင်များက စောင့်ကြည့်နေသဖြင့် ရဟန်းတော်များ ခရီးသွားလာရာတွင် အခက်အခဲ ဖြစ်နေကြရသည်။ အထူးသဖြင့် ငယ်ရွယ်သည့် သာမဏေများနှင့် စာသင်သား ရဟန်းတော်များကို စောင့်ကြည့် ...

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဟန််းတော်များ ခရီး သွားလာမှုကို အာဏာပိုင်များက စောင့်ကြည့်နေသဖြင့် ရဟန်းတော်များ ခရီးသွားလာရာတွင် အခက်အခဲ ဖြစ်နေကြရသည်။

အထူးသဖြင့် ငယ်ရွယ်သည့် သာမဏေများနှင့် စာသင်သား ရဟန်းတော်များကို စောင့်ကြည့်မူများ ရှိသည့် အပြင် တခါတခါ စစ်ဆေးမူများလည်း ရှိသည်ဟု ကျောက်တော်မှ ဦးဇင်းတပါးက ပြောသည်။

“ဟုတ်တယ်။ ရန်ကုန်-စစ်တွေ ကားဂိတ်မှာ စစ်ဆေးတာပါ။ အထူးသဖြင့် ကိုရင်လေးတွေကို သူတို့ စစ်တယ််။ ဘာကြောင့်လည်း ဆိုတာကိုတော့ ဦးဇင်းလည်း မပြော တတ်ဘူး။ ဒေါ်စု ဖမ်းခံရတဲ့ ကိစ္စနဲ့လည်း သက်ဆိုင် နိုင်ပါတယ်။ တိတိကျကျတော့ မပြောနိုင်ပါဘူး။”

လွန်ခဲ့သည့် နှစ်ရက်က ကျောက်တော်မှ စစ်တွေသို့ ခရီး သွားစဉ် သူ့အား လူဝင်မူကြီးကြပ်ရေး အရာရှိများ စစ်ဆေးမေးမြန်းခဲ့သည်။

ယခုကဲ့သို့ စစ်ဆေးမှုများကို ရန်ကုန် စစ်တွေ အဝေးပြေး ကားဂိတ်နှင့်် အဆိုပါ လမ်းတလျောက်ရှိကားဂိတ်များ အပြင် သင်္ဘောဆိပ်များတွင် လဝက အရာရှိများနှင့် ရဲသားများမှ စစ်ဆေးနေ ခြင်းဖြစ်သည်။

ရဟန်းတော်များအား ထုတ်ပေးသော သာသနာ အဖွဲ့ဝင် ကဒ်ပြားအပါအဝင် တခါတရံ မြို့နယ် သံဃာ့ကောင်စီမှ ထုတ်ပေးထားသော ထောက်ခံချက် စာရွက်ကိုလည်း စစ်ဆေး မေးမြန်းသည်ဟု သိရသည်။

အမည် မဖေါ်လိုသူ ရဟန်းတော် တပါးကလည်း “သတင်းတွေက တနေ့ တမျိုး အမျိုးမျိုး ထွက်နေတော့ ရဟန်းတော်တွေ တခုခု လုပ်မှာကို စိုးရိမ်ပြီး ခရီးသွားတဲ့ ရဟန်းတော်တွေကို မေးမြန်း စစ်ဆေးတာ ဖြစ်နိုင်ပါတယ်။ အဓိကတော့ ရန်ကုန်ကို သွားတဲ့ ရဟန်းတွေနဲ့ ရန်ကုန်က ပြန်လာတဲ့ ရဟန်းတွေက အာဏာပိုင်တွေရဲ့ အဓိက ပစ်မှတ် ဖြစ်နေတာကို တွေ့ရပါတယ်” ဟု ပြောသည်။

တခြားတဘက်တွင်လည်း စစ်တွေမြို့ရှိ ရွှေဝါရောင် တော်လှန် ရေးတွင် ပါဝင်ခဲ့သည့် ရဟန်းတော်များ နေထိုင်ရာ ဘုန်းတော်ကြီး ကျောင်းများကို ဒေါ်အောင်ဆန်းစုကြည် ကို ရုံးတင် စစ်ဆေးသည်နေ့မှ စောင့်ကြပ်မှုများရှိနေကြောင်း စစ်တွေမြို့မှ လူငယ်တဦးက ပြောသည်။

အာဏာပိုင်များက ရဟန်းတော််များခရီးသွားလာသည်ကို စောင့်ကြည်နေခြင်းမှာ ဝါတွင်းကာလ နီးကပ်လာပြီ ဖြစ်သည့့် အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး ခုံရုံးတင် စစ်ဆေးနေမူ အပေါ် ရဟန်းတော်များမှ မကျေမနပ် ဖြစ်နေခြင်း နှင့်လည်း သက်ဆိုင်နိုင်သည်ဟု အဆိုပါလူငယ်မှ မှတ်ချက်ချ ပြောကြားသည်။

Most read this week