မောင်တောတွင် ရခိုင်တိုင်းရင်းသားများမှာ ရွာပျက်သည်အထိ စွန့်ခွာလာကြဟုဆို

မောင်တောတွင် ရခိုင်တိုင်းရင်းသားများမှာ ရွာပျက်သည်အထိ စွန့်ခွာလာကြဟုဆို
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းကျေးရွာများတွင် နေထိုင်သောရခိုင်တိုင်းရင်းသားများသည် ၂၀၁၂ ခုနှစ်နောက်ပိုင်းမှ စတင်၍ နေအိမ်စွန့်ခွာပြောင်းရွှေ့မှုများရှိလာပြီး ရွာပျက်သည်အထိ ဖြစ်နေသည်ဟု စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကိုပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်အရေးပေါ်ညှိနှိုင်းရေးအဖွဲ့ဝင်များက ဦးဆောင်၍ မောင်တောမြောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားကျေးရွာများကို စက်တင်ဘာလမှစတင်၍ မှတ်တမ်းတင်ရိုက်ကူးမှုများ ပြုလုပ်လျက်ရှိသည်။

“အိမ်ခြေရာနဲ့ချီပြီးရှိခဲ့တဲ့ ရခိုင်ရွာကြီးတွေ ရွာလုံးကျွတ်ပြောင်းသွားကြတဲ့အထိ ရှိတယ်။

စစ်တွေမြို့၊ စက်ရုံရပ်ကွက်အတွင်း ရခိုင်အမျိုးသမီးတစ်ဦးကို တွေ့ရစဉ်။ ပြည်နယ်မြောက်ပိုင်းရှိ ရခိုင်ကျေးရွာအချို့ လုံခြံုရေးကြောင့် ရွှေ့ပြောင်းမှုများ ရှိနေသည်။ (ဓာတ်ပုံ - အီးပီအေ)

တချို့လည်းတစ် အိမ်တည်းကျန်ခဲ့တယ်” ဟု မောင်တောမြောက်ပိုင်းရှိ ရခိုင်တိုင်းရင်းသားများ၏ နေထိုင်မှုအခြေအနေများ ကို ဦးဆောင်ကောက်ခံနေသော စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မဇ္ဈိမကို ပြောသည်။

ထိုသို့ပြောင်းရွှေ့မှုများမှာ ကျေးရွာအတွင်း ဘင်္ဂါလီလူဦးရေ ပိုများလာခြင်း၊ အနီးပတ်ဝန်းကျင်ရှိ ဘင်္ဂါလီ ကျေးရွာများက လူဦးရေများပြားလာခြင်းနှင့်အတူ နှစ်ဖက်ပဋိပက္ခနောက်ပိုင်းတွင် နေထိုင်ရန် စိုးရိမ်မှုများ ရှိလာခြင်းကြောင့်ဟုလည်းဆိုသည်။

မောင်တောမြို့နယ် မြောက်ပိုင်းကျေးရွာများတွင် ပြောင်းရွှေ့မှုအများဆုံးဖြစ်ပေါ်လျက်ရှိပြီး မောင်တောမြို့ ပေါ်နှင့် အခြားသောဒေသများကို ပြောင်းရွှေ့နေထိုင်ကြသည်ဟု ဆိုသည်။မောင်တောမြို့နယ်အတွင်းရှိ ပီးယေကျေးရွာ၊ အထက်ပြူးမ၊ သရက်အုပ်ကျေးရွာ အပါအဝင်ကျေးရွာ ၁၀ ကျော်ကို မှတ် တမ်းရိုက်ကူးပြီး ဖြစ်သည်။ ထို ၁၀ ကျော်တွင် ရွာလုံးကျွတ်ထွက်ခွာသွားသည့် ကျေးရွာများလည်း ပါ၀င်နေသည်ဟုဆို သည်။

မောင်တောမြို့နယ်တွင် ကျေးရွာအုပ်စု ၁၀၉ အုပ်စုရှိပြီး ကျေးရွာပေါင်း ၃၄၈ ရွာရှိသည်ဟု မောင်တောမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးကြည်စန်းကဆိုသည်။ထို့ပြင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ စာရင်းအရ အိမ်ခြေအနည်း ဆုံးဖြစ်သော ရခိုင်(မြို)တိုင်းရင်းသားများနေထိုင်သည့် မြိုသစ်ကျေးရွာတွင် အိမ်ခြေ ၁၈ အိမ်ရှိသည်ဟု ဦးကြည်စန်းက ပြောသည်။

“စွန့်ခွာမှုတွေများတယ်ဆိုတာ အလုပ်အကိုင်ပေါ်လည်းမူတည်တယ်၊ တချို့ကတော့ လုံခြံုရေးကြောင့် လည်းပါတယ်” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ပြောသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ရခိုင်တိုင်းရင်းသားများသည် မိမိတို့၏နေရပ်ကို စွန့်ခွာသွားရန်မသင့်ကြောင်း၊ အစိုး ရကလည်း ၎င်းတို့၏လုံခြံု ရေးကို အကာအကွယ်ပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင် တာတွင် ဇွန်လအတွင်းက မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားထားသည်။

ထို့ပြင် ရခိုင်ပြည်နယ်တွင် အကူအညီပေးရေးလုပ်ငန်းများ လုပ်ကိုင်ရာ၌ ဖွံ့ဖြိုး မှုအားနည်းသော ရခိုင်တိုင်းရင်းသား ကျေးရွာများကိုလည်း ကူညီမှုများပြုလုပ်ကြရန် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များကို တောင်းဆိုထားသည်။ လက်ရှိတွင် မောင်တောမြို့နယ်ရှိ အစိုးရဝန်ထမ်းများကို လုံခြံုရေးသတိရှိကြရန် ခရိုင်အုပ်ချုပ်ရေးမှူးရုံးက စက်တင်ဘာလ က သတိပေထားသည်။

Most read this week