အစိုးရသတင်းကို အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဟု အတိုက်အခံတို့ တုံ့ပြန်

အစိုးရသတင်းကို အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဟု အတိုက်အခံတို့ တုံ့ပြန်
by -
ဇော်ကြီး
ယနေ့ထုတ် စစ်အစိုးရပိုင်သတင်းစာများ၌ ဖော်ပြမှုများသည် တဖက်သတ်စွပ်စွဲချက်သာ ဖြစ်သည်ဟု ထိုင်းမြန်မာ နယ်စပ်အခြေစိုက် အတိုက်အခံနိုင်ငံရေး အင်အားစုများက တုံ့ပြန်လိုက်သည်။ ယနေ့ထုတ်မြန်မာ့ အလင်းသတင်းစာတွင် နေပြည်တော်- ရန်ကုန် အမှတ်(၃၂) အစုန်ရထားပေါ်၌ ...

ယနေ့ထုတ် စစ်အစိုးရပိုင်သတင်းစာများ၌ ဖော်ပြမှုများသည် တဖက်သတ်စွပ်စွဲချက်သာ ဖြစ်သည်ဟု ထိုင်းမြန်မာ နယ်စပ်အခြေစိုက် အတိုက်အခံနိုင်ငံရေး အင်အားစုများက တုံ့ပြန်လိုက်သည်။

ယနေ့ထုတ်မြန်မာ့ အလင်းသတင်းစာတွင် နေပြည်တော်- ရန်ကုန် အမှတ်(၃၂) အစုန်ရထားပေါ်၌ ယမန်နေ့က နှစ်လက်မခွဲ ပတ်လည် ချိန်ကိုက် မိုင်းတစ်လုံးတွေ့ရှိခဲ့ကာ ယင်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) အဖွဲ့၏ လက်ချက်ဖြစ်သည်ဟု ဖော်ပြထားသည်။
 

ယင်းဖော်ပြမှုကို မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဥက္ကဋ္ဌ ကိုသံခဲက ယခုလို တုံ့ပြန်ပြောဆိုလိုက်သည်။

“သတင်းစာမှာပါတဲ့ အများပြည်သူလူထု စုဝေးနေတဲ့ နေရာတွေမှာ အထိတ်တလန့်တွေ ဖြစ်အောင် နောက်တခုက ခြိမ်းခြောက်မှုတွေဖြစ်အောင် ဖောက်ခွဲဖျက်ဆီးမှုတွေကို ABSDF ကနေပြီးတော့ ကြံ စည်ဆောင်ရွက်နေတယ်ဆိုတာဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်ပဲ ဖြစ်ပါတယ်။”   

ယင်းသည် လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး အခြေအနေအားအာရုံပြောင်းစေရန် စစ်အစိုးရက ဖန်တီး ခြင်းသာဖြစ်ပြီး သတင်းစာ၌ဖော်ပြထားသည့် ပြည်သူ့တိုက်ပွဲ မြှင့်တင်ရေးကော်မတီ ဆိုသည့်အဖွဲ့မှာလည်း ဖွဲ့ စည်းထားခြင်းမရှိဟု ၄င်းက ဆက်ပြောသည်။

“ဒီနေ့ နိုင်ငံရေး အခြေအနေဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြည်သူလူထုနဲ့ ကျောင်းသားလှုပ်ရှားမှုတွေ အရှိန်မြှင့်နေတဲ့အချိန်ဖြစ်ပါတယ်။ ဒီအပေါ်မှာ နအဖက သူတို့ကိုယ်တိုင် မမှန်မကန်သတင်းတွေကိုဖြန့်ဝေတယ်။ ခြိမ််းခြောက်အနိုင်ကျင့်မှု တွေလုပ်နေတယ်။ အထိတ်တလန့် တွေဖြစ်အောင်လုပ်ဖို့အတွက် အခုလိုမျိုး သတင်းတွေကို ဖန်တည်းပြီးတော့ လုပ်ဆောင်ရခြင်းဖြစ် တယ်။ နောက်တချက် ကတော့အဲဒီထဲမှာပါတဲ့ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကော်မတီကို ABSDF က နေဖွဲ့တယ်။  အဲဒီအဖွဲ့က နေပြီးတော့မှ ဒီခြိမ်းခြောက်တဲ့လုပ်ငန်းတွေ၊ ဖောက်ခွဲတဲ့လုပ်ငန်း တွေ ကို လုပ်မယ်ဆိုတဲ့ စွပ်စွဲချက်ဟာ တဖက်သတ်စွပ်စွဲချက်ဖြစ်တယ်။ ကျနော်တို့ဆီမှာ ဒီလိုကော်မတီမျိုး လည်း မရှိပါဘူး။”

အထက်ပါသတင်း၌ ဖောက်ခွဲဖျက်ဆီးရေး၊ နိုင်ငံတော်ဆန့်ကျင်ရေးသင်တန်းများအား မြန်မာနိုင်ငံ ဒီမိုကရက် တစ်အင်အားစု FDB (Forum for Democratic in Burma) အဖွဲ့၏ ကြီးကြပ်စီစဉ်မှုဖြင့် အခြားဖောက်ခွဲဖျက်ဆီး မှုများ ပြုလုပ်ရန် ဆောင်ရွက်လျှက် ရှိသည်ဟု ဖော်ပြပါရှိသည်။

FDB အဖွဲ့အထွေထွေအတွင်းရေးမှုးချုပ် ဒေါက်တာနိုင်အောင်က  ၎င်းတို့အဖွဲ့ အနေနှင့် အကြမ်းမဖက်သည့် လူထုလှုပ်ရှားမှုကို ထောက်ခံပံ့ပိုးသွားရန်နှင့် ငြိမ်းချမ်းစွာ အသွင်ကူး ပြောင်းရေးမူ အရသာ လူပ်ရှား ဆောင်ရွက်် သွားမည်ဟု ပြောသည်။

စစ်အစိုးရမှ ယခုလိုပြောဆိုခြင်းသည် ပြည်တွင်းပြည်ပရှိအတိုက်အခံအဖွဲ့အစည်းများအား ဖြိုခွဲရန် အစီအစဉ် ချ၍ဆောင်ရွက်ခြင်းဖြစ်ပြီး နိုင်ငံတကာနှင့် ပြည်သူလူထုအား လှည့်စားခြင်းသာဖြစ််သည် ဟု ၎င်းကဆက် ပြောသည်။

“အဲတာက ဘာလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလိုမျိုး မတရားအမှုဆင် ဖမ်းဆီးဖို့၊ အ ကျဉ်းချဖို့ လုပ်နေတဲ့ ကိစ္စ အပါအဝင် NLD ကိုဖြိုခွဲဖို့ လုပ်နေတဲ့ ကိစ္စအပါအဝင်၊ နောက် အပစ်ရပ် တိုင်းရင်းသားအင်အားစုတွေကို ဒီ လက်နက်ဖြုတ်သိမ်း ဖို့ ကြံစည်နေတဲ့ကိစ္စ၊ နောက် BLC အပါအဝင် အတိုက်အခံ အင်အားစုတွေကို မတရားအသင်းကြေညာတဲ့ ကိစ္စ၊ ဆိုတော့အဲဒီကိစ္စ တွေအားလုံးက အစီအစဉ်တကျနဲ့ဆောင်ရွက်နေတဲ့ကိစ္စတွေ ပဲဖြစ်ပါတယ်လို့ ကျနော်ကပြောချင်ပါတယ်။ အခုလို စွပ်စွဲ နေတဲ့ ကိစ္စကကျနော်တို့အနေနဲ့ လုံးဝမဟုတ်ပါဘူး။ မူလည်းမရှိဘူး။ လုပ်ငန်းစဉ်လည်းမရှိဘူး။ နောက်အခုလိုလုပ်ဆောင်နေတာကလည်း နိုင်ငံတကာနဲ့ ပြည်တွင်းကပြည်သူတွေကို မျက်စိလည် လမ်းမှားအောင် သက်သက်မယ့် အပုပ်ချလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက် ဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရသည် မြန်မာပြည်အတွင်း ဗုံးပေါက်ကွဲမှုများဖြစ်သည့်အခါတိုင်းတွင် နယ်စပ်အခြေစိုက် လက်နက် ကိုင်အဖွဲ့များနှင့် မြန်မာအတိုက်အခံအဖွဲ့အစည်းများ၏ လက်ချက်ဟု ပြောဆိုလေ့ရှိပြီး နယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့များနှင့် မြန်မာ အတိုက်အခံအဖွဲ့အစည်းများကလည်း အစဉ်တစိုက် ငြင်းဆိုလေ့ရှိသည်။ သို့သော် ဗုံးပေါက်ကွဲမှုများတွင် ဖောက်ခွဲသည့်တရားခံကို မြန်မာအာဏာပိုင်များက ထုတ်ဖော် ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။

Most read this week